အပိုင်း-၈

2.7K 285 1
                                    

စိမ့်စမ်းပြာအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၈)

@@@@@@@@@@@@@@@@@@@

သူ ပြောတာ ဘာအဓိပ္ပါယ် ကြီးလဲ၊ သေတော့မှာပဲ ဖျောက်အော် တခြား မတွေးနဲ့ တခြား မတွေးနဲ့ သူက စိမ့်စမ်းရေပြာအိုင်ကနေ နှင်ထုတ်ခံထားရလို့ ဒီရေကန်မှာ နေချင်တာ၊ တခြား မတွေးနဲ့၊

@@@@@@@@@@@@@@@@@@@

'ဖျောက်အော် မင်းတေးဂီတသံရအောင် ဘာနဲ့ လုပ်တာလဲ နားထောင်လို့ ကောင်းတယ် ငါ နတ်ဘုရားကို အိပ်ပျော်စေတယ်'

'ဖျောက်အော်က ရေစက် နတ်သူငယ်လေးပါ ဘာမှလုပ်ဖို့ စွမ်းအား မရှိပေမယ့် ရေစက်တွေကို အသံတွေ ထွက်လာအောင် ခုန်ပေါက် ကခိုင်းလို့ ရပါတယ် တကယ်လို့ နတ်ဘုရား နားထောင်ချင်တယ် ဆိုရင် ဖျောက်အော် နေ့တိုင်း တေးသံတွေ လုပ်ပေးပါ့မယ်'

ထိုသို့ ပြောလိုက်တာလေးက အစ သူမလေးက နူးညံ့လေသည်။ ခေါင်းလေးငုံ့လိုက်တာ လက်မခံနိုင်ရင် ခေါင်းလေးစောင်းပြီး ခေါင်းယမ်းတာ ပြီးတော့ သူ့ကို ပြန်သွားဖို့ ပြောချင်နေရဲ့နဲ့ သူတောင်းဆိုသမျှကို လိုက်ပြီး လုပ်ပေးနေရတာ တစ်ချက် တစ်ချက် မျက်နှာလေး ညိုးသွားတာ အားလုံး သူ့မျက်လုံးထဲမှာ ကြည်နူးဖွယ်အတိ ပြီးသည်။

'ကျိုး နတ်ဘုရား ကျိုးဖန့်သုန် နတ်ဘုရား ဘယ်တော့ ပြန်မှာလဲဟင်'

နေ့တိုင်း မေးရမည်ဟု ဘယ်သူက သတ်မှတ်ပေးလိုက်မှန်း မသိသော်လည်း ဖျောက်အော်က နေ့တိုင်း မေးသည်။ သူ့ဆီက အဖြေကလည်း ခေါင်းခါယမ်းမြဲသာ

'ဒဏ္ဍာရီ ရေကန်ကြီးက နေလို့ ကောင်းတယ်လေ ဘာလို့ အကြာကြီး မနေရမှာလဲ'

'နတ်ဘုရား ဒီမှာနေတာ နှစ်တွေ မနည်းတော့ဘူး အိမ်က ဇနီးက စိတ်ပူနေတော့မယ်'

'ငါက ဇနီးရှိတယ် ပြီးတော့ မရှိဘူး ရှိတာနဲ့မရှိတာ မထူးပါဘူး မင်းက ဘာလို့ လိုက်ပြီး တွေးနေတာလဲ'

'ဖျောက်အော် အသက်တစ်ထောင် ပြည့်ပြီ အသက်တစ်ထောင် ပြည့်တဲ့နေ့မှာ အဘိုးက သွားချင်တဲ့ဆီကို သွားခွင့်ပြုတယ်တဲ့ အဲ့တာ ကျိုးနတ်ဘုရားကို အလုပ်ကြွေး ပြုနေရရင် ဘယ်လို သွားလို့ ရမလဲ'

စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ The Legend of Azure LakeWhere stories live. Discover now