အမုန်းတရား

364 13 0
                                    

"ကျွီ..."
နောက်ဆုံးတော့လည်းတန်ကြေးကရောက်လာပြီပဲ။
"မိဖုရားခေါင်ကြီးကိုဂါရဝပြုပါတယ်"အစေခံတွေအရိုအသေပေးကြသည်။
ထိုသူကတော့သူမ၏ကြီးကျယ်မြင့်မြတ်လှသောကျင်းအိမ်တော်၏သမီးကညာ၊ တိုင်းပြည်မိခင် မိဖုရားခေါင်ကြီးဖြစ်တဲ့ သူမရဲ့ညီမငယ်လေး ကျင်းရီယောင်း ပါပဲ
"ဟွန့်....နင်လဲပါလာတာကိုး ဘာလဲ ငါသေလားမသေလားလာစစ်ဆေးတာလား"ကျင်းရီလင်း ဆိုရင်း
"အစ်မနင် နင့်ထက်ကြီးတဲ့ မိဖုရားခေါင်ကြီး ငါ့ကို အရိုအသေပေးတယ်လေ။ ဘာပဲဖြစ်ဖြစ်နင်ကငါအစ်မပဲ နင့်နောက်ဆုံးခရီးကိုတော့ ငါအတည်ပြုသင့်တာပေါ့ အဲ့တာမှ အဖေရော၊ မင်းကြီးပါစိတ်ချမ်းသာကြမှာလေ။" သူမရဲ့ ဖျော့တော့သောနှုတ်ခမ်းဖျားလေးမှ
"သူမလာဘူးလား"
"အစ်မ နင့်ကြောင့် သူညည ကောင်းကောင်းအိပ်မပျော်နိုင်ရှာဘူး။ ဧကရာဇ်ကို ညိုစိတ်ညိုညင်အောင်လုပ်တာ ဘယ်လောက်အပြစ်ကြီးလဲ နင်သိသားပဲ နင်မျက်နှာမြင်ရင် သူစိတ်စိုးလိမ့်မယ် အဲတာကြောင့် သူလာမှာမဟုတ်ဘူး"
ကျင်းရီယောင်း သူမကလှတယ် တစ်တိုင်းပြည်လုံးက ယောက်ျားသာတွေ အာရုံကိုဖမ်းစာနိုင်တဲ့ မိန်းမလှလေးလေ
ဒါကြောင့်ပဲ အဲ့ယောက်ျားကို ဆွဲဆောင်နိုင်တာပေါ့
"နင့်နောက်ဆုံးခရီးကို ငါကိုယ်တိုင်ရောက်လာတာ နင်ဂုဏ်ယူသင့်တယ်။ နောက်ပြီး ငါနင့်အမှန်တရား တစ်ချို့ကိုလည်းပြောပြအုံးမယ်။ သမားတော် ကပြောတယ် ငါ့မှာကိုယ်ဝန်ရှိနေပြီတဲ့ အရှင်ကလည်း အရမ်းပျော်နေတယ် နင်ကလေးအတွက်တော့ ငါစိတ်မကောင်းပါဘူး။ နင်ကိုယ်ဝန်ရှိတုန်းက နေ့တိုင်းသောက်ခဲ့တဲ့ဆေးက အဆိပ်လေ အဲ့အဆိပ်ကို အဖေကိုယ်တိုင်ရှာပေးခဲ့ပြီး အရှင်ကနင့်ကိုတိုက်ဖို့ အမိန့်ပေးခဲ့တယ်လေ။ သနားစရာ နင်လဲနင့်အမေလို အသုံးချခံ သက်သက်ပဲ။ အခုတော့ ငါတို့နင့်ကို မလိုတော့ဘူး နင်သေလို့ရပြီ"သူမ ပြုံးလျက်စကားဆိုနေတုန်း အစေခံငယ်လေးက ရီယောင်းအနားကိုရောက်တော့ အရိုအသေ ပေးပြီး "မိဖုရားကြီး အရှင်မင်းကြီးကမိဖုရားကြီးကို နန်းဆောင်ကို ပြန်လာဖို့ မိန့်လိုက်ပါတယ် နောက်ပြီးမသန့်ရှင်းတဲ့နေရာတွေကို မသွားဖို့လဲပြောလိုက်ပါတယ်။"
"ငါနင်သေတာကို မကြည့်နိုင်တော့တာ စိတ်မကောင်းပါဘူး။ သူငါ့ကိုခေါ်နေပြီငါသွားတော့မယ် နောင်ဘဝကျရင် ကောင်းကောင်းရှင်သန်ပါ။" ရီယောင်း ရဲ့စကားအဆုံးမှာတော့ ကျွန်မရဲ့ဆုလာဘ်ဖြစ်တဲ့အဆိပ်ကို ကျွန်မသောက်သုံးခဲ့တယ်။ အကယ်၍များ နောင်ဘဝ ဆိုတာသာရှိခဲ့ ကျွန်မ ကလဲ့စားချေ ခွင့်ရပါရစေ။

အမုန်းဧကရီWhere stories live. Discover now