"လေးငယ်က Baek Baek ရဲ့ အချစ်ဦး သိလား"
ကလေးငယ်စကားကြောင့် Sehun စိတ်မကောင်းဖြစ်သွားသည်.....
ကလေးငယ်က Sehun အတွက် အချစ်ဦးမဖြစ်ခဲ့တော့.........."တောင်းပန်ပါတယ်....
ကလေးငယ်က လေးငယ်အတွက်အချစ်ဦးမဖြစ်ခဲ့လို့....... ဒါမဲ့ ကလေးငယ်က လေးငယ်အတွက် နောက်ဆုံးအချစ်ပဲဆိုတာတော့ယုံပေးမယ်မလား"Baekhyun ခေါင်းညိတ်ရင်း ပြုံးသည်....
"တဂယ်တော့ Baek Baek စောစောလေးမွေးခဲ့သင့်တာနော် အဲ့တာမှ လေးငယ်ရဲ့ အချစ်ဦးဖြစ်မှာ"
Baekhyun ခါးအား နောက်ကျောမှ သိုင်းဖက်ထားသော Sehun လက်ကိုဖြုတ်ကာ
ရင်ခွင်ထဲ တိုးဝင်သည်....
နောက်ဆုံးတော့ လေးငယ်အချစ်ကို ရပီလေ.... ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားကို ပြပါဆို Byun Baekhyun ဆိုတဲ့ လူသားလေးပါပဲ......."ကလေးငယ် ဒီနေ့ အပြင်မှာ date မလား"
ရင်ခွင်ထဲမှာ အပ်ထားသော မျက်နှာလေး Sehun အား မော့ကြည့်ကာ..
"Jinja"
"အွန်းပေါ့ ကလေးရဲ့ မသွားချင်ဘူးလား"
"အွန့်.. ဟုတ်ဘူး သွားချင်တာပေါ့ ဒီက လေးငယ်ခေါ်ရင် ကမ္ဘာဆုံးထိတောင်လိုက်တယ် ဟီး.. "
လက်ခုပ်လက်ဝါးတီးပီး ခုန်ပေါက်ကာ ပျော်နေသော ကလေးလေး
လာပါအုံး ဆိုကာ baekhyun လက်လေးအား လှမ်းဆွဲပီး
ရင်ခွင်ထဲထည့်ကာ ပျော့ပြောင်းပြောင်းဆံသားတို့အား နမ်းရှုံ့သည်....Baekhyunဆံသားအား လက်ချောင်းလေးများဖြင့် ထိုးဖွကာ
"ခေါင်းလျှော်တော့ အဆိုးလေး"
"ဟီး.... လေးငယ်လျှော်ပေးလေ"
"ဟုတ်ပါပီဗျာ... ချစ်တော့လည်း အလိုလိုက်ရမှာပေါ့"
Baekhyun ကိုယ်လေးအား စွက်ခနဲ ပွေ့ချီကာ ရေချိုးခန်းထဲ ခေါ်သွားတာ sehunရယ်ပါ....
"လှအောင်ရိုက်ပေးနော်..."