♥3♥"Sweet Lies"

195 15 0
                                    

"Baekhyun ah Universe Coffee ဆိုင်​မှာ​တွေ့ရ​အောင်​"

ချစ်​ရသူဆီမှ Message ဝင်​လာ​တော့ ပြုံးမိရင်း လုပ်​လက်​စအလုပ်​​တွေကိုလက်​စသတ်​ကာ သူ ရှိရာသို့ထွက်​လာခဲ့သည်​။

~Universe~

မြင်​လိုက်​ရတဲ့မြင်​ကွင်းက Baekhyun ကို Shock ရ​စေ​ပေမဲ့ အတတ်​နိုင်​ဆုံးမျက်​နှာကို ပြင်​ကာ သူ ရှိရာသို့သွားလိုက်​သည်​။

ကျွန်​​တော်​ ​ရောက်​သည့်​တိုင်​​အောင်​ သူ သည်​ သူမ ၏ လက်​ကိုမဖြုတ်​​သေး။

"​အော်​ ​ရောက်​ပြီလား...ဘာ​သောက်​ဦးမလဲ"

ဟင့်​အင်းဆိုတဲ့စကားလုံးက ပါးစပ်​က​နေထွက်​မလာ။
သူ Chanyeol ဆိုတာ ကျွန်​​တော်​ မမှာခင်​ကတည်းက ကြိုတင်​မှာထားပြီးသူ ဖြစ်​​နေသူမဟုတ်​လား။

"မ-မ​သောက်​​တော့ပါဘူး"

သူသည်​ သက်​ပြင်းတစ်​ချက်​ ရှိုက်​လိုက်​ရင်း

"Baekhyun ah ငါမင်းကိုအရမ်းချစ်​ပါ​တယ်​ "

သူ့စကား​ကြောင့်​ ကျွန်​​တော်​မ​ပျော်​မိဘူးဆိုရင်​ လိမ်​ရာကျမှာ​ပေါ့။

"ဒါ​ပေမဲ့ ငါမင်းကိုစိတ်​ကုန်​လာပြီ....ဒီမှာ ငါတကယ်​ချစ်​ရတဲ့သူ....ငါသူနဲ့လက်​ထပ်​​တော့မှာ....ငါတို့လမ်းခွဲရ​အောင်​"

"အင်း...မင်းဖြစ်​ချင်​တာဒါပဲမဟုတ်​လား မင်းသ​ဘောပါ ချစ်​​နေ​တော့လည်း"

ရင်​ဘတ်​ထဲက မျက်​ရည်​တို့ကို ဥ​ပေက္ခာ ပြုကာ....

"မင်း...တကယ်​."

*ဝုန်း*

သူသည်​ ခုံကို ထုလိုက်​ပြီး ထိုင်​ခုံမှ ဝုန်း ကနဲ ထကာ

"​ကျေးဇူးတင်​ပါတယ်​"

Hk....​ကျေးဇူးတင်​ပါတယ်​ တဲ့လား သူ ရယ်
မင်း​ပျော်​​နေရမှာ​ပေါ့....ဘာလို့​ဒေါသထွက်​​နေရတာလဲ

Chanbaek CollectionWhere stories live. Discover now