♥2♥ "The Old Time"

200 15 0
                                    

Genre - Sad Apologist....

............
"ဟား..ဟား Chan ​တော်​​တော့ကွာ~"

အိပ်​ယာ​ပေါ်က ​ကောင်​​လေး က သူ့ကိုကလိထိုး​နေတဲ့ ​ကောင်​​လေး ကို​အော်​​ပြောလိုက်သည်​။

ထိုပုံရိပ်​ကိုကြည့်​ရင်း Chanyeol မျက်​ရည်​တစ်​​ပေါက်​ဟာ ထိုပုံရိပ်​နဲ့အတူ လွင့်​ထွက်​သွားခဲ့သည်​။

"Chanyeol?"

သူ့နာမည်​​ခေါ်သံကြားတာ​ကြောင့်​ အ​နောက်​လှည့်​ကြည့်​လိုက်​သည်​။

"Lay Hyung"

"မနက်​ကျရင်​ Show case ရှိတယ်​​နော်​ အိပ်​​ရေးပျက်​မခံနဲ့ ​စော​စောအိပ်​​တော့"

"Nae Hyung"

Lay Hyung ရဲ့ ​ပြောစကား​ကြောင့်​ အိပ်​ရာ​ပေါ်သို့သွားကာ လှဲချလိုက်​ပြီး ​ဘေး​နေရာ​လေးက အိပ်​ရာခင်း​လေးကို တစ်​ချက်​ပွတ်​ကာ နှုတ်​ဖျားကထွက်​လာတဲ့ မြတ်​နိုးရသူနာမည်​​လေး....

"Baek~"

..........

"We are one!"

အော်​သံတစ်​ခုရဲ့အဆုံးမှာ ကျွန်​​တော်​တို့ကို ချစ်​ကြတဲ့ ကျွန်​​တော်​တို့တန်​ဖိုးထားရတဲ့ EXO-L ​လေး​တွေရဲ့ ချိုသာ​သော ​အော်​သံ​လေး​တွေပျံ့နှံ့လာခဲ့သည်​။

"အခုက​တော့ Q & A Time ပါ​နော်​"

Suho hyung ရဲ့​ကြေညာသံအဆုံးမှာ L ​လေး​တွေရဲ့​ပျော်​ရွှင်​သံက ကျွန်​​တော်​တို့ကို အတိုင်းမသိဝမ်းသာမိ​စေပါသည်​။

အ​ရှေ့က Hyung ​တွေအားအကုန်​​မေးပြီးသွား​တော့ ကျွန်​​တော့်​အလှည့်​​ရောက်​လာခဲ့သည်​။

"No.614"

ကျွန်​​တော့်​​ခေါ်သံအဆုံးမှာ ​ကောင်​​လေးတစ်​​ယောက်​ ထွက်​လာတယ်​။ အ​ဝေးကြီးကမို့ မျက်​နှာကို​သေ​သေချာချာ​တော့ မမြင်​ရ။ အနီနား​ရောက်​​တော့ ထို​ကောင်​​လေးကိုတစ်​ချက်​ငြုံ့ကည့်​လိုက်​သည်​။

ကောင်​​လေးသည်​ မျက်​နှာကို Mask အုပ်​ထားသည့်အပြင်​ မျက်​နှာကိုငုံထား​တော့ ​သေ​သေချာချာမမြင်​ရ

"​မော့ပါဦး​ကောင်​​လေးရဲ့"

ကျွန်​​တော့်​ရဲ့အသံက မိုက်​က​နေတဆင့်​စီးဆင်းသွားသည်​။ထိုအခါ​ကောင်​​လေးသည်​လန့်​သွား၍ တစ်​ချက်​တုန်​တက်​သွားသည်​။

Chanbaek CollectionWhere stories live. Discover now