Chapter 4

13.1K 1.2K 9
                                    

နန်း​တော်​တံတိုင်းကြီးကို ​ခေါင်း​မော့ကြည့်​ရင်း Luli အံ့သြစွာ​ရေရွတ်​လိုက်​မိသည်။

" ​ဝါးးး ခမ်းနားလိုက်​တာ။ "

တံခါး​စောင့်​​တွေက Chaiအိမ်​​တော်​ရထားလုံးဆိုက်​လာတာမြင်​တာနဲ့ ချက်​ချင်းအရိုအ​သေ​ပေးကာ နန်းမြို့ရိုးတံခါးကိုဖွင့်​​ပေးသည်။

" စစ်​သူကြီးကို အရိုအ​သေပြုပါတယ်​။ Chaiသခင်​မကို အရိုအ​သေပြုပါတယ်​။ "

Chaiသခင်​မအတူပါလာတာကိုမြင်​ကြ​တော့ တစ်​ဆက်​တည်းဂါဝရပြုကြသည်။ Luli စိတ်​လှုပ်​ရှားစွာရင်​ဘတ်​​ပေါ်လက်​တင်​လိုက်​သည်။

" အခုဘုရင်​မင်းမြတ်​ကိုသွား​တွေ့ရမှာ​ပေါ့​နော်​။ စိတ်​လှုပ်​ရှားလိုက်​တာ။ "
" မင်းကြီးက ​ဖော်​​ရွေပါတယ်​။ သူ့ပုံစံကအသက်​ကြီးကြီး လူအိုကြီးလိုပဲ။ "
" အို.. မင်းကြီးကိုဘယ်​လို​ပြောလိုက်​တာလဲ။ သူကရှင့်​အ​ဖေမဟုတ်​ဘူး​နော်​။ မထီမဲ့မြင်​မ​ပြောနဲ့။ "

Chai Shilin သူ့​ရှေ့တည့်​တည့်​မှာ ဆူပူဆုံးမ​နေသူကို လျစ်လျူရှုကာ နန်း​တော်​ထဲကိုအာရုံစိုက်​ထား​တော့သည်။ သူလူမှန်းသိတတ်​တဲ့အရွယ်​ကတည်းက ဘုရင်​ဆိုတဲ့လူကြီးနဲ့ ရင်းနှီးခဲ့ရ၏။ အိမ်​​ရှေ့စံတို့မိသားစု၃​ယောက်​ ဆုံးပါးသွားလို့ပူ​ဆွေး​သောက​ရောက်​​နေတဲ့ ဘုရင်​ကြီးက Chai Shilin သူ့အ​ဖေစစ်​သူကြီးနဲ့အတူ နန်းတွင်း​ရောက်​လာ​တော့ သူတို့​မေတ္တာကိုအလုံးစုံရသွား​တော့တာပဲ။ မင်းကြီးရဲ့နန်းဆောင်မှာ သူကစားခဲ့၊ စာ​ပေသင်​ယူခဲ့ရသည်။ မင်းညီမင်းသား​တွေတက်​တဲ့ ​တော်​ဝင်​​ကျောင်းမှာစာသင်​ခဲ့ရသည်။ စစ်​တပ်​ထဲ​ရောက်​​တော့လည်း ပြိုင်​ဘက်​​တွေကိုအနိုင်​ယူနိုင်​​အောင်​ မင်းကြီးကိုယ်​တိုင်​ သင်​ယူပြသ​ပေးခဲ့သည်။ စစ်​သူကြီးရာထူးအထိ အ​ဖေကလွဲလို့သူ​ဘေးမှာမားမားမတ်​မတ်​ ရှိ​နေ​ပေးတာ မင်းကြီးတစ်​ဦးတည်းသာ။

" အထိန်း​တော်​ချုပ်​ကြီး ... မင်းကြီးထံ အခစားဝင်ပါရစေ။ "

အထိန်း​တော်​ချုပ်​ကြီးဆီမှာ ခွင့်​​တောင်းလိုက်​​တော့ ကြည်​ဖြူစွာအ​ဆောင်​​တော်​ထဲ​ခေါ်သွားသည်။ Luliကိုလည်း လှည့်​ကြည့်​ရင်းပြုံးရုံ​လေးပြုံးပြသည်။ ဘုရင်​မင်းမြတ်​နား​နေ​ဆောင်နား​အ​ရောက်​မှာ အထိန်း​တော်​ချုပ်​ကြီး အထဲကိုအသံပြုလိုက်​သည်။

My Rude Husband ( Zawgyi and Unicode )Unde poveștirile trăiesc. Descoperă acum