Type- Angst, Fluff, Gang, Violence
Ship- Vkook
By- babe_taebearJeongguk~
" Jeongguk ~ ပြန်မလာတော့မယ့် လူတစ်ယောက်အတွက်
ခံစား မနေနဲ့တော့...သူ့ ကို မေ့လိုက်သင့်ပြီ "Namjoon hyung ရယ့် စကားကြောင့် ကျွန်တော် လက်ထဲက
Wine ပုလင်းကို ကြည့်နေရင်းမှ ခါးသီးစွာဖြင့် ရယ်လိုက်မိသည်~
Namjoon hyung နားမလည်ပါဘူး...ကျွန်တော်ဘယ်လို ခံစား
နေရတယ်ဆိုတာ....သူ ထွက်သွားတယ့် အချိန်ကတည်းက သေမတတ်
နာကျင်နေရယ်ဆိုတာ....Hyung လည်း မသိသလို အခြား မည်သူမှလည်း သိနိုင်မည်မထင်ပါ~
သူ တောင် သိမည် မထင် ~ သိရင်လည်း သိမှာပေါ့....သိရက်နဲ့
ထားသွားခဲ့တာလည်းဖြစ်နိုင်တာပဲ!ကျွန်တော့်ထက် သာတယ့် လူနောက်ကို လိုက်သွားခဲ့တယ့် သူ့
ကို ကျွန်တော် မုန်းလိုက်ချင်ပြီ~ဒါပေမယ့် ကျွန်တော် မုန်းမရဘူး~ သူ့ရယ့် အသံလေး သူ့ရယ့်
လေးထောင့်ဆန်ဆန် အပြုံးလေး~ သူ့ရယ့် ကြွေရုပ်လေးလို
လှသော မျက်နှာလေး ~ သူ့ရယ့် အရာရာတိုင်းကိုကျွန်တော်
အချိန်တိုင်း စက္ကန့်တိုင်း လွမ်းနေမိသည်....ကျွန်တော့်ဦးနှောက်က ထားသွားခဲ့နိုင်သော သူ့ကို မုန်းပါလို့
ပြောနေပေမယ့် နှလုံးသားက လက်မခံပါ ~ အကြိမ်ကြိမ်
ငြင်းဆန်နေတော့သည်....သူဆိုတာ ကျွန်တော့်နှလုံးသားရယ့်
အနက်ရှိုင်း ဆုံးနေရာမှာ နေရာယူထားသူဖြစ်သည်....." Jeongguk မင်းကို ပျော့ညံ့လို့ ထားသွားခဲ့တာ ~ မင်း
ဒီအတိုင်းပဲနေ နေတော့မှာလား? "Namjoon hyung ရယ့် စကားသည် ကျွန်တော့် နားထဲ၌
ပဲ့တင် ထပ်သွားသည်.....ကျွန်တော်လည်း လက်ထဲက Wine ပုလင်းကို ပစ်ချလိုက်ရင်း
မတ်တပ်ရပ်ကာ အခန်းထဲက ထွက်လာခဲ့သည်....ကျွန်တော် သေချာပေါက် ဩဇာ အာဏာ အရှိဆုံးလူဖြစ်လာရမည် !!
♤Enternity♤
Taehyung~