ပထမဆုံးတွေ့ဆုံမှု မဟုတ်တဲ့ ပထမဆုံး ဆုံတွေ့မှု

939 64 11
                                    

All for Bailong fan page မှာ တွေ့လိုက်ရတဲ့ သူတို့ နှစ်ယောက် ပထမဆုံးရိုက်ကွင်းလေးကို အခြေတည်ပြီး ဒီ Fiction လေးကို ရေးလိုက်တာ ဖြစ်ပါတယ်နော်...

**********************

2018 နှစ်ဆန်းပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးက မင်းသားတစ်ယောက်ဖြစ်သည့် Zhu Yi long ဆိုသည့် လူတစ်ယောက် အလုပ်လုပ်နေသည့် အေဂျင်စီတွင် သူုတို့ မင်းသားအတွက် အောင်မြင်နိုင်မည့် လမ်းကြောင်းက်ု သူတို့လိုက်ရှာနေရသည်။ သူတို့တင်ပေးသည့် မင်းသားများအတွက် ကောင်းမွန်ရာ လမ်းကြောင်းကို လိုက်ရှာပေးရမည်မှာ သူတို့ရဲ့ တာဝန်လည်း ဖြစ်နေသည်လေ။အထူးသဖြင့် သူ့တို့ရဲ့ Yilong အတွက်ပေါ့။ သူ့တို့ အတွက် အရေးကြီးသည့် လူတစ်ယောက်လည်း ဖြစ်သည့် Zhu Yilong မှာ အနုပညာနယ်ပယ်ထဲကို ဝင်ရောက်လာခဲ့သည်မှာ ဆယ်နှစ်ဝန်းကျင်ရှိခဲ့ပြီ။ရိုးသား ကြိုးစားပြီး ရှက်တတ် နူးညံ့လှသည့် Yilong ကို သူတို့တွေ လက်မလွှတ်နိုင်။ ဒါပေမဲ့ မင်းသားတစ်ယောက်အတွက် ပရိသတ် အပြည့်ဖြစ်နေရမည်လေ။ အထူးသဖြင့် သူတို့ နိုင်ငံက ကြီးမားလှသည့်အတွက် အပြိုင်အဆိုင်လည်း များလှသည်မလား။Yilong ကတော့ အမြဲ ပြုံးပြုံးလေးပါပဲ သူအလုပ်အတွက် ဆို ဘယ်နေရာပဲ ဖြစ်ဖြစ် သရုပ်ဆောင်နိုင်သူ ရိုက်ကွင်းစပြီဆိုရင် သူရဲ့ ကာရိုက်တာကို အပြည့်အဝ သရုပ်ဆောင်နိုင်သူ လူဆိုး လုပ်ရမလား ဟာသလုပ်ရမလား ငိုအောင် လုပ်ပေးရမလား ယုတ်ယွအဆုံး ရုပ်ဆိုးလှတဲ့ မိတ်ကပ်တွေ လူးပြီး မျောက်ပုံစံအဖြစ်ပါ သရုပ်ဆောင်နိုင်ခဲ့သူ ထို့အတွက်ကြောင့် Yilong ရဲ့ အေဂျင်စီကလည်း Yilong ကို အမြဲ ဖူးဖူးမှုတ်ထားပေးခဲ့တာ။Zhu yilong ဆိုသည့်သူက ကျောက်စိမ်းတုံး တစ်တုံးဆိုတာ သူတို့တွေ သဘောပေါက်ကြသည်။တစ်ခုလေးပါပဲ သူတို့ရဲ့ Yilong လေးက အရမ်းရှက်တတ်တာ ရိုက်ကွင်းထဲမှာ ဘာမဆိုလုပ်နိုင်သလောက် အပြင်ဘက်ရောက်ပြီဆိုရင် ဘာဆိုဘာမှ မပြောတတ်တော့ ။အင်တာဗျူးတွေဆိုလည်း မဖြေနိုင်။ အဲဒီလို ဖြစ်နေမှတော့ သူဘယ်လိုလုပ် ဒီလောကထဲမှာ ဝင်ဆန့်နိုင်ပါ့မလဲလေ။သူတို့ ဆုတောင်းနေသည်မှာ လည်း တစ်ယောက်ယောက်တော့ ဒီလူ့ကို အများကြားထဲ ဝင်ဆန့်နိုင်အောင် ကူညီပေးနိုင်ဖို့ကိုပါပဲ။ ဒါပေမဲ့ အဲဒီလူက မမွေးသေးဘူးလား လို့ပဲ သူတို့ ထင်မိကြတော့သည်။ဆယ်နှစ်ကြာသွားတာတောင် သူတို့ရဲ့ Yilong က ဒီပုံစံအတိုင်းပဲ ဖြစ်နေတာကိုး။အဲဒါနဲ့ သူတို့တွေ တိုင်ပင်ပြီးတော့ အခုလက်ရှိခေတ်စားနေတဲ့ ပုံစံမျိုးကို ရိုက်ကူးဖို့ အရဲစွန့်ပြီး ကြိုးစားဖို့ ဆုံးဖြတ်လိုက်ကြသည်။သူတို့ အဲဒီဇာတ်ညွှန်းကို လက်ခံဖို့ ဆုံးဖြတ်လိုက်ကြပြီး Yilong ကို ပေးဖတ်လိုက်တော့ Yilong ခမျာ ပါးစပ်အဟောင်းသားနဲ့ ။သူတို့ လိုက်ခံလိုက်တဲ့ ဇာတ်လမ်းက Guardian လို့ ခေါ်တဲ့ သဘာဝလွန် Boy love ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ဒါပေမဲ့ သူတို့ နိုင်ငံရဲ့ ပိတ်ပင်ထားတဲ့ ဥပဒေအရ Boy love တွေကို ရိုက်ကူးခွင့်မရှိလို့ Bromance ပြောင်းပြီးရိုက်ကူးဖို့ ဆုံးဖြတ်လိုက်သည်။ Yilong ကတော့ သူ့အတွက် အဆင်ပြေမယ်ထင်တာနဲ့ပဲ လက်ခံလိုက်ခဲ့သည်။Yilong လေးက သူ့ရဲ့ မန်နေဂျာကိုတစ်ခုတည်းပြောလိုက်တာက ကျွန်တော်အဆင်ပြေပါ့မလားမသိဘူးနော် တစ်ဖက်မင်းသားက အခုဇာတ်လမ်းက မင်းသမီး မပါတော့ ကျွန်တော်တို့ အပေးအယူမျှနိုင်ပါ့မလား လို့လေ။

🎉 You've finished reading Guardian fan fiction ( ပထမဆုံးဆုံတွေ့မှု မဟုတ်တဲ့ ပထမဆုံး 🎉
Guardian fan fiction ( ပထမဆုံးဆုံတွေ့မှု မဟုတ်တဲ့ ပထမဆုံး Where stories live. Discover now