*BitterSweet*
ညနေက ကာနိုလာပန်းခင်းတွေကြား ဗြောင်းဆန်အောင် ကမြင်းအပြီး အိမ်ပြန်ရောက်တော့ ဘတ်ခ်ဟွန်း ဖတ်ဖတ်မောအောင်ပင်ပန်းနေကာ ကြမ်းခင်းပေါ်တင် အိပ်ယာပင် မခင်းနိုင်ပဲ မှောက်နေလေပြီ အဘိုးရဲ့တောင်ခြေမှ နေအိမ်မှာ ကိုရီးယား ရိုးရာအိမ်ဖြစ်တာကြောင့် အသက်ကြီးသူအဘိုးအခန်းရယ် တစ်နှစ်တစ်ခါ အိမ်လည်လာတဲ့ ချန်းယော်လ်အခန်းမှသာ ကုတင်ရှိပြီး..တခြားဧည့်သည်ခန်းတွေနဲ့ အခန်းပိုတွေကိုတော့ ကုတင်မထားပေ။
မျက်နှာချင်းဆိုင်အခန်းဖြစ်သော်လည်း ချန်းယော်လ် သူ့ရဲ့အရှေ့ခန်းတံခါးက အနည်းငယ်ဟနေကာ အထဲမှ အရုပ်ကြိုးပျက်မှောက်အိပ်နေတဲ့ပေါက်စနကို မြင်လိုက်တာကြောင့် ဇွက် ကနဲဆွဲဖွင့်ကာ ဂရုနာဒေါသသံလေးစွက်ကာဖြင့်
"ဘတ်ခ်ဟွန်း...ထစမ်း အိပ်ယာခင်းပြီးမှအိပ်"
"...."
အင်းမလုပ်အဲမလုပ်တာကြောင့် လည်ပင်းကနေဆွဲမယ်အကြံ နေ့လည်က ဒီကလေးပိစိရဲ့လက်ကို အရှက်မရှိကိုင်ပြီး မရိုးမသားလုပ်ခဲ့တာ သတိရသွား၏။ခုတလော အရင်ကနဲ့မတူ စိတ်တွေကဂယောက်ဂယက်ပင် ဟိုး...အရင်ချိန်တုန်းကတော့ ဒါမျိုးကိုင်တာက စိတ်မသက်မသာမဖြစ်စေခဲ့ဖူး...အခုတော့ ထိန်းချူ ပ်လို့မရတယ့်စိတ်က အရင်....နောက်မှ နောင်တရအရှက်ရမိတယ့်စိတ်က နောက်...။အခုတော့ နည်းနည်းစိတ်ထိန်းမှ သူကဘာဘဲဖြစ်ဖြစ် ငါ့အတွက်တော့ ညီငယ်လေးတစ်ယောက်လိုပဲ၊ငါ့အတွက် ညီလေးတစ်ယောက်ပဲ ဒီထက်ပိုပြီးအထင်မှားစရာကိစ္စတွေမလုပ်ကျရအောင်...။
ဘတ်ခ်ဟွန်းနီရဲ့ အင်္ကျီဂုတ်မှ လက်ညိုးနဲ့လက်မသုံးကာ မ လိုက်ရင်း....နှုတ်ခမ်းအားဖိ အသံညစ်၍
"ဘတ်ခ်ဟွန်း....! ထစမ်း အိပ်ယာခင်း...မြန်မြန်...!"
"အင်........းးး..... ငါး...မိ...နစ်......"
ဂုတ်ကဆွဲထားလို့ ခေါင်းကအောက်စိုက်လျက်ပင် လက်ညိုးလေးထောင်ရင်း ပြန်ချသွားတာကြောင့် ချန်းယော်လ် တစ်ယောက် စိတ်မရှည်တော့ပဲ တီရှပ်ပေါ်က လက်မောင်းနေရာက ကိုင်ဆွဲလှည့်ကာ သူ့ရှေ့မှာထိုင်ချလိုက်တော့ အညိုရောင်ပျော့ပျော့သေးသေး ဆံပင်အုပ်အုပ်လေးတွေဝဲနေတဲ့ ခေါင်းလုံးလုံးလေးဟာ ချာကနဲဖြစ်သွားရင်း ကျောက်သားထုပမာ ပတ်ခ်ချန်းယောလ်း၏ ဘယ်ဘက်ရင်ဘက်တဒိန်းဒိန်းဆီသို့ ဒုတ်ကနဲပက်မြည်အောင် စိုက်ကျသွားတော့၏။