Chapter 7

11.2K 1.2K 11
                                    

Chai အိမ်​​တော်​မှာ အရင်​လို​​ပျော်​ရွှင်​တဲ့သူ​တွေ တိတ်​ဆိတ်​​နေကြသည်။ အိမ်​​တော်​သခင်​ကြီးရဲ့စိတ်​အလိုမကျ​တော့ အိမ်​သား​တွေလည်း သွားတာလာတာကအစသတိနဲ့။

"Chai Shilin ရှင်​​ပြောစရာရှိရင်​ တည့်​တိုး​ပြော။ ကျွန်မကို အိမ်​ထဲပိတ်​​လှောင်​မထားနဲ့။ "

ပွဲ​တော်​​နေ့ပြီးကတည်းက အိပ်​ခန်းခွဲအိပ်​လိုက်​တဲ့ Chai Shilin နဲ့ Luliတို့ဆက်​ဆံ​ရေးဟာ အက်​​ကြောင်းထင်​လာသည်။ ​အိမ်​ဝင်းထဲက​နေအပြင်​ထွက်​​ခွင့်​မ​ပေးတဲ့ Chai Shilin​ကြောင့်​ Luli ​ဒေါသူပုန်​ထနေသည်။ Chaiအိမ်​​တော်​မှာ Chai Shilinကိုပြန်​ခံ​ပြောရဲတာ Luliပဲရှိလိမ့်မည်။ အခုလည်း Chai Shilinစာဖတ်​ခန်း​ရှေ့မှာ ​အော်​ကြီးဟစ်​ကျယ်​​ပြော​နေ​လေရဲ့။

" ​ရှင်​ထွက်​ခဲ့။ ကျွန်မကိုလွတ်​လပ်​ခွင့်​​ပေးထားတယ်ဆိုပြီး အခုတစ်​မျိုး​တော်​ကြာတစ်​မျိုးလုပ်​တာလား Chai Shilin။ ရှင် လူဆိုးကောင်။ "

ဝုန်း !

စာကြည့်​ခန်းတံခါးရုတ်​တရက်​ပွင့်​လာသည်။ တံခါး​​ဘောင်​ကိုတိုက်​မိ​လောက်​အောင်​ ရှည်​လျားတဲ့အရပ်​အ​မောင်းနဲ့ မျက်​​မှောင်​ကြုံ့​နေတဲ့သူ့ပုံစံကြီး​ကြောင့်​ ဘေးမှာပွဲကြည့်နေသည့် အိမ်​​တော်​သား​တွေ ​တောင်​​ပြေး​မြောက်​​ပြေးဖြစ်​ကုန်​သည်။

" မင်း အထဲဝင်​လာခဲ့။ "

တစ်​ခွန်းပဲ​ပြောပြီး အခန်းထဲပြန်​ဝင်​သွားသည်။ သူ့အ​နောက်​က​နေ Luli ခပ်​တည်​တည်​လိုက်​သွားသည်။ ပြီး​တော့တံခါးပြန်​ပိတ်​လိုက်​ကြသည်။

" အားယား သခင်​မLuliက​တော့သတ္တိရှိတာလား၊ မိုက်​မဲတာလား။ Chaiစစ်​သူကြီးကို အိမ်​​ရှေ့စံကအစ ပြန်​မ​အော်​ရဲတာ။ သခင်မအလှည့်​မှ ​ပြောမနိုင်​​တော့ဘူး။ "

အိမ်​​တော်​သားတစ်​​ယောက်​က ဖြတ်​သန်းသွားရင်း မှတ်​ချက်​ချလိုက်​လေသည်။

-------------
Chai Shilinနဲ့Luli မျက်​နှာချင်းဆိုင်​လိုက်​ပြီး တစ်​​ယောက်​ကစကားစဆိုမှာ ​စောင့်​​နေကြသည်။ အခန်းထဲမှာ စာအုပ်​ကနည်းနည်း၊ စစ်​​ရေးဗျူဟာ​ရေးထားတာများများ။ မ​နေ့ညတုန်းကလည်း ဒီမှာအိပ်​တာကြောင့် အိပ်ယာလိပ်လည်းရှိသည်။

My Rude Husband ( Zawgyi and Unicode )Opowieści tętniące życiem. Odkryj je teraz