အကို**
ချစ်တယ်ပြောတော့လဲ ဒီတိုင်းစိုက်ကြည့်နေတယ်
မချစ်ပါဘူးပြောတော့လဲ အကိုက စူပုပ်ပုပ်နဲ့
အော် အကိုရယ် ကျွန်တော်က အကို့ ကြည့်နေတဲ့ မှန်ထဲက အရိပ်တစ်ခုပဲဟာ အရိပ် တစ်ခုထပ် ဘာမှ မပိုခဲ့တာကို ဒီထက် ပိုပြီး ဘာတွေမျှော်လင့်လို့ရဦးမှာတဲ့လဲ အကို ....
အကိုနဲ့ကျွန်တော်က လမင်းနဲ့ ပင်လယ်လိုဝေးကွာတယ်ထင်ခဲ့မိပေမဲ့
ပင်လယ်ပြင်မျက်နှာပြင်ပေါ် လရိပ် ကျနေခဲ့တာတော့ ကျွန်တော် မမြင်နိုင်ခဲ့ပါဘူး အကိုကံပေါ့ အကိုရယ်
အကိုနဲ့ကျွန်တော့်ကြားက ကာထားတဲ့ တံတိုင်းတွေက အရမ်းကြီးပေမဲ့ ကျွန်တော့် အချစ်တွေက ပိုကြီးကျယ်တယ် အကိုလိုချင်ပေမဲ့ မရနိုင်တဲ့ အရုပ်လေးကို ငေးနေရသလိုပေါ့ အကိုရယ်
ကျွန်တော့် အချစ်က စိတ်ကူးယဉ်ဆန်တယ် ...အကို ကိုမှ မရပါတော့ရင် သေတော့ပါမယ်ထိ ဖြစ်ခဲ့ဖူးတယ် အကို
ကျွန်တော်ကတော့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ မွေ့ပျော်ရတာကိုပဲ နှစ်သက်ပါတယ် အကို
#O1