"ကလေးငယ် နားတော့လေ တီလေးစောင့်လိုက်မယ်
ရေမိုးချိုးပီးမှ ပြန်လာခဲ့""ဟင့်အင်း ရတယ်တီလေး ကျွန်တော်ပဲစောင့်လိုက်မယ် တီလေးပြန်တော့လေ လေးငယ်နိုးလာလို့ ကျွန်တော့်မတွေ့ရင် ထပ်ပီးလိုက်ရှာနေမှာစိုးလို့"
"အင်း အင်း တီလေးပြန်တော့မယ်...
အော် စားပွဲပေါ် ထမင်းလိပ်တင်ထားတယ် စားလိုက်အုံးနော်
မစားမသောက်နဲ့ ငယ်လေးနိုးလာမှ လဲကျသွားမှဖြင့်""Nae"
မျက်လုံးနဲ့တောင် ဝှေ့ကြည့်ခြင်းမခံရတဲ့ ထမင်းလိပ်လေးခင်မျာ အထီးကျန်လို့......
လေးငယ်ဒီလိုဖြစ်နေတာ ဘယ်သူက စားနိုင်သောက်နိုင်မှာလဲ....
Sehun လက်လေးကိုင်ကာ သတိရလာဖို့ တဖွဖွဆုတောင်းနေမိတယ်...
*လေးငယ်နေရာ အစားဝင်လို့ရရင် ကျွန်တော်သာဖြစ်လိုက်ချင်တယ်ဗျာ*
Monday မို့ ကျောင်းသာလာတက်ရတာ ဆေးရုံမှာကျန်ခဲ့တဲ့ လေးငယ်ကို စိတ်ချရတာမဟုတ်ဘူး.....
"안녕하세요! Sam နာမည်က Kim Jong in ပါ
လစ်ဟာသွားတဲ့ သင်္ချာချိန်မှာဝင်မဲ့ သင်္ချာဆရာပါ
Sam သင်မဲ့ ဘာသာကို ဂရုတစိုက်သေချာသင်ကြားမယ်လို့ထင်ပါတယ်
ဘာလို့ဆို ဆရာက ချောတယ်လေ""ငပေါကြီး"
နောက်ဆုံးခုံမှာ ထိုင်နေတဲ့ အသည်းကွဲနေတဲ့ ကောင်လေးတစ်ယောက်မှ
ကတုံးဆံပင်ပေါက်ကေလေးအား ပွတ်ရင်းပြောလိုက်ချင်းပင်......"kyung soo ရာ ကြားသွားမှဖြင့်"
"ကြားကြားဗျာ လောလောဆယ်မြင်သမျှ cross ပဲ"
လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံလုပ်ပြကာ စားပွဲခုံပေါ်မောက်လိုက်တဲ့ ကောင်လေး......
ဒီကောင်လေး အရင်ကလိုမဟုတ် ဂျစ်ကန်ကန်နိုင်လာသည်....
အသည်းကွဲနေတဲ့ ကောင်လေးတစ်ယောက်အတွက် ဂျစ်ကန်ကန်နေခြင်းက စိတ်ထွက်ပေါက်ပဲမလား......"အော် Hyung Sam သက်သာရဲ့လား"
"ဟင့်အင်း ခုထိသတိမရသေးဘူး ဒဏ်ရာက တော်တော်နက်တယ်
စိတ်ညစ်ပါတယ်ကွာ ငါ့ကြောင့် လေးငယ်ဒီလိုဖြစ်ရတာ"