Hyung 💕💕

231 22 1
                                    

Hyung...💕💕

" baek ရေ ထတော့ အလုပ်နောက်ကျနေပြီ "

" ဟုတ်ကဲ့ omma ထပြီ "

ဟွန့် အိပ်ချင်ပါတယ်ဆို ဘာမှန်းမသိဘူး အလုပ်တဲ့လေ ကြည့်ဦး ကိုယ့်ကုမ္ပဏီမှာ ဝင်လုပ်ရင် ရနေပြီကို အခုတော့ သူများဆီမှာတဲ့လေ appa တို့များ ကိုယ့်သားလေးကို သူများ ခိုင်းစားရအောင်

Baek လဲ သူတွေးချင်ရာတွေတွေးပြီး ရေချိုး အဝတ်အစားလဲကာ အောက်ဆင်းလာတော့

" baekhyun မနက်စာလာစား ပြီးမှ အလုပ်သွား "

" ဟုတ် "

" ဒီနေ့ အလုပ်ဝင်ရမယ်ဆိုတာကို သိရဲ့သားနဲ့ စောစော မထဘူး "

" appa ကလဲ အိပ်ချင်တဲ့ဟာကို "

" ဘာအိပ်ချင်တဲ့ဟာကိုလဲ မင်း ဘွဲ့ရပြီး အိမ်မှာ ထိုင်စားနေတာ ဘယ်လောက်ရှိသွားပြီလဲ သိလား မင်းနောက်မှ  ဘွဲ့ရတဲ့ sehun တို့ kai တို့တောင် အလုပ်တွေ ကိုယ်စီနဲ့ မင်းကအလုပ်မလုပ်ပဲနဲ့နေနေတာလေ "

" appa ကလဲ ဗျာ အခု သွားမယ်လေ appa ကုမ္ပဏီ မှာ အလုပ်ဝင်လုပ်ရင် ရနေတာကို ဘာလို့သူများစီမှာ အလုပ်သွင်းပေးလဲ စဉ်းစားလို့ကို မရဘူး "

" ဘာမှ ပွစိပွစိ လုပ်မနေနဲ့ စား မြန်မြန် အလုပ်ကို ငါလိုက်ပို့မယ် "

" ဟူတ် "

Baek လဲ နောက်ဆုံး ဘာမှ ဆက်ပြောမနေတော့ပဲ ခေါင်းသာငြိမ့်ပြလိုက်ရတော့သည်

~~~~hyung...💕💕~~~~

" ဆင်းတော့ ရောက်ပြီ "

" ဟုတ်ကဲ့ပါ ကောင်းကောင်းသွားပါ appa "

" အင်း "

Baek. တစ်ယောက် ကုမ္ပဏီကို မသွားချင် သွားချင်နဲ့ ဝင်သွားတော့ လုံခြုံရေး ဦးလေးကြီးက baek အရှေ့ ပိတ်ရပ်ကာ

" ဟိတ်ကောင်လေး မင်းကိုငါ မတွေ့ဘူးပါဘူး ဘာလာလုပ်တာလဲ ကျောင်းသားက ကျောင်းမသွားဘဲ ဘာလုပ်နေတာလဲ "

Baek သူ့ကို ကျောင်းသားလို့ အထင်နဲ့ ပြောတဲ့ ဦးလေးကြီးကြောင့် ဒေါသထွက်ကာ

" ဘာ ဦးလေးကြီး ဘာကျောင်းသားလဲ ကျွန်တော် ဒီမှာ အလုပ်လာလုပ်တာ ဒီမှာ.ကဒ် တွေ့လား "

You've reached the end of published parts.

⏰ Last updated: Nov 22, 2020 ⏰

Add this story to your Library to get notified about new parts!

Hyung 💕💕( One Short) Complete Where stories live. Discover now