☆ Part 9 ☆

3.1K 293 26
                                    

"Chanyeollie !!! Chanyeollie !! မင်း ရှိနေတယ်မလား ? !!! Chanyeollie !! "

အိပ်မောကျနေသည့် Chanyeol ခြံပြင်ဘက်က အော်သံကြောင့် နိုးလာလေသည် ... တစ်နေ့လုံးတစ်ညလုံး တစ်ဖဝါးမှမရွေ့တဲ့ အရူးကောင်ကြောင့် သူကောင်းကောင်းနားလို့မရ !!

သတိရရခြင်းမြင်လိုက်ရတဲ့ မျက်နှာသေးသေး လေးက နာကျင်မှု အားလုံးကို ကုစားပေးနိုင်ပေမယ့် ...
ထိုလူရဲ့ အမည် ရုပ်ရည်ကို စဉ်းစားလို့မရ..
အကြိမ်ကြိမ် စဉ်းစားကြည့်တိုင်း ထိုးကိုက်လာသည့် ခေါင်းကြောင့် တော်တော် ဒေါသထွက်ရတယ်...

Byun Baekhyun ?

လျှာဖျားမှာ ရင်းနှီးပေမယ့် ဦးနှောက်က တွေးလို့မရ...

ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းထဲမှာ သူရှိနေမလား ?
ဒါပေမယ့် Omma ပြောတာက ကျွန်တော့မှာ မှတ်ဉာဏ်ဆုံးရှုံးတာမျိုး ရှိမနေဘူးတဲ့ ...

Byun Baekhyun ကိုမြင်တိုင်း ရင်ဘတ်ထဲက လစ်ဟာနေတဲ့နေရာက ပြီးပြည့်စုံသွားသလို ရှိပေမယ့် ...

သူ့ချစ်သူပါလို့ ပြောခဲ့ကတည်းက မှားယွင်း နေပြီဆိုတာ လက်ခံလိုက်တယ်...
ကျွန်တော်က ? .. ယောကျာ်းတစ်ယောက်နဲ့ ?
ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာ!!!

ဒါကြောင့် ထိုအရူးကောင်ကို အဝေးဆုံးကို မောင်းထုတ်ပေမယ့် ထွက်မသွားပဲ အတင်းလိုက်ကပ်နေတယ်...

အခုလည်း ခြံရှေ့မှာ ရက်ပေါင်းမနည်းတော့ဘူး ...

Chanyeol စိတ်ရှုပ်လာသည်နှင့် ခြေအောက်ပိုင်းကို လွှမ်းခြုံထားဆဲ စောင်ကို ဖယ်ပြီး အခန်းထဲက ထွက်လာသည်...

အောက်ထပ်ကို ခပ်မြန်မြန် ဆင်းလာလေတော့ ဧည့်ခန်းထဲမှာ ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်နေတဲ့ Omma ကို တွေ့လိုက်ရတယ်..

" Omma .. "

" ဟင် ? အင်းး Chanyeollie.. သား ဘာလိုချင်လို့လဲ ? "

ထိတ်လန့်တကြား ပြန်ထူးလာသည့် Omma ပုံစံက ထူးဆန်းနေသည်ကို သူ သတိထားမိလိုက်တယ်...

" သား တစ်ခုခု လိုချင်ရင် Omma ကိုလှမ်းခေါ်တာမဟုတ်ဘူး .. နေမကောင်းသေးတာ... အောက်ကို ဆင်းမလာနဲ့လေ ~~ "

Curious Fate 💥 ( Season 2 )Where stories live. Discover now