Ep(2) U/Z

13.1K 1K 13
                                    

2),

Unicode;

"သွားမယ်​ထယ်''

" အင်း ဒါနဲ့ ဂျွန် အဲ့လူ​တွေကဘယ်​သူ​တွေလဲ''

အိမ်တံခါးဝမှာရပ်နေတဲ့ သူနှစ်ယောက်ကို မေ့းငေါ့ပြပြီးမေးလာတဲ့ထယ်ယောင်းကြောင့် ဂျောင်ဂုတံခါးဝကိုလှမ်းကြည့်လိုက်ပြီး

" အာ သူတို့လား ထယ့်အတွက်လေ ကိုယ်မရှိတဲ့ချိန်ထယ်အပြင်လျောက်ထွက်မှာဆိုးလို့ ''

ဂျောင်ဂုရဲ့စကားကြောင့် ထယ်ယောင်းအလိုမကျသလိုမျက်မှောင်ကျုတ်လိုက်ပြီး

" ထယ် ကလေးမဟုတ်ဘူးဂျွန် ''

"မရဘူး ထယ်ကို​ယ်ပြောသလိုလုပ်​ ပြီး​တော့ ထပ်ပြောထားမယ်​ ကိုယ်မပါဘဲတ​ယောက်​ထဲအပြင်​မသွားရဘူး ပြီး​တော့ အဲ့လူတွေနဲ့လဲ​ရော​ရော​နှော​နှောမ​နေနဲ့ ကြားလား ''

ထယ်ယောင်းလည်းဘာမှမပြောချင်တော့တာနဲ့ ကားမှန်​ဘက်​သို့သာမျက်​နှာမူလိုက်​​တော့သည်​။
........,
" ထယ် ကိုယ်သွားတော့မယ် ''

အလုပ်သွားဖို့အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ ဂျောင်ဂုရဲ့နားကိုထယ်ယောင်းသွားလိုက်ပြီး

" ထယ်လည်းလိုက်မယ် ''

" မလိုက်ရပါဘူး အိမ်မှာဘဲနေခဲ့ ''

" ဂျွန်ကလည်း အိမ်မှာထယ်တစ်ယောက်ထဲကျန်ခဲ့မှာ ပျင်းစရာကြီး ပြီးတော့ ဟိုလူတွေနဲ့မနေခဲ့ချင်ဘူး ''

ထယ်ယောင်းဆူပုတ်ပြီးပြောနေတာကို ဂျောင်ဂုကြည့်ရင်းအသဲယားလာတာကြောင့် ထယ်ယောင်းရဲပါးဖောင်းဖောင်းလေးကိုဖိကပ်ကာနမ်းလိုက်ပြီး

" စကားကိုဘယ်လိုတွေတောင်ချစ်ဖို့ကောင်းအောင်ပြောနေတာလဲကွာ ''

ဂျောင်ဂုရဲ့စကားကြောင့်ထယ်ယောင်းဂျောင်ဂုကိုမျက်စောင်းထိုးလိုက်သည်။

" ကောင်းပြီ ကောင်းပြီ ကိုယ်နဲ့လိုက်ခဲ့ ဒါပေမယ့်တစ်ခုတော့ရှိတယ်နော် ''

လိုက်ခဲ့ဆိုတာနဲ့ ခုနကနဲ့မတူပြုံးရွှင်လာတဲ့မျက်နှာလေးက သူဆက်ပြောလိုက်တဲ့စကားကြောင့် စိတ်မရှည်သလိုလေးဖြစ်သွားတာကိုတွေ့တော့ ဂျောင်ဂုရီလိုက်မိသည်။

Stay With Me [Complete]Donde viven las historias. Descúbrelo ahora