တနေ့တာကုန်ပြီး မိုးလင်းခဲ့ပြန်ပြီ
တညတာကို "Good Night Hmue 💚"
ဆိုတာလေးနဲ့ အဆုံးသတ်ပြီး..
တမနက်ကို "Morning Hmue yay
နိုးပြီလား" ဆိုတာနဲ့ ပြန်အစပျိုး ရတယ်...
မင်း ဟာသိပ်ကောင်းတဲ့ သူငယ်ချင်း ပါပဲ
Phoo ရေ...သူငယ်ချင်း...သူငယ်ချင်းပါ Phoo ရေ....💚
ကိုယ် မင်းနဲ့ စသိတာ သိပ်ရိုးရှင်းလွန်းသလား?
social media တွေ သိပ်ခေတ်စားတဲ့ အချိန်မှာ
online ပေါ် ကတွေ့ဆုံမှုက မထူးဆန်းပါဘူးလေ
ကိုယ် နဲ့ မင်း စသိတုန်းက ၂ ယောက်လုံးက
ငယ်သေးတာပဲ... ၈ တန်းကျောင်းသားပဲ ရှိသေး
တယ်မဟုတ်လား? သိပ်လှတဲ့ တွေ့ဆုံမှုပါပဲ...
August မှာ ၂ ယောက်လုံး မွေးဖွားခဲ့ပြီး...
August မှာ ပဲ တွေ့ဆုံခဲ့ကြ ပြန်တယ်...
ကိုယ် က Phoo ထက် ၆ ရက် ကြီးတယ်လို့ဆို
တော့ အားရပါးရ ရယ်ရှာတယ်.....
လှပတဲ့ တွေ့ဆုံမှု က လှပစွာပဲ ပြန်အဆုံးသတ်သင့်
တယ် မဟုတ်လား Phoo....