Part_13

479 63 46
                                    

*BitterSweet*


တိတ်ဆိတ်နေတဲ့ ကားအတွင်းမှာ..ငြိမ့်ညောင်းလွန်းတဲ့ သီချင်းသံကသာ လွှမ်းမိုးထားသည်။..
မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ မောင်းနှင်နေပင်မယ့်..နောက်ဆုံးပေါ်ဈေးမြင့်ကားကြီးဖြစ်တာကြောင့်..ဇိမ်တော့ကျ၏။...
ပေါ့ရှန်ရဲ့သစ္စာရှိလွန်းတဲ့ မျက်လုံးတွေဆိုသည်မှာလည်း တဖြည်းဖြည်း မှိတ်ဆင်းနေချင်ပြီ။ ဒီလိုတော့ မဖြစ်သေးပါ...ပေါ့ရှန် သူ့ဘေးက ကားမောင်းနေတဲ့ လူကြီးကိုတော့ မေးသင့်တာ မေးရမည်။

"အကို ချန်းယော်လ် ဂျယ်ဂျူသွားမယ်ဆိုလည်း ကြိုပြောသင့်တယ်လေဗျာ.. အခုတော့ ဝတ်စရာ အဝတ်လည်းမပါဘူး. ပိုက်ဆံလည်းမပါဘူး..ဖုန်းတောင် ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားလို့ပါတာ "


"ဘာမှစိတ်ပူမနေနဲ့ ဂျယ်ဂျူမြေက အဖိုးမြေ မင်းဘာမှမပါလည်းရတယ် "

ကားကို အာရုံစူးစိုက်ပြီး မောင်းနေရင်း ကြွားပြီးဖြေလိုက်တဲ့ ချန်းယော်လ်အဖြေကိုကြားတော့ ပေါ့ရှန် နှာခေါင်းရှုံလိုက်မိသည်။

"ဒါပင်မယ့်..အမေတို့ကိုလည်း မပြောခဲ့ရဘူးလေ..ပြီးတော့..ကျွန်တော် ဒီအဝတ်အစားကြီး ဝတ်ပြီး ထိုင်နေရတာ သက်တောင့် သက်သာမရှိဘူးဗျ "

ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အနောက်တိုင်းဝတ်စုံကို လက်ညိုးထိုးပြရင်း အလိုမကျသလိုပြောလိုက်မိသည်။

"မင်းတစ်ယောက်ထဲမဟုတ်ပါဘူး..ငါလည်းစိတ်ကျဉ်းကျပ်တယ်ကွ "

နှစ်ယောက်လုံး မင်္ဂလာဆောင်ကနေတန်းထွက်လာတာကြောင့်..အဝတ်အစားက မလဲခဲ့ရ။...ပတ်ခ်ချန်းယော်လ်လည်း အပေါ်ကုတ်ကိုချွတ်ထားတဲ့အပြင်..အောက်ခံရှပ်အဖြူကို ရင်ဘတ်က ကြယ်သီးတွေဖြုတ်ထားလေသည်။

"အဲ့တာကြောင့် ကျွန်တော်ပြောတာပေါ့ အိမ်ပြန်ပြီး အဝတ်အစားလဲ အထုတ်အပိုးတွေယူပြီးမှ သွားလည်းရတာကို ဘာလို့တအားလောနေရတာလဲ "

"Tsk.. ဘတ်ခ်ဟွန်းရာ ရာသီဥတုက အိုက်စပ်စပ်ဖြစ်နေပါတယ်ဆိုမှ.. မင်းကပါ ပေါက်ပေါက်ဖောက်နေသေးတယ်"

 BitterSweetWhere stories live. Discover now