M

8.8K 440 28
                                    

In all chapters, UNICODE ver..will follow
after ZAWGYI ver....

ZAWGYI VERSION

တောင်ကိုရီးယားနိုင်ငံ...ဆိုးလ်မြို့ဆေးရုံ၏.....
အခန်းတစ်ခန်းတွင်ဆရာဝန်တွေ သူနာပြုတွေနဲ့ရှုပ်ယှက်ခတ်နေသည်။ထိုဆရာဝန်များ သူနာပြုများအလယ်တွင်တော့ ရုန်းကန်ကာအော်ဟစ်နေတဲ့ကောင်လေးတစ်ယောက်။ဦးခေါင်းထပ်မှအညိုရောင်ဆံပင်တို့သည်ကောင်လေး၏အသားအရေနဲ့ပနံသင့်စွာ။ခပ်ချွန်ချွန်မဟုတ်သော်လည်းဖြောင့်စင်းတဲ့နှာတံလေး ခပ်ထူထူနှုတ်ခမ်းတစ်စုံ ဖောင်းမို့မို့ပါးပြင်တို့နှင့်ကောင်လေးကရုတ်တရက်ကြည့်လျှင်
အရုပ်ကလေးလို။ သို့သော် ခပ်မို့မို့မျက်ခွံတွေအောက်က
ကောင်လေးရဲ့မျက်ဝန်းတွေကတော့အသက်မဲ့နေခဲ့သည်။

"သွားအကုန်ထွက်သွား သွား!!!!!"

ဆရာဝန်တွေ သူနာပြုတွေဝိုင်းချုပ်ကြသည့်ကြားမှအော်ဟစ်နေသော ဂျီမင်း ကိုကြည့်ရင်းသူမဘာလုပ်ရမှန်းမသိဖြစ်နေမိသည်။မျက်ဝန်းတို့အားစည်းနှောင်ထားသည့်ပတ်တီးဖြူဖြူတို့အား ဆွဲဖြုတ်ရင်းရုန်းကန်အော်ဟစ်နေသော ဂျီမင်း ပုံရိပ်ကသူမရင်ကိုနာကျင်စေသည်။
ဂျီမင်း ထိုသို့ဖြစ်သည်မှာသူမပယောဂမကင်းဘူးမဟုတ်ပါလား။အလုပ်တွေများနေ၍သူမအားအချိန်မပေးနိုင်သော
ချစ်သူအား စိတ်ဆိုးပြီး မိမိအားချက်ချင်းလာတွေ့ခိုင်းခဲ့သည်။ ရောက်လာလျှင်လည်းစိတ်ကြိုက်ရစ် ပစ်အုံးမည်ဟုစဉ်းစားထားခဲ့သေးသည်။ သို့သော်အချိန်တော်တော်ကြာအောင်ရောက်မလာ၍ဖုန်းဆက်မိတော့ကြားလိုက်ရသည့်သတင်းက............

သူမဆီလာတဲ့လမ်းတွင်car accident ဖြစ်သည်တဲ့လေ။သိ သိချင်းလိုက်သွားမိတော့ကြားလိုက်ရသည့်သတင်းကသူမရင်ဝကိုဆောင့်ကန်လိုက်သလို။ဂျီမင်း မျက်ဝန်းတို့သည်ကားမှန်စများကြောင့်ပျက်စီးသွားပြီတဲ့။ ချစ်ရသူမျက်ဝန်းတို့အားသူမဖျက်စီးမိလိုက်ပြီ......သူမကြောင့်သာ မဟုတ်လျှင်။ သူမသာလာမတွေ့ခိုင်းခဲ့လျှင်......

အတွေးတို့ဖြန့်ကျက်မိနေတုန်း လက်ခုံပေါ်လာထိသောအထိအတွေ့ကြောင့် ကြည့်လိုက်မိတော့......မျက်ရည်တို့ရွဲနေသောမျက်ဝန်းတို့ဖြင့်သူမအားကြည့်နေသော
တီလေး....။ဂျီမင်း၏တစ်ဦးတည်းသော တီလေး....။

ᴍᴀᴋᴇ ᴀ ᴡɪꜱʜ / ᴄ /Where stories live. Discover now