" မင်းကြောင့် .... မင်းကြောင့် ဖြစ်ရတာ ..... မင်းကိုမုန်းတယ် .... ဂင်ဂျုံအင် ...."
ရှင်း ....
ကျွန်တော့်ကို နာနာကြင်ကြင် ကြည့်ပြီး ပြောနေတဲ့ စကား
တွေက ကျွန်တော့် ရင်ကို ဓား ထက်ထက်နဲ့ အစိမ်းခွဲနေသလိုပါပဲ...။မျက်ရည်စတွေတွဲခိုနေတဲ့ မျက်တောင်ရှည်တွေကို ပုတ်
ခတ်ထုတ်လိုက်ရင်း... ကျွန်တော့်ကို ခပ်စိမ်းစိမ်း
စိုက်ကြည့်လာခဲ့တယ်..။ ရှင်း ရဲ့ ပါးပြင်ပေါ်က ကျွန်တော်
နှစ်သက်တဲ့ ပါးချိုင်တွေက ပြုံးတဲ့အချိန်သာမဟုတ် စကား
ပြောလိုက်တိုင်း ခပ်ရေးရေးပေါ်လာတတ်တယ်။အခုတော့ ကျွန်တော် ရှင်း ရဲ့ အပြုံးတွေကို မြင်ခွင့်မရနိုင်
တော့ဘူး ထင်ပါတယ်။ ထာဝစဉ်နီစွေးနေတတ်တဲ့ ရှင်း ရဲ့
နှုတ်ခမ်းတစ်စုံဟာ အခုတော့ ခြောက်သွေ့ကွဲအက်လို့ နေခဲ့ပြီ ။ ဖြူဖျော့ နေတဲ့ နှုတ်ခမ်းသားကို သွားနဲ့ ခပ်တင်း
တင်းဖိကိုက်ထားတာကြောင့် အနီရောင်သွေးစက်ကလေးတွေ စို့လာသည်အထိ။"ငါ .... တောင်းပန်ပါတယ် .... ရှင်း ရယ် .... "
" မတောင်းပန်နဲ့ .... ငါ မင်းကိုတစ်သက်လုံး ခွင့်မလွှတ်ဘူး ... ဂင်ဂျုံအင် .... မင်းက ငါ့ဘ၀ကို ဖျက်ဆီးပစ်ခဲ့တာ
.... မင်းက ငါ့မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်ခဲ့တာ ... ငါ
မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး .... ငါ မင်းကို တစ်သက်လုံး မုန်းတီးနေမှာ ဂင်ဂျုံအင် ...."ရှင်း ....
ကျွန်တော့်ကို ကျောခိုင်းသွား ခဲ့တယ်...
ဝှီးချဲလေးကို တွန်းပြီး ထွက်သွားတဲ့ ရှင်းရဲ့ ကျောပြင်ကို
ငေးကြည့်ရင်း ထိုနေရာမှာ အသက်မရှိသူ တစ်ယောက်
လို အချိန်တွေအကြာကြီး မင်သက်စွာ ရပ်နေခဲ့မိတယ်။ရုတ်တရက် ရွာချလိုက်တဲ့မိုးတွေက သည်းကြီးမဲကြီး
ကျွန်တော့်တစ်ကိုယ်လုံး မိုးရေတွေစိုကာ အေးစက်သွား
ခဲ့ပေမယ့် ပါးပြင်ပေါ်မှာတော့ ပူနွေးနေခဲ့တယ် ။ မျက်နှာ
ပေါ်က မိုးရေစက်တွေကို သပ်ချလိုက်ရင်း ကောင်းကင်ပေါ်ကို မော့ကြည့်ကာ အားကုန်အော် ဟစ်လိုက်မိတယ်....." အား ........."
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°