ဒုန်း.!!!.ဒုန်း!!!..ခလွမ် !!!....ခလွမ်!!!
ကောင်းဆက် လန့်ပြ်ီးတော့ မမြင်မစမ်းနဲ့ကုတင်ဆီကိုပြေးသွားတာကြောင့် ကုတင်ဘေးက စားပွဲကိုတိုက်မိပြီး စားပွဲပေါ်က မင်းထက်ရဲ့ ကြွေခွက်လေး ကျကွဲသွားတာပါ ...
Ks'spov: ဟာ...သွားပြီ...မင်းထက်ရဲ့.... ကြွေခွက်လေးကွဲသွားပြီ....မင်းထက်ငါ့ကိုစိတ်ဆိုးတော့မယ်ထင်တယ်....ဘယ်လိုလုပ်ရမလဲ.....
"ကောင်းဆက်...မင်းအဆင်ပြေရဲ့လား.. ဘာဖြစ်သွားသေးလဲ.. ထိမိသွားသေးလား.. "
ကောင်းဆက်ရဲ့ လက်မောင်းနှစ်ဖက်ကို ကိုငပြီး စစ်ဆေးနေတဲ့မင်းထက်ကြောင့် ကောင်းဆက် အံသြနေလေရဲ့..
"မင်းထက်...မင်းငါ့ကိုစိတ်မဆိုးဘူးလား.. "
"ဟာ...ဒါစိတ်ဆိုးစရာလား... အဲခွက်က ပြန်ဝယ်လို့ရတာပဲ.. "
မင်းထက်ပြောရင်းနဲ့ ကောင်းဆက်ကို ရေတစ်ခွက် ခပ်ပေးပြီး လှမ်းပေးလိုက်တယ်..
"ရော့..မင်းလန့်သွားတယ်မလား... သောက်လိုက်.. မီးခလုတ်ပေါ်က ပိုးဟပ်ပေါက်စလေးပါကွာ မင်းသွားကိုင်မိတာ..အခုတော့မရှိတော့ဘူး..."
"ဒီ ကြွေစတွေ ငါရှင်းလိုက်မယ်နော်.. ငါတောင်းပန်ပါတယ်ကွာ.. "
" ရှူး... တောင်းပန်စရာမလိုဘူးလို့ပြောပြီးပြိလေ ...."
မင်းထက်က ကောင်းဆက်ရဲ့နှုတ်ခမ်းပေါ်ကို လက်ညိုးလေးတင်ပြီးပြောလိုက်တော့ ကောင်းဆက်ရဲ့ ဘယ်ဘက်ရင်အုံက ဒုတ်ဒုတ်နဲ့ခုန်နေလေရဲ့....
" ငါပဲရှင်းလိုက်မယ်..သွား ကုတင်ပေါ်တက် အိပ်တော့.... မင်းအိပ်ချင်နေပြီမလား..... "
"မင်းထက်."
"ဟင်"
"မင်းထက်.."
"ဟင်...လို့ "
"မင်းထက်...မင်းဘာလို့ ငါ့ကိုစိတ်မဆိုးတာလဲဟင် ငါသာ မင်းနေရာမှာဆို ငါစိတ်ဆိုးပစ်မှာ ..."