Falling Crazy in Love

815 73 22
                                    

"မင်္ဂလာပါ ကျွန်မနာမည် Im Yoona ပါ"

အားအင်အပြည့်နှင့်လန်းဆန်းတက်ကြွနေတဲ့အသံ။တစ်နည်းအားဖြင့်ပြောရမယ်ဆိုကျယ်လောင်လွန်းတဲ့အသံကြောင့်ကျွန်မရဲ့ဆွဲလက်စပန်းချီကားအပေါ်ဈာန်ဝင်စားမှုတွေလွင့်ပျောက်သွားရသည်။

ဟုတ်ပါသည် အလုပ်တစ်ခုကိုစိတ်ပါဝင်စားနေသည်ဆိုပါကထမင်းမေ့ဟင်းမေ့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားရအောင်ဖန်တီးပစ်လိုက်သောသူမ၏စိတ်တည်ငြိမ်မှုသည် ထိုကျယ်လောင်စူးရှသောအသံကြောင့်ပျက်ပြားသွားရတော့ စိတ်ထဲသိပ်ဘဝင်မကျ။အသံလာရာဆီသို့မော့ကြည့်လိုက်တော့ ပုခုံးနားသာသာတွင်ဝဲကျနေသောဆံပင်၊ဖြူစင်ဝင်းမွတ်နေသောအသားအရေနှင့် သေချာကြည့်ပါက ကလေးရုပ်မပျောက်သေးသောပိန်သွယ်သွယ်အရပ်မြင့်မြင့်ကောင်မလေးတစ်ယောက်။ဘဝင်မကျလို့လားပဲမသိ သူမသတိထားမိတော့တစ်ကိုယ်လုံးခြုံငုံသုံးသပ်ပြီးရုံမကစိတ်ထဲမှာပင် နာမည်ပြောင်တောင်ပေးလိုက်ပြီးသည်ပင်။'အရိုး' ဟူသတက်။

စာသင်နှစ်၏အစဖြစ်သောဤရက်ပိုင်းမျိုးတွင် ကျောင်းရှိအသင်းအဖွဲ့တော်တော်များများ၌ ဤကဲ့သို့အသင်းဝင်အသစ်များအများအပြားဝင်ရောက်လာလေ့ရှိသည်။ပြောရမည်ဆိုလျှင် ပထမနှစ်ကျောင်းသားများဖြစ်သောကြောင့် တက္ကသိုလ်စရောက်သည့်အချိန်တွင် ရည်မှန်းချက်အပြည့်ဖြင့်ပျော်ချင်တိုင်းပျော်နေကြသည့်အချိန်မဟုတ်ပါလား။ထိုနည်းတူ ကိုယ်ဝါသနာပါရာ ဂီတ၊ ပန်းချီ၊ ပြဇာတ်၊ စာပေ စသည့်အသင်းအဖွဲ့များသို့အလုအယက်ဝင်ရင်းတက်ကြွနေကြပေသည်။သူမတို့တုန်းကလည်းထိုနည်းတူစွာပင်။

ယခုလဲ သူမတို့ Drawing Club သို့အသင်းဝင်အသစ်များကိုခေါင်းဆောင်မှမိတ်ဆက်ပေးနေခြင်းဖြစ်သည်။ကျောင်းသားသစ်များစတင်မိတ်ဆက်နေစဉ်ကသူမသတိထားလိုက်မိသလိုရှိသော်လည်း နောက်ဆုံးတွင်နေရာယူထားသောသူမ လုပ်နေသောအလုပ်ကိုသာအာရုံစိုက်လိုက်သောအခါ ဘာကိုမှအလေးမထားမိ။ထိုအသံကိုမကြားမိခင်အချိန်ထိပေါ့။

××××××××××××××××

"Unnie! Unnie!!!"

သူမခေါ်နေတာနှစ်ခါရှိသော်လည်း တစ်ဖက်မှမကြား။
ခုနကလည်းငေးနေတာ ခုလဲဘာတွေတွေးနေမှန်းမသိပြန်ဘူး။Yoonစိတ်ထဲမှာပြောလိုက်မိသည်။

Falling Crazy In LoveWhere stories live. Discover now