(စ/ဆုံး)

6.6K 88 18
                                    


ကိုဝတ်ထားတဲ့ ပုဆိုးလေးကို ပြန်ကြည့်ရင်း ကို့ဖာသာ ကျေနပ် နေမိတယ်။ နည်းပညာတက္ကသိုလ်ကို ချစ်ခြင်းထဲမှာ ဒီလို Uniform လေးကို ချစ်တာလဲ ပါတယ်။ ဒါလေးဝတ် လိုက်ရင် လူက အလိုလို သန့်ပြန့်သွား သရောင်ထင်မိတာ အမှန်ပေ။ အခန်းထဲမှာ ကျေနပ်နေတုန်း
"ရဲရင့်ရေ ရဲရင့်"
အဆောင်မှုး ခေါ်သံကြားတာမို့ သူအဆောင် အခန်းတံခါးလေး ဖွင့်ခါကြည့်လိုက်တော့ အဆောင်မှုး ဒေါ်ဆန်းမြင့်နှင့် နောက်မှာ ပါလာတဲ့ ကောင်လေး တစ်ယောက်ကို တွေ့ရပါတယ်။
"အော် ရှိသေးတာကိုး အန်တီက ရဲရင့် ကျောင်းသွားပြီ ထင်နေတာ"
"ဟုတ်ကဲ့ ခုပဲ သွားတော့မလို့ အန်တီ"
"အေး ဒီမှာ ကျောင်းသား တစ်ယောက် အသစ်ရောက်လာလို့ သားအခန်းမှာပဲ ထားလိုက်တော့ ကျန်တဲ့ အခန်းတွေကလဲ လူပြည့်နေပြီ အဲဒါကြောင့်"
"ဟုတ်ကဲ့ ရပါတယ် အန်တီ လာ အထဲဝင်လေ"
သူအခန်းဝ ကနေ ဖယ်ပေး လိုက်တော့ အဆောင်မှုးနဲ့ ကျောင်းသားသစ်လေး အခန်းထဲ ဝင်လာပါတယ်။ သူတို့အဆောင်က အပြင်ဆောင်တွေ ထဲမှာ အတော်လေး သန့်ပါတယ်။ နှစ်ယောက်တစ်ခန်းကို နှစ်ခန်းတွဲ တစ်လုံး ဆောက်ထားတာမို့ အတော်လေး ကျယ်ကျယ်ဝန်းဝန်းနဲ့ သပ်သပ်ရပ်ရပ် နေရတာ အဆင်ပြေလှတယ်။ ကျောင်းသားသစ် ကို အခန်း ဟိုဖက်က လွတ်တဲ့ ကုတင်မှာ နေရာယူ ခိုင်းလိုက်ပြီး အဆောင်မှုးက
"ဒီမှာနေရင်တော့ သန့်ရှင်းရေးကို အမြဲဂရုစိုက်ရမယ်နော် သား ပြီးတော့ ညဆို ၁၀ နာရီ နောက်ဆုံးပဲ အပြင်ကနေ ပြန်မရောက်ရင် အန်တီတို့ တံခါးပိတ်ထားတော့မှာ"
"ဟုတ်ကဲ့ အန်တီ"
ကျောင်းသားသစ်က ပစ္စည်းတွေ နေရာချရင်းက အဆောင်မှုးကို ခေါင်းငြိမ့်ပြ နေပါတယ်။ သူ့ပုံစံက ခပ်အေးအေးနဲ့ ရိုးရိုးလေးမို့ ရဲရင့် သဘောတော့ကျတယ်။ သူကလူငယ်ပေမယ့် ခပ်ရှုတ်ရှုတ်တွေ က်ု့ယို့ကားယားတွေ သိပ်မနှစ်သက် လှပေ။ ကိုနဲ့အတူ နေရမယ့်သူက ဒီလောက်ဆို မဆိုးဘူးပေါ့။
"ကဲ ရဲရင့် အန်တီပြန်တော့မယ် အတူနေတဲ့ သူအချင်းချင်း သင့်သင့်မြတ်မြတ်နေ ကြနော် ရန်ဖြစ်ရင် တန်းထုတ်မယ် စိတ်အခန့် မသင့်တာ ရှိရင် အန်တီ့ကိုလာပြော အန်တီ ပြေလည်အောင် စီစဉ်ပေးမယ် ကြားလား ဟိုသားလေးကော"
"ဟုတ်ကဲ့ အန်တီ"
"ဟုတ္ကဲ့ ခမ်"
အဆောင်မှုး ဒေါ်ဆန်းမြင့် ထွက်သွားတော့ သူလဲ လွယ်အိပ်လွယ်ခါ ကျောင်းသွားဖို့ လုပ်တုန်း
"ဟိုလေ အကိုကော ပထမနှစ်ပဲလား"
ကောင်လေးမေးလာတာမို့
"အင်း မင်းကော"
"ကျနော်လဲ အတူပဲဗျ ခနလေးစောင့် ပေးလို့ရမလား ငျနော်လဲ အတူ လိုက်ခဲ့ ချင်လို့"
"အော် အေး ရပါတယ် လုပ်ပါ အတူနေကြမှာပဲ မင်းနဲ့ငါနဲ့ပဲ ပြောကြ တာပေါ့ အသက်လဲ သိပ်မကွာ လောက်ပါဘူး"
"ဟုတ်ကဲ့ ရပါတယ် ကျနော့် နာမည်က ခဂ္ဂါထက်ပါ"
"ဘာကြီး ဘာပြောတာလဲ နားမလည်ဘူး"
"ခဂ္ဂါထက် ပါ ခဂ္ဂါဆိုတာ ပါဋိလို ဓါးပေါ့ အဖေက ဓါးတစ်လက်လို ထက်မြတ် စေချင်လို့ ခဂ္ဂါထက်လို့ ပေးထားတာပါ"
"အော် အလန်းပါလား တွေ့ပြီပေါ့ကွာ ငါ့နာမည်က ရဲရင့်သွေး ဘာမှမဆိုင်ပေမယ့် နီးဆပ်သလိုပဲ ဟားဟား"
သူရီလိုက်တာမို့ ခဂ္ဂါကလဲ အင်ကျီလဲရင်းက လိုက်ရီနေပါတယ်။ ပြီးတော့ သူတို့ အခန်းသော့ခတ်ခါ အဆောင်ကနေ ထွက်လာပါ လေရဲ့။ ရဲရင့်က ဆိုင်ကယ်လေး ထုတ်ရင်းက ခဂ္ဂါကို
"မင်း ဆိုင်ကယ် မပါဘူးလား ခဂ္ဂါထက်"
"အေး မပါဘူး အိမ်က ကျောင်းနဲ့နီးတဲ့ အဆောင်ရှာပေးတာ ဆိုင်ကယ် မဝယ်ပေးနိုင် သေးလို့လေ ရတယ် ငါလမ်းလျှောက် လိုက်ခဲ့မယ်လေ မင်းသွားနှင့်ရင် သွားနှငိ့ပါလား"
ရဲရင့် ရင်ထဲ စိတ်မကောင်း ဖြစ်မိသွားတယ်။ သူဆို ဆိုင်ကယ်ကို အိမ်ကဟာတောင် မစီးပဲ အခုခေတ်စားနေတဲ့ ပုံစံအသစ်ကိုပဲ ဝယ်ခိုင်းပြီး စီးလာတာလေ။
"မင်းကလဲ အတူနေတဲ့ သူအချင်းချင်းကို အဲ့လို မလုပ်ပါနဲ့ လာတက် သွားကြမယ်"
"အားနာလို့ပါကွာ"
"အေး ဒီနေ့ကစပြီး မင်းနေ့တိုင်း ငါနဲ့ပဲလိုက် အားလဲမနာနဲ့ ကျေးဇူးတင်စရာလဲ မလိုဘူး တစ်ခုပဲရှိတယ်"
"ဘာလဲ ရဲရင့်"
"တက်စမ်းပါ အရင်ကြာတယ်"
ခဂ္ဂါ ဆိုင်ကယ်ပေါ် တက်တာနဲ့ ရဲရင့် ဆိုငိကယ်ကို မောင်းထွက်လာရင်းက
"အဟဲ ငါစော်ရရင်တော့ မင်းတစ်ခါတစ်လေ လမ်းလျှောက်ပေါ့ကွာ ဟုတ်ဘူးလား ဟီးဟီး"
"ဟားဟားဟား ဟုတ်ပါပီကွာ အဲ့ဒိလောက်တော့ ငါလဲ သဘောပေါက်ပါတယ် ရဲကြီးရာ"
"အမယ် အေးပါ ထက်ကြီးရာ ဟားဟားဟား"
အဲဒိ့နေ့က စပြီး သူတို့အတူ ကျောင်းစတက်ဖြစ်တယ်။ စာသင်ခန်းချင်းတော့ မတူပေမယ့် တစ်ဆောင်ထဲ တဟ်ထပ်ထဲ အခန်းချင်းကပ်လျက် ဆိုတော့ အဆင်ပြေတာပေါ့။ ရဲရင့်က သူ့ထက် ချို့တဲ့ရှာတဲ့ ခဂ္ဂါကို ခင်တာအပြင် သနားလဲ သနားတာမို့ ဘာပဲဖြစ်ဖြစ် ဂရုစိုက်ခါ ဖေးဖေးမမရှိပါတယ်။ ခဂ္ဂါကလဲ သူ့အပေါ်ကောင်းလှတဲ့ ရဲရင့်ကို ခနအတွင်းမှာပဲ ညီအကိုတမျှ ခင်မင်ခဲ့ရ ပါတော့တယ်။
"ဟ့ ထက်ကြီး ငါ့အဝတ်တွေ မင်းလျှော်ထားတာလား"
"အေး ပြောမလို့ပဲ မင်းအိပ်ပျော်နေလို့ မပြောတာ လက်စနဲ့လျှော်လိုက်တာ မင်းဖာသာဆို အတော်နဲ့လျှော်ဖြစ်မှာ မဟုတ်ဘူး"
"အဟီး ကျေးဇူးတင်လိုက်တာ ထက်ကြီးရာ ညနေကျရင် ထမင်းငါကျွေးမယ်"
"အမယ် ငါ့ကို ဒိုဘီမှတ်နေလား မရဘူး ကို့ဖာသာကိုစား ကို့ဖာသာရှင်းပဲ"
ရဲရင့် အိပ်ယာထဲ လှဲနေရာမှ ထထိုင်လိုက်ရင်းက ဘေးနားက စားပွဲပေါ်က ဆေးလိပ်ဘူးခဲက ဆေးလိပ်ကို ယူခါ မီးညှိုလိုက်တာမို့ ခဂ္ဂါ မျက်နှာကို မဲ့လိုက်ခါ
"မင်းလဲ အဲဒါင်္ကြး မသောက်ပါနဲ့ဆို မရဘူး လူကငယ်ငယ်လေး ရှိသေးတယ် လူနဲ့ ဆေးလိပ်နဲ့ကို မလိုက်ဖူး"
"မင်းကလဲကွာ ငါ့အိမ်က လ္ဖက်ရည်ဆိုင်ဖွင့်ထားတာလေ အဲဒိတော့ ဆိုင်ထိုင်ရင် ပြင်းလို့ယူသောက်ရင်းက အခုက ဖြတ်မရတော့ဘူးကွ"
"မရဘူးတော့ မရှိပါဘူးကွာ အဲဒါခက်တာပဲကွ ပြောပြန်ရင်လဲ အောင်မင်းလွန်ရာ ကြအူးမယ်"
"အောင်မင်းက မင်းဘကြီးလား ဟားဟား"
"ခွေးကောင် ထတော့ ရေမိုးချိုးတော့ ပြီးရင် အပြင်တစ်ခါ ထွက်ခါနီးရင် မပြီးတော့ဘူး ပြင်လို့"
"ဟားဟား အေးပါ အဘရယ် မင်းကလေ တအားစကားများတာပဲ မထငိရဘူး သိလား ဟားဟား"
ဟုတ်တယ် တကယ်ဆို ခဂ္ဂါက တခြားသူတွေနဲ့ဆို စကားကို ဟဟတောင် သိပ်မပြောပေ။ ရဲရင့်နဲ့ ဆိုရင်တော့ အဲဒီ့မှာ ပြောပါ လိမ့်မယ် တစ်ဗျစ်တောက်တောက် ပေါက်ပေါက်ဖောက် နေသလို။
ညနေခင်းရေမိုးချိုးပြီး ညစာထွက်စားကြတယ်။ တကယ်ဆို ခဂ္ဂါက ဈေးသက်သာတဲ့ ဆိုင်မှာစား ချင်ပေမယ့် ရဲရင့်နဲ့ အဖော်လိုက်ရင်းက ရဲရင့်စားတဲ့ ဆိုင်မှာပဲစား ရတာလေ။ ရဲရင့်ကတော့ စေိးကြီးမကြီးထက် သန့်ရှင်းပြီး စားကောင်းတဲ့ ဆိုင်သွားတာပါ။ ပိုက်ဆံရှင်းရင်လဲ ခဂ္ဂါစီက ၃ ပုံတစ်ပုံလောက်သာ အမြဲယူတာလေ။
ခဂ္ဂါကလဲ ရဲရင့်ရဲ့ ခင်မင်မှုကို အမြဲတမ်း အလေးထားတာမို့ ရဲရင့်ရဲ့ ကိစ္စတွေဆို အမြဲ လိုက်လုပ်ပေးတာ။ စားပွဲရှင်းပေး အဝတ်လျော်ပေး မီးပူတိုက်ပေး။ အဲဒါတွေက အမြဲ ရဲရင့်ကို သူလုပ်ပေးနေကြ။ မနက်အိပ်ယာ ထရင်လဲ ခဂ္ဂါက အမြဲအရင်ထတာလေ။ ခဂ္ဂါရေချိုး ပြီးတာနဲ့ ရဲရင့်အတွက် သွားပွတ်တံထဲ သွားတိုက်ဆေး ထည့်ပေးပြီး မျက်နှာသစ်တေးဘူး ဆပ်ပြာခွက်တို့ကို ရေခွက်ထဲထညိ့ခါ ရဲရင့်အတွက် အဆင်သင့် ပြင်ဆင်ပေးပြီးသား။ ရဲရင့်ရေချိုးနေပြီ ဆိုတာနဲ့ သူက အားလုံးပြီးကာ ထိုင်စောင့်နေတာမို့ ရဲရင့်ဝတ်ဖို့ အင်ကျီနဲ့ ပုဆိုးကို အဆင်သင့်ထုတ်ပေး ပြီးသား။
"အဟေး တော်သေးတယ် ငါက အ့တာတေလုပ်ရတာ အသေပြင်းတာဟ့ ဝတ်ရင်သာ ဒီလိုလေး ဝတ်ချင်တာလေ မငိးအရမ်းတော်တယ် ငါ့သယ်ချင်း အဟီး"
"အင်းပါ မင်းပြင်းတာ ငါသိပါတယ် အဲဒါကြောင့်လဲ အမြဲငါပဲ လုပ်ပေးနေတာပေါ့"
"မင်းကိုက ရှည်တာပါကွာ ဒိုဘီပို့ပါမယ် ဆိုနေ"
"မပြောင်မှာစိုးလို့ဟေ့ င်္ပြးရင် မီးပူတိုက်တော့လဲ သေချာခေါက်ရိုးမကျိုးမှာ စိုးလို့ သိပီလား အမြန်လုပ် နောက်ကြနေပြီ"
"အေးပါ မိန်းမရာ"
"ဟာ ဟေ့ကောင် နာချင်လို့"
"ဟီး မင်းနဲ့နေရတာ မိန်းမတစ်ယောက် ရထားသလိုပဲ ဟိုဟာပဲ"
"ဟာ ဒီကောင် အမြန်လုပ်ပါဆို လျောက်ပြောနေတယ် ခွေးကောင်"
အဲဒီလိုနဲ့ သူတို့တွေ တစ်ယောက်ကို တစ်ယောက် ခင်မင်လာတာ တကယ့် ညီအကို အရင်းတမျှပဲပေါ့။ သူတို့ တစ်ခါတစ်လေ ပျင်းရင် ကျောင်းနဲ့ ခပ်လှမ်းလှမ်း ကျောင်းဝင်းရဲ့ အနောက်ဒေါင့်လောက်က စိန်ပန်းပြာ ပင်ကြီးစီကို သွားပြီး လေထိုင်ပန်းကြတယ်။ ရဲရင့်ရဲ့ ဖုန်းလေးနဲ့ ပုံတွေ ဒီဇိုငိးမျိုးစုံ ရိုက်ကြတယ်။ ခဂ္ဂါကတော့ ဖုန်းမရှိဘူးလေ။ အိမ်ကိုလဲ လုံးဝမပူဆာ ခဲ့ဘူး မပြေလည်တာ သိနေတာကိုး။ အဲဒိအချိန်တွေက သူတို့အတွက် မမေ့နိုင်စရာ အမှတ်တရတွေပေါ့။
"ဟျောင့် ရိုက်မယ် ရိုက်မယ်"
ရဲရင့်လက်ကိုမြှောက်ခါ ကိုင်ထားတဲ့ ဖုန်းလေးကို ခဂ္ဂါကလဲ ဘေးကနေဝင်ရပ်ခါ လျှာလေး ထုပ်ပြလိုက်တယ်။ ရဲရင့်ကလဲ ပါးစပ်ကြီးကို ဖြဲလို့။
"ဟျောင့် ခြေထောက်ကို ချိတ်လိုက် အေး အော နေအူး ခါးနဲနဲ ဆန့်ထား အေး ရိုက်မယ်နော် ဝါး မိုက်တယ်ကွာ"
"ပြစမ်း ရဲရင့် ကြည့်ရအောင်"
ရဲရင့်ဖုန်းကို ယူကြည့်လိုက်တော့ ပုံက ရဲရင့် ရီနေတဲ့ ပုံကြီး
"ဘယ်မှာလဲဟ့ ငါ့ပုံက"
"မင်းပုံမရိုက်ဘူးလေ ငါ့ဖာသာ ရိုက်နေတာ ငပေါကြီးရဲ့ ဟားဟားဟား"
"ခွေးကောင်"
ခဂ္ဂါ လိုက်ထိုးတာမို့ ရဲရင့်က စိန်ပန်းပင်ကြီးကို ပတ်ခါ ပြေးပါတော့တယ်။ စိန်ပန်းပြာတွေ အစုပ်လိုက် အစုပ်လိုက် ပွင့်နေတဲ့ သစ်ပင်ကြီး အောက်မှာ အင်ကျီအဖြူ ပုဆိုးခရမ်းရောင်လေး တွေနဲ့ စော့နေတဲ့ ကောင်လေး နှစ်ယောက်ရဲ့ပုံက အရမ်းကို ပန်းချီဆန်နေ လေရော့သလား။ လေအနှော့မှာ ခပ်ကျဲကျဲ ကြွေကျနေတဲ့ စိန်ပန်းပြာတွေက သူတို့ရဲ့ ပတ်ဝနိးကျင်ကို ပိုမိုလှပအောင် တမင်များ အားဖြည့် ကူညီနေလေ ရော့သလား မပြောတက်တော့ပေ။
"ဟူး မောလိုက်တာ ထိုင်မယ် ဟျောင်ငြိမ်ငြိမ်နေနော်"
ရဲရင့်က သစ်ပင်ဘေးမှာ ထိုင်ချလိုကိပြီး သူ့ဘေးမှာ လာထိုင်တဲ့ ခဂ္ဂါပေါင်ပေါ် ခေါင်းမှီခါလှဲချ လိုက်ပါတယ်။ ချွေးတွေစို့နေတဲ့ ရဲရင့်ရဲ့ မျက်နှာလေးက ပေါင်ပေါ်ကနေ မော့ခါ ခဂ္ဂါရဲ့ မျက်နှာကို အားရပါးရပြုံးခါ စိုက်ကြည့် နေပါတယိ။ နှစ်ယောက်စလုံးလဲ ချွေးတစ်လုံးလုံးနဲ့ မောနေပြီလေ။
"အား စပ်လိုက်တာ"
ရဲရင့် သူ့မျက်စိကို အုပ်ခါ အော်လိုက်တာမို့ ခဂ္ဂါ အလန့်တကြားမေး လိုက်တော့
"မငိးမျက်နှာက ချွေးစက်က ငါ့မျက်လုံးပေါ် ကျတာကွ စပ်လိုက်တာ ငါ့လခွီး"
"ဟားဟား ကောင်းတယ် ကမြင်းချင်တဲ့ကောင် ဖယ် ငါမှုတ်ပေးမယ်"
ခဂ္ဂါက ရဲရင့်မျက်လုံးကို လက်နဲ့ အသာလေးဖြဲခါ
"ဟူး ဟူး"
"အား တံတွေးတေပါ ထက်ဝင်ကူန်မယ် ဟ့ ဖြေးဖြေး မှုတ်ပါ"
"နေကွာ အဲ့တာဆိုလဲ"
"ဟား ဟား ဟား"
သူတို့နှစ်ယောက်ထဲနဲ့ ဘဝက စိုပြည်ပါတယ်။ အဆောင်နဲ့ကျောင်းမှာတခြား သူငယ်ချင်းတွေ ရှိပေမယ့် သူတို့နှစ်ယောက်သာ အတွဲမပျက်ခဲ့ပေ။ ကျန်တာတွေက မေးပြောခေါ်ထူး နောကိပြောင်ကြရုံမျှသာ။
သူတို့ ပထမနှစ်ရဲ့ နှစိကုန်ပိုင်း တစ်ရက်မှာတော့ ပထမဆုံးအကြိမ် မှတ်မှတ်ရရ ရဲရင့်စီက အံ့အားသင့် စရာ စကားကို ခဂ္ဂါ ကထမဦးဆုံး ကြားခဲ့ရပါတယ်။
"ထက်ကြီး ညနေကျရင် မင်းပြန်နှင့်ကွာ ဒါမှ မဟုတ်လဲ ငါ့ကို စောင့်နေမလား"
"ငါသွားစရာလေး ရှိလို့"
ခဂ္ဂါ စိတ်ထဲမှာ ထင့်ခနဲ ဖြစ်သွားပါတယ်။ ဒီလိုပြောထဲက ဆိုငိကယ်ပေါ်မှာ တခြားသူ တစ်ယောက် ပါမယ် ဆိုတာ ခဂ္ဂါ သဘော ပေါက်လိုက်ပါပြီ။ စောင့်နေရတာထက် ပြန်နှင့်တာက ပိုပြီး အဆင်ပြေမှာမို့
"ရတယ်လေ အဲဒါဆို ငါပြန်နှင့်မယ်"
"အေးကွာ မင်းဖြစ်ပါ့မလား တစ်ယောက်ယောက်နဲ့ လိုက်သွားပါလား"
"ဖြစ်ပါတယ်ကွာ လမ်းလျှောက်ရ အလွန်ဆူံး ၁၅ မိနစ်ပေါ့"
တကယ်တော့ တစ်ခါမှ လမ်းမလျှောက်ဖူးပေ။ ကျောင်းစရောက်ထဲက ရဲရင့်နဲ့သာ အတူသွားလာ ခဲ့တာလေ။ ရဲရင့်ကလဲ အဲဒါကြောင့်ကို စိတ်ပူနေတာ။ သူများတွေလဲ ဒီလိုပဲ လမ်းလျှောက်ပြန်ကြသူတွေ တစ်ပုံကြီးပါ။
ညနေကျောင်းဆင်းတော့ ခဂ္ဂါက ရဲရင့်ကို မစောင့်တော့ပဲ အရင်ပြန်နှင့်လိုက်တယ်။ ကျောင်းဝင်းဝ ရောက်တော့ ခဂ္ဂါဘေး နားကနေ ဖြတ်သွားတဲ့ ရဲရင့် ဆိုင်ကယ်ကို တွေ့လိုက်ပါတယ်။ နောက်မှာ ကောင်မလေး တစ်ယောက်က ရဲရင့်ခါးကို ဖက်ခါ ထားလေရဲ့။ ရဲရင့်ကလဲ ဝတ်စုံတူလူတွေ အများကြီးထဲက ခဂ္ဂါကို သေချာတွေ့ခါ လက်ထောင်ပြ သွားပါတယ်။ ခဂ္ဂါကလဲ ဆိုင်ကယ်တွေ အများကြီးထဲက ရဲရင့်ကို သေသေချာချာပဲ တွေ့လိုက်ပါတယ်။
လမ်းလျှောက်တဲ့ ခြေလှမ်းတွေက မခိုင်ချင်တော့။ ပင်ပန်းတာ မဟုတ် ရင်ထဲမှာ စို့နငိ့ကျန် ခဲ့တာ။ လက်ပြပြီး ထွက်သွားတဲ့ ရဲရင့်ရဲ့ ဆိုင်ကယ်က မသိရင် တစ်ဘဝလုံး ခဂ္ဂါစီမှ ထွက်ခွါ သွားသလို ပုံစံမျိုး။ အဆောင်ပြန်ရောက်တော့လဲ လူက မလှုပ်ချင်တာမို့ ကုတင်ပေါ်မှာသာ လှဲနေ လိုက်တယ်။ စိတ်ထဲမှာတွေး နေတာက ရဲရင့်အကြောင်း။ ကောင်မလေးနဲ့ ဒီချိန်ဘယ်ကို ရောက်နေမလဲ။ ဘာတွေ လုပ်နေမလဲ။ ဘာစကားတွေ ပြောနေမလဲ။ အဆောင်ထဲကို ဆိုင်ကယ် ဝင်လာတဲ့ အသံကြားတိုင်း ဆိုင်ကယ်စက်သံချင်း မတူတာတောင်မှ ရဲရင့်လားလို့ ထထကြည့်ရတာ အမော။ ရင်ထဲမှာ ဘာတွေ ဖြစ်နေမှန်းမသိ။ တစ်စုံတစ်ခုကို အရမ်းစိုးရိမ်နေ သလိုမျိုး ခံစားနေရတယ်။ အဲဒိခံစားချက် ကိုလဲ ကိုယ်တိုငိက မနှစ်မြို့မိ။ ဒီလောက်ထိ မလိုအပ်တာလဲ ကို့ကိုယ်ကို သိနေတယ်လေ။ ဘာတွေဖြစ်နေတာလဲ မတွေးတက်တော့။ ဦးနှောက်ပင်မက ခေါင်းတစ်ခုလုံး ထူပူနေပေပြီ။ နှလုံးသားတွေလဲ တစ်ဆတ်ဆတ်ခါအောင် ခုန်နေတာ အင်မတန်ပဲ နာကျင်နေရပြီ။
"ဟင်"
ခဂ္ဂါ ထိုင်နေရာမှ ဝုန်းခနဲ ထထိုင်လိုက်မိတယ်။ ဒါ ဒါ ဘာဖြစ်တာလဲ။ သူဒီလို ခံစားနေရတာ သူ ရဲရင့်ကိုများ။ ဟာ မဖြစ်ဖူး မဖြစ်ဘူး ဒါဘယ်နည်းနဲမှ မဖြစ်နိုင်ဘူး။ သူက အခြောက်မှ မဟုတ်တာ။ ယောက်ျားချင်း ဟာကွာ မဖြစ်ပါဘူး။ ငါရူး သွားပြီလား။ ငါ ဘာဖြစ်သွား တာလဲ။ အဲဒီ့အချိန်မှာပဲ အဆောင်ထဲကို ဝင်လာတဲ့ ရဲရင့်ရဲ့ ဆိုင်ကယ်သံကို ကြား လိုက်ရပါတော့တယ်။ ခဂ္ဂါ ချက်ခြင်းပဲ ကုတင်ပေါ်ပြန် လှဲလိုက်ခါ စိတ်ကို အတက်နိုင်ဆုံး ငြိမ်အောင် ထိန်းထား လိုက်ပါတယ်။
"စာ ဟေ့ကောင် ထူးထူးဆန်းဆန်း အခုထိယူနီဖောင်းတောင် မလဲသေးပါလားဟ့ ဘာဖြစ်နောလဲ နေမကောင်းဘူးလား"
ရဲရင့်က ခဂ္ဂါ ကုတင်ကို လာထိုင်ခါ ခဂ္ဂါနှဖူးကို လက်နဲ့စမ်းရင်း မေးလိုက်ပါတယ်။ ခဂ္ဂါ ဘာမှ မမြေိပဲ ရဲရင့်မျင်နှာကိုသာ ငေးကြည့် နေမိပါတယ်။ ရဲရင့်ကလဲ သူ့ကို မှင်သေခါ စိုက်ကြည့်နေတဲ့ ခဂ္ဂါ မျက်နှာကို ပြန်ကြည့်ရင်း
"ဘာလဲ လမ်းလျှောက်လိုက်ရလို့ မောသွားတာလား စောတီးပါကွာ နောက်ခါ မင်းကို အဲဒိလို မထားခဲ့တော့ဘူးနော်"
ဘာလို့လဲ မသိဘူး ခဂ္ဂါပါးပေါ်ကို မျက်ရည်တွေ လိမ့်လိမ့် လိမ့်လိမ့်နဲ့ စီးကျလာလိုက်တာ ဘယ်လိုမှတား လို့မရတော့ပေ။
"ဟာ ထက်ကြီးရာ"
ရဲရင့်က ခဂ္ဂါ ခေါင်းကို လှမ်းဖက်ခါ သူ့ပေါင်ပေါ်တင်ပြီး ရင်ဘတ်နဲ့ အသာလေး ဖိထိန်းခါ နှစ်သိမ့်ပေး လိုက်တော့ ခဂ္ဂါ ထိန်းသိမ်းနိုင်မှုတို့ မဲ့ခဲ့ရပြီလေ။
"အီးဟီးဟီး အစ် ဟင့် အီး"
ဘာဖြစ်တာမှန်း သေသေချာချာ မသိပေမယ့် ကို့သူငယ်ချင်း ငိုနေတော့ စိတ်မကောင်း ဖြစ်မိတာမို့ ခဂ္ဂါရဲ့ ကျောကို လက်နဲ့ အသာပွတ်ပေးရင်း နှစ်သိမ့် ပေးလိုက်ပါတယ်။ သူတစ်ရက် တစ်လေလေး လမ်းလျှောက် ခိုင်းရုံနဲ့တော့ ဒီလောက် ငိုစရာ အကြောင်း မရှိပေ။
"ဘာဖြစ်တာလဲ ထက်ကြီးရာ မင်းဟာ ကလဲ ငါစိတ်ပူပြီး လန့်တောင်သွားတယ် ဘာဖြစ်တာလဲ ငါ့ကိုပြောပါဦး"
ရဲရင့် အမေးကြောင့် ခဂ္ဂါ သတိဝင်လာခါ မျက်ရည်တွေကို သုတ်ရင်းက
"အင်း ဘာမှ မဟုတ်ပါဘူးကွာ မင်းမရှိတုန်း အိမ်အကြောင်းကို တွေးပြီး သတိရနေလို့ပါ"
"ဖြစ်ရမယ် ကလေး ကြနေတာပဲ ထရေချိုး အပြင်မာ ညစာသွားစား ကြမယ် နော် ထတော့"
ပြောနေကြ အတိုင်း ရဲရင့်က သူ့ကို ချိုသာစွာ ချော့ပြော လိုက်ပေမယ့် ခဂ္ဂါရင်ထဲမှာ မလုံမလဲ ဖြစ်သွား ရပါတယ်။ ရှက်လည်း ရှက်မိတယ်။ ကို့ကိုယ်ကိုလဲ မကျေနပ်မိ။
သူတို့ညစာကို စားနေကြ ဆိုင်မှာပဲ စားလိုက်ပြီး ပြန်ကြတော့ ရဲရင့်က ဆိုင်ကယ်ကို အတောင်ဖကိ မမောင်းပဲ တခြားဖက်ကို မောင်းနေတာမို့
"ဘယ်သွားမလို့လဲ ရဲကြီး မင်းကောင်မလေးစီ သွားရင် ငါမလိုက်တော့ဘူး စာလုပ်စရာရှိသေးလို့"
"လျှာအရှေနဲ့ တိတ်တိတ်နေ"
ဆိုင်ကယ်ကို ဘုရားဝင်း တစ်ခုထဲ မောင်းခါ ထိုးရပ်လိုက်တာမို့ ခဂ္ဂါ ဆိုငိကယ်ပေါ်က ဆင်းလိုက်ရင်း
"ငါ ဒီကပဲ စောင့်နေမယ် ရဲကြီး"
"ဘယ်သူ့ကို စောင့်မှာလဲ"
"မင်းကိုလေ သွားစရာရှိတာ ကို့ဖာသာသွား"
"ဟ့ ငါက မင်းနဲ့အေးဆေး စကားပြောချင်လို့လာတာကို မင်းကနေခဲ့တော့ ငါကဘယ်သူနဲ့ သွားပြောရမှာလဲ လဒရဲ့"
"သိဘူးလေကွာ"
ခဂ္ဂါ ဘုရားပေါ်တက်သွားတဲ့ ရဲရင့်နောက်ကို လိုက်သွားပါ တော့တယ်။ ဘာလို့ဒီကောင် ဒီကိုလာတာလဲ ဆိုတာ ခုချိန်ထိ ခဂ္ဂါ သဘောမပေါက်သေး။ ခဂ္ဂါထင်တာက ညနေက သူ့ကောင်မလေးနဲ့ ချိန်းထားတယ် ထင်နေတာလေ။ ဘုရားပေါ် ရောက်တော့ ဘုရားဝတ်ပြုပြီး သူတို့ ညောင်ပင်ကြီး အောက်မှာ သွားထိုင် ဖြစ်ကြတယ်။ ခဂ္ဂါ ဘာမှစပြီး မပြော ဖြစ်သေး။
"ကဲ ပြောပါဦး ညနေက ငိုရတဲ့ အကြောင်းလေး"
"ဟာ ပြောပြီးပြီလေကွာ အိမ်ကို သတိရလို့ပါဆို မင်းကလဲ ဘာများလဲလို့"
"မဟုတ်ဘူး ထက်ကြီး ငါသေချာသိနေတယ် မင်းတစ်ခုခု ဖြစ်တယ်ဆိုတာ ဘာလဲ ညနေက ငါမင်းကို ထားခဲ့ လို့မဟုတ်လား"
ခဂ္ဂါ ဘာမှ ပြန်မပြောပဲ ခေါင်းသာငုံ့ထား လိုက်မိပါတယ်။ တဲ့တဲ့ကြီး မေးတာခံ လိုက်ရတာမို့ ဘာပြောရမှန်းလဲ မသိတော့ပေ။
"ငါမေးမယ် ထက်ကြီး"
ခဂ္ဂါ ရဲရင့်ကို ကြည့်ရုံသာ တစ်ချက် ကြည့်လိုက်တယ်။ ညဦးရဲ့လေညှုင်းနဲ့ ဘုရားဝင်းလေးရဲ့ အေးမြမှုတွေက ခဂ္ဂါရင်ထဲက ဖြစ်ပေါ် လာတဲ့ အပူဓါတ်တွေကို မကျော်လွှားနိုင်သာ။ ရင်ထဲမှာ ရဲရင့်ရဲ့ စကားတိုင်းက တိုက်ပွဲ တစ်ခုကို နွှဲနေရ သလို။
"မင်းစော် မထားသေးဘူးလား ငါစော်ထားတော့မယ်"
မကြားချင်တဲ့ စကားတွေ ငြင်းဆန်လို့ မရသလို ကန့်ကွက်ဖို့ ကလဲ ဘယ်လိုဖြစ်နိုင်မှာလဲလေ။
"မထားချင်ပါဘူးကွာ ကို့ဖာသာတောင် အနိုင်နိုင်ကို မင်းထားချင် ထားပေါ့ မင်းကသူ့ကို ချစ်နေလို့လား"
"အင်း မေဇွန်ကို ငါစိတ်ဝင်စား နေတာကြာပြီ ထက်ကြီးရ မင်းကို မပြောဖြစ်တာက စကားလဲ မစပ်မိလို့"
"အဆင်ပြေရင် လုပ်ပေါ့ကွာ သူများတွေတောင် ထားနေကြတာပဲ"
"သူများတွေက ထားတယ် မင်းကမထားတော့ ငါကထားရတာ စိတ်မဖြောင့် ဘူးလေကွာ"
ခဂ္ဂါ တစ်ချက်တော့ ပြုံးလိုက် မိပါတယ်။ ရင်ထဲမှာတော့ နာကြင်စွာနဲ့ပေါ့။
"မင်းကလဲ ကို့ဖာသာ စော်ထားမှာများ ငါ့ကို အမှုလာပတ်နေသေးတယ် ဟားဟား"
"အေးပါကွာ မင်း အိုခေရင် ပြီးတာပဲ အဲ့တာဆို ပြန်ကြမယ် ထက်ကြီး"
သူတို့ ထိုင်ရာကနေ ထလိုက်ပြီး ဆိုငိကယ်ရပ်ထားတဲ့ နေရာစီ လျှောက်သွားရင်းမှ ရဲရင့်ကို
"မင်း ငါမေးတာ မဖြေသေးဘူးနော် ရဲကြီး မင်းသူ့ကို ချစ်နေလား ဆိုတာလေ"
"အဲဒါတော့ ငါကိုယ်တိုင်လဲ သေချာမသိသေးဘူး စိတ်ဝင်စားတယ် သူများတွေလို သာယာချင်တယ် ဒီလောက်ပါပဲ"
ဘာလို့မှန်း မသိပေ တိမ်ဖုံးတဲ့ညမှာ ကြယ်လေးတစ်လုံး လှမ်းမြင် လိုက်ရတဲ့ ခံစားချက်မျိုးနဲ့ ခဂ္ဂါရင်ထဲ လှပ်ခနဲ ခံစားလိုက်ရ ပါတယ်။ ဆိုင်ကယ်နဲ့ ဘုရားဝင်းထဲက ထွက်လာတော့ ထုံးစံအတိုင်း ခဂ္ဂါက ဘေးစောင်းလေးပဲ ထိုင်စီးရင်းက တစ်ခါမှ မဖက်ဖူးတဲ့ ရဲရင့်ရဲ့ ခါးကို ဖက်တာမျိုး မဟုတ်ပဲ လက်လေးနဲ့ ဗိုက်နားအထိ အသာလေး ကိုင်ထားလိုက် မိတယ်။ ဒီနေရာကို အခြားသူ တစ်ယောက်ဝင် လာမှာ ခဂ္ဂါ ဘယ်လိုမှ သဘောမကျနိုင် ပါဘူး။ နောက်ဆို ဒါမျိုး တစ်ခြားသူ တစ်ယောက် ရဲရင့်နောက်က ပါလာမှာ ခဂ္ဂါ ဘယ်လိုအင်အား မျိုးနဲ့ ကြည့်ရမှာလဲ။ ဟူး ပင့်သက်မောတွေ တိုးတိတ်စွာပဲ ချလိုက်မိစဉ် ရဲရင့် ဗိုက်ကို ကိုင်ထားတဲ့ ခဂ္ဂါရဲ့ လက်ကို ရဲရင့်က အပေါ်က အသာအုပ်ခါ ကိုင်လိုက်တာမို့ ထိတ်ခနဲ ဖြစ်သွားခါ လက်ကို ပြန်ရုပ်လိုက် ပါတယ်။ ဒါပေမယ့် ရဲရင့်က ပြန်ဆွဲထားတာ မို့မရုန်းသာခဲ့။
"ထူးဆန်းတာတွေ ချည်းပဲ ဒီနေ့ကြုံနေ ရပါလား ဖက်ထား ဘာမှမဖြစ်ဘူး"
ရဲရင့်ကို ခဂ္ဂါ ဘာမှမပြောတော့ပဲ ရဲရင့်ရဲ့ ဗိုက်သားချပ်ချပ်လေးကိုသာ လက်နဲ့ အသာညှုစ်လိုက် ပါတယ်။ ရင်ထဲမှာ ဟာနေတာ ဘာတွေ လိုနေမှန်းကို မသိဘူး။
နောက်နေ့မနက် ကျောင်းသွားခါနီးတော့ ခဂ္ဂါက ထုံးစံအတိုင်း ရဲရင့်ကို အိပ်ယာနှိုး မျက်နှာသစ်ဖို့ အသင့်ပြင်ပေး အဝတ်အစားတွေ ထုတ်ပေးရင်း ထိုင်စောင့် နေလိုက်တယ်။ ရဲရင့်ရေချိုးပြီး အဝတ်လဲနေတော့ ခဂ္ဂါက
"ငါအရင်သွားနှင့်မယ်နော် ရဲကြီး အစာပြေတော့ ကို့ဖာသာပဲ ဝယ်စားလိုက်တော့"
ရဲရင့် မျက်မှောင်ကြုံ့ခါ ခဂ္ဂါကို စိုက်ကြည့် လိုက်ပြီးမှ
"ဘာလဲ ထက်ကြီး မင်းက ငါစော်ကို သွားကြိုရအောင်လို့ ရှောင်ပေး နေတာလား"
"မဟုတ်ပါဘူးကွာ"
ဒါပဲပြောတက်တယ်လေ။ တခြား အကြောင်းပြစရာလဲ ရှိမှမရှိတာကိုး။
"သောက်ပိုတေ လုပ်မနေနဲ့ ထက်ကြီး မေဇွန်က သူ့အိမ်က အမြဲ အပို့အကြို လုပ်နေကြကွ မနေ့က တစ်နေ့ထဲ သူ့အိမ်က အဆင်မပြေလို့ ငါ့ကို လိုက်ပို့ခိုင်းတာ ဒါတောင်သူတို့ လမ်းထိပ်ထိပဲ မင်းနောက်ခါ အဲဒိလိုတွေ အလိုက်အရမ်း မသိနဲ့ ဟုတ်ပြီလား လိုအပ်ရင် မင်းကိုငါပြောမယ်"
ဘာကိုမှန်း မသိပေမယ့် ရင်ထဲမှာ အနည်းငယ်တော့ ကျေနပ်မိသား။ သူ့ကို အမြဲ အဲဒိလို ထည့်တွက်ပေးတဲ့ စဉ်းစားပေးတဲ့ ရဲရင့်လေ။ နောက်ပြီး ခဂ္ဂါရဲ့ အရိပ်အကဲကို အမြဲတမ်း ဖတ်ရှုနားလည် ပေးတဲ့ ရဲရင့်။ ဒါတွေက ခဂ္ဂါအတွက် ရုန်းမထွက်နိုင်တဲ့ နွံတွေလား။ ဟင့်အင်း ဒါတွေက သူတန်ဖိုး ထားအပ်တဲ့ ရဲရင့်ရဲ့ အသိအမှတ် ပြုမှုတွေလေ။ ဘာပဲဖြစ်ဖြစ် ရတာလေးနဲ့ပဲ ရောင့်ရဲတင်းတိမ် နိုင်ရမယ် မဟုတ်လား။
နောက်နေ့ သူတို့ညစာ စားနေတဲ့ ဆိုင်ကို ရဲရင့် ကောင်မလေး မေဇွန်ဖြူ ဆိုတာ ရောက်လာပါတယ်။ ရဲရင့်က သူ့ကို အားနာသလို ကြည့်ပြီး ပြုံးပြလာတာမို့ သူအလိုက်တသိနဲ့ ခေါ်းငြိမ့်ရင်း နှစ်လိုစွာ ပြန်ပြုံးပြ လိုက်ပါတယ်။ မေဇွန်ကလဲ ခဂ္ဂါကို ပြန်ပြုံးပြခါ ထိုင်ခုံမှာ ထိုင်လိုက်ပြီး ရဲရင့်ကို
"သူငယ်ချင်း အိမ်မှာစာအုပ်ငှား မလို့ဆိုပြီး ထွက်လာတာ ကိုရဲ အချိန် သိပ်မရဘူးနော်"
"ဟုတ်ပါပီ ကျောင်းမှာ မိတ်မဆက်ပေးချင်လို့ ဒီကိုခေါ်လိုက်တာပါ ဒီမှာလေ ကို့ချစ်ဆုံး သူငယ်ချင်းကြီး ခဂ္ဂါထက်"
"အမလေး သိပါတယ်နော် အတန်းချင်း မတူပေမယ့် ခနခနတွေ့ဖူး နေတာပဲကို အော် ကိုထက်ကြီးကို ပြောရဦးမယ် ဟီး ဇွန့် သူငယ်ချင်း တစ်ယောက်က ကိုထက်ကြီးကို ကျိတ်ခိုက်နေတာ သိလား ဇွန်အောင်သွယ် လုပ်ပေး ရမလား ဟင်"
"ဟားးး ဟားးးး မလုပ်ပါနဲ့ဗျာ ကျနော်အဲဒါတွေ မစဉ်းစားချင် သေးလို့ပါဗျာ"
"ဟျောင့် စိတ်ကူးမလွဲ နဲ့နော် ဇွန့်သူငယ်ချင်း တွေက အချောတွေချည်းပဲ"
တစ်ခဏလေး အချိန်မှာပဲ သူတို့နွေးထွေးစွာနဲ့ ခင်မင်ခဲ့ကြ ပါတယ်။ မေဇွန်ဖြူ ဆိုတာလဲ ရိုးသားပွင့်လင်းပြီး ခင်မင်ဖို့ကောင်းသော ကောင်မလေး တစ်ယောက်ကိုး။ အဲဒိညက မေဇွန် ပြောသွားတဲ့ စကားတစ်ခွန်းကတော့ ရဲရင့်အဖို့ အရမ်းကို ခံစားခဲ့ရ ပါတယ်။
"ကိုထက်ကြီး သူငယ်ချင်းကလေ စကားပြောတိုင်း ကိုထက်ကြီး နာမည်ပါတယ် ပြီးရင် ဇွန်ကိုလဲ ခနခန ကိုထက်ကြီးနဲ့ ကြေးတန်းထိုးတယ် သိလား ထက်ကြီးဆို ကို့ကိုဘယ်လို ဘယ်ညာနဲ့ အ့တာလေး သူ့ကို ဆုံးမပေးပါဦး နော်"
နောက်ပြောင်ကျီစယ်ခါ ပြောတဲ့ စကားတွေက သူ့အတွက်တော့ နာကြင်စရာတွေပါ။ ချစ်ခင်နှစ်လိုဖွယ် သူမရဲ့ စကားတွေက ပန်းတစ်ပွင့် ဆိုလျင် သွေးစိမ်းရှင်ရှင် ထွက်နေတဲ့ သူ့ရင်ဘတ်နဲ့ ထိချိန်မှာ နာကြင်ရတာတော့ လွန်မည်မထင်။ အဲဒိညကလဲ ခဂ္ဂါ အိပ်ရေးပျက် ခဲ့ရပြန်ပါတယ်။ စာကျက်လို့လဲ မရ။ အိပ်လို့လဲ မပျော်။ ဒုက္ခ အတော်လေး များခဲ့ရပါတယ်။ အဲဒိတော့ လုပ်နေကြ အတိုင်း ခေါင်းအုံး အောက်မှာ အမြဲရဲရင့် မမြင်အောင် ဖွက်ထားလေ့ ရှိတဲ့ ခဂ္ဂါရဲ့ စာအုပ်လေးမှာ ခံစားချက်လေးတွေ ချရေးနေ မိပြန်တာပေါ့။ ဒါပဲ သူ့အတွက် အဖော် ဒါပဲသူ့အတွက် ရင်ဖွင့်စရာ နေရာလေး မဟုတ်လား။
"ထက်ကြီးရေ မင်းဒီနေ့ ကျောင်းကို့ဖာသာ သွားလိုက်တော့ကွာ ဇွေန် နေမကောင်းဘူး ဆိုလို့ သူ့သူငယ်ချင်းတွေနဲ့ ငါသတင်း သွားမေးလိုက်ဦးမယ် ကို့ဖာသာဆို ဝင်လို့ရမှာ မဟုတ်ဘူးလေ"
တကယ်ဆို ခဂ္ဂါကို ခေါ်သွားလဲ ရတာပဲလေ။ ဘာလို့လဲ ဆိုတာတော့ ခဂ္ဂါ မသိ။ ရှိစေတော့။
"အေးအေး ငါမေးတယ်လို့ ပြောလိုက်ဦးနော် ရဲကြီး စာတွေဘာတွေ ကူးပေးဖို့လိုလဲ ဝိုင်းကူးပေးမယ်လို့"
"အေးပါကွာ ငါလဲ အဲဒီကနေပြန်ရင် ကျောင်းမှီရင်ရင်တော့ လာခဲ့ပါမယ် မမှီလဲ မင်းကို လာကြိုမယ် ဟုတ်ပီလား"
"ရပါတယ်ကွာ ငါသွားပြီ"
"အေး ထက်ကြီး"
ရဲရင့် ကျောင်းမတက်ပဲ မေဖွန်ဖြူတို့ အိမ်မှာ လူနာသွား ကြည့်ပါတယ်။ မိန်းခလေးတွေပါ ပါတာမို့ အဆင်ပြေတယ်။ အဆောင်ပြန်ရောက် တာနဲ့ မောလို့ ပက်လက်လှန်ပြီး နားနေတုန်း
"ဝုန်း"
"ဟာ ဟေ့ကြောင် ရှုး သွား သွား"
ကြောင်တစ်ကောင် အခန်းထဲမှာ လာရှုတ်နေတာမို့ အတင်းမောင်းထုတ် လိုက်ရတယ်။ ဒါတောင် ခဂ္ဂါ ကုတင်ပေါ် တက်သွားပြန်တာမို့ ခဂ္ဂါ ခေါင်းအုံးကိုာူ၍ လှန့်ပြီး မောင်းထုတ်လိုက်ရတယ်။ ခေါင်းအုံးကို ပြန်ချ ခါနီး မျက်လုံးထဲမှာ တွေ့လိုက်တဲ့ စာအုပ်ပန်းရောင်လေး တစ်အုပ်
"ဟင်"

ပန်းခရမ်းပြာနှင့် ငြိတွယ်ခြင်း။ Where stories live. Discover now