မင်္ဂလာတေးသွားသည် ခန်းမထက် ညိမ့်ညိမ့်ညောင်းညောင်း စီးဆင်းနေလျက်. .
မင်္ဂလာခန်းမတွင်းမှ လူအများရဲ့ မျက်နှာတို့မှာလည်း အပြုံးပန်းတို့ ဝေလျက်.
ကာယကံရှင် သတို့သား သတို့သမီးတို့သည်ကား နေနဲ့လ ရွှေနဲ့မြ လို လိုက်ဖက်ညီလှသည်မို့ အမြင်တင့်တယ်ကာ မင်္ဂလာရပ်ဝန်းသည် တင့်တယ်မှု့အပေါင်းနဲ့ ပြည့်စုံလျက် ရှိလေသည်.'ဒီကို ကြည့်ပေးကြပါ ခင်ဗျ. '
Camera man ရဲ့ ပြောသံကြောင့် Noona နဲ့ စကားပြောနေရာမှ Camera man ဆီ ကြည့်လိုက်ကြသည်.
Yeol လက်ထဲက Noona လက်သည် နွေးထွေးနူးညံ့လျက်. ခပ်တင်းတင်းအပြန်အလှန် ဆုပ်ကိုင်ထားသောကြောင့် အပြင်လေပင် တိုးမပေါက်နိုင်. .'ပြုံးပေးကြပါ. နောက်တပုံ. '
Yeol သူ့လက်ထဲမှ Noona လက်သေးသေးကိုကြည့်လိုက်သည်. မကြာခင် ဒီလက်တွေကို သူ လွှတ်ပေးရတော့မည် ဖြစ်သည်.
ငယ်စဉ်တည်းက ဆုပ်ကိုင်လာခဲ့ဖူးသော ဒီလက်လေးတွေကို ဒီတကြိမ်ပြီးလျှင်တော့ တခြားသူ လက်ထဲသို့ အပြီးတိုင် လွှဲပြောင်းပေးအပ် လိုက်ရတော့မည်လေ.
သတို့သား ယောက်ဖတော် လက်ကိုတောင် တွဲမထားသော Noona သည် သူ့ လက်တွေကိုတော့ ခုထက်ထိ မလွှတ်ခဲ့သေးပါချေ.'သတို့သား သတို့သမီး ပုံတွေ ရိုက်ကြပါမယ်. '
တွဲထားသော လက်တို့ မဖြုတ်ချင်ပါပဲ ထိုခန ဖြုတ်လိုက်ကြသည်.
Yeol ပြုံးလိုက်သည်. ပြီးတော့.'ပျော်ရွှင်ပါစေ. Yoora Noona'
အပြုံးတွေက သိပ်တော့ ပီပြင်လှသည်မဟုတ်. ရစ်သိုင်းနေသော နဂါးငွေ့တန်းတို့ မျက်လုံးအိမ်ထဲ ရှိနေလောက်သည်.
ထိုနေရာကနေ ကျောခိုင်းထွက်ခွာခဲ့တော့ Noona သူ့ကျောပြင်ကို ကြည့်နေဆဲပဲဆိုတာ လှည့်မကြည့်ပါပဲကို သိသည်.
သို့ပေမဲ့ ပေါ့. . …Seoul မြို့ရဲ့ လေနုအေးက Yeol ဆံပင်တွေကို လာရောက် လှုပ်ခတ်ဆော့ကစားသည်.
မနက်ခင်းချိန်ခါမို့ နေရောင်က သိပ်မစူးရှသေး.
ခေါင်မိုးထပ် မှာတော့ လူကသိပ်မရှိ.
Yeol ခပ်ဝေးဝေးကို ငေးကြည့်နေပေမဲ့ စိတ်တို့က ထိုနေရာမှာ မရှိချေ.