"ပြတ်မယ် ချန်းယောလ် ဒီတစ်ခါတော့မင်းနဲ့ငါတစ်
ကယ်ပြတ်ပြီ"ဒေါသတကြီးပြောဆိုနေသောဂျောင်ဆူးကို ချန်းယောလ်
က မထီမဲ့မြင် ပြုံးရင်း"အေးပြတ်မယ် မပြတ်နိုင်ပါဘူးဆိုပြီးလိုက်ဆွဲထားမယ့်
ထဲမှာငါမပါဘူး""ပြီးရောလေ ကိုယ့်လမ်းကိုယ်လျှောက်ကြရုံပေါ့"
ဂျောင်ဆူးဘက်ကအရင်ကျောခိုင်းလာခဲ့သည်။အရင်ဆို
ပြသနာတက်တိုင်း ဒီလိုပြတ်နေကြပေမယ့် ဒီတစ်ခါ
တော့အရင်ကနဲ့မတူစွာ ချန်းယောလ်မျက်လုံးတွေသည်
ဘာခံစားချက်မှမရှိသလိုပင်။တကယ်ပဲသူ့အပေါ်ချန်း
ယောလ်ကစိတ်ကုန်သွားတာလား။မချစ်တော့တာလား။
ဟင့်အင်းမတွေးချင်ပါ...ချန်းယောလ်ကသူ့ကိုဘာကိစ္စ
ကြောင့်စိတ်ကုန်ရမှာလဲ။ဒီလိုပြတ်တာကအမြဲဖြစ်နေကြ
ပဲကို။ဂျောင်ဆူးခေါင်းကိုခါရမ်းပစ်လိုက်ကာ အဆောင်ကို
ပြန်လာခဲ့သည်။မနက်ဖြန်တော့အရင်လိုပဲချန်းယောလ်က
သူ့ကိုလာချော့မှာသူသေချာပေါက်သိသည်။တစ်ချို့အရာ
တွေကကိုယ်တွေးထားသလိုဖြစ်မလာတတ်တာကို
ဂျောင်ဆူးမေ့ရော့နေသလား။"ဂျွန်ဒယ်ရေ ငါပြန်ရောက်ပြီ"
အဆောင်ထဲပြန်ပြန်ရောက်ရောက်ချင်း ဂျွန်ဒယ်ကိုပြန်
လာကြောင်းပြောမိတော့ ဂျွန်ဒယ့်သည်ရေချိုးထားပုံ
ရသည် စိုနေသောခေါင်းကိုသဘက်ဖြင့်သုတ်ရင်းသူ့အ
ခန်းထဲကဂျောင်ဆူးဆီလျှောက်လာသည်။"ဘယ်လိုလဲ မျက်နှာလည်းမကောင်းပါလား ဘာလဲ
ချန်းယောလ်နဲ့ပြတ်လာပြန်ပြီလား"ဂျွန်ဒယ့်တင်မဟုတ်ကျောင်းကကျောင်းသူကျောင်းသား
တော်တော်များများပါ ချန်းယောလ်နဲ့ဂျောင်ဆူးတို့တွဲနေ
တာကိုရော ခဏခဏပြတ်ကြတာကိုရောသိကြသည်။
ဒါပေမယ့် ဒီတစ်ခါပြတ်လာခဲ့ခြင်းကိုတော့ ဂျောင်ဆူး
စိတ်ထဲတွင်လေးနေသည်။