စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၆)
@@@@@@@@@@@@@@@@@@@@
ညီအစ်ကိုနှစ်ယောက် စိမ့်စမ်းပြာအိုင် နားတွင် ထိုင်နေပြီး ဖြစ်ပျက်ခဲ့သော ကိစ္စတချို့ကို တွေးတော နေမိကြသည်။ ညီမလေးက သူ့မှတ်ဉာဏ်ကို သူဖျောက်ပစ်လိုက်ပြီး အခုတော့ အပူပင်ကင်းစွာ အိပ်နေ၏။ လေတိုက်ခတ်နေသော ကန်ကို နှစ်ဦးသား ကြည့်နေမိရာမှ ကျိုးလျန်က
'အစ်ကိုကြီး ငါတို့ရဲ့ ညီမလေးက စိတ်ပင်ပန်းမှုကို ခံနိုင်ရည် မရှိဘူး ပထမ တစ်ခါတုန်းကလည်း သူ့ဆရာတူအစ်မ ဖုန်းယွီသေတော့ ရုတ်တရက်ကြီး အိပ်ပျော်သွားတယ် ဘယ်သူထင်မှာလဲ နှစ်တစ်ထောင်တောင်မှ အိပ်သွားမယ် ဆိုတာကို အခုလည်း သူ ဘယ်လောက် ထပ်ပြီး အိပ်သွားမယ် ဆိုတာကို ငါတို့ မသိနိုင်ဘူး ဒီအတောအတွင်း ပင်းပင်းကို အစ်ကိုကြီးပဲ စောင့်ရှောက်ထားလိုက်ပါ သူက စိမ့်စမ်းပြာအိုင်က ရေနဲ့ ဆေးကြောဖို့ လိုနေတယ် ကျွန်တော် ဆစ်ကျီကို သွားပြီး စောင့်ကြည့် လိုက်မယ် ဆစ်ကျီက အခုချိန်ဆို တခြားဘဝတစ်ခုကို ပြောင်းလောက်ပြီ'
အစ်ကိုကြီးက မျက်လုံးတွေ မမြင်ရတော့တဲ့ ပင်းပင်းကို ငုံ့ကြည့်လိုက်ပြီးမှ
'ကောင်းပြီလေ ငါက သူ့ကို ကတိပေးပြီးသား ဆိုတော့ ငါသူ့ကို စောင့်ရှောက်ထားလိုက်မယ် ပြီးတော့ ညီမလေး နိုးလာတာနဲ့ မင်းပြန်လာပါ တကယ်လို့သာ သူ ရုတ်တရက်နိုးလာပြီး ပင်းပင်းကို တွေ့သွားမယ် ဆိုရင် ငါတစ်ယောက်တည်း သူ့ကို ပြောလို့ နိုင်မှာ မဟုတ်ဘူး'
'ငါမင်းကို အကောင်းဆုံး အကြံပေးမယ် အဲ့တာက တစ်ခုတည်းသော နည်းလမ်းပဲ မဟုတ်ရင် ငါတို့ ညီမရဲ့ ဒေါသနဲ့ ဆိုရင် ပင်းပင်းကို ချက်ချင်း ရိုက်သတ်ပစ်အုံးမှာ'
ကျိုးလျန်က ပြောတော့ ကျိုးဖန့်သုန်က မျက်မှောင်ကုတ်သည်။ ပြီးတော့မှ
'ပြော!'
'သူ နိုးလာရင် ပင်းပင်းနဲ့ မင်းနဲ့ လက်ထပ်ထားပြီးပြီ လို့ ပြောလိုက် အဲ့တာဆို ပင်းပင်းရဲ့ မျက်လုံးတွေကို သူ ပြန်ပြီး ကုပေးလိမ့်မယ် ဖြစ်နိုင်တာက မင်းနဲ့ ပင်းပင်းကိုတော့ စိမ့်စမ်းပြာအိုင်မှာ နေခွင့်ပြုမှာ မဟုတ်ဘူး'
YOU ARE READING
စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ The Legend of Azure Lake
Historical Fictionရေးသားသူ - စွဲညို့ #ဘာသာပြန် မဟုတ်ပါ# Own Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချ...