EP 2

2.7K 229 2
                                    

#Unicode#

December. 2 .2017
အဲ့နေ့က မြင့်မြတ်နဲ့ အောင်တို့အပြင်မှာ မထင်မှတ်ဘဲ တွေ့ကြတယ်လေ။ မြင့်မြတ်က တက်သစ်စ modelဆိုပေမဲ့ မျက်နှာသိတဲ့လူ မြင့်မြတ်လည်း သာမန်ဘဝလေး လိုချင်မိတယ်။ အဲ့တုန်းကဖုန်းလာဝယ်တာလေ၊ အောင်က အဲ့ဒီဆိုင်မှာမှန်းမသိဘူး။ ရေစက်လားများလား၊ ဖူးစာလား၊ ကံကြမ္မာက ဆုံဆည်းပေးတာလား မသိတော့ဘူး။

အဲ့နေ့က မြင့်မြတ်အကို့ကို ငေးနေခဲ့မိတာ၊ အကိုကဖုန်းအကြောင်း တွေကို ရှင်းပြနေပေမယ့် အကို့ကိုဘဲ ငေးနေမိတယ်။ ဖြစ်နိုင်ရင် အကို့ကို မြင့်မြတ်ရှေ့ထားပြီး တစ်စိမ့်စိမ့်ကို ကြည့်ချင်မိတော့တာ။

*****

"မဖြစ်နိုင်ဘူး၊ ဒါဘယ်မဖြစ်နိုင်ဘူး။ ဘာ ဘာလို့ ငါ့ခန္ဓာကိုယ်က အဲ့ခုတင်ပေါ် ရှိနေတာလဲ။ မဖြစ်နိုင်ပါဘူး၊ ငါ....ငါကဘယ်လိုလုပ်" ဆိုပြီး ပါးစပ်က တရစပ် ရေရွတ်ကာ မြင့်မြတ် အခန်းအပြင်သို့ ပြေးထွက်လာလိုက်လေသည်။ အခန်းပြင်သို့ရောက်တော့

"ဒါ....ဒါ.....ကျွန်မတို့ သမီးမြစိမ်းလား။ ဟုတ်လို့လားရှင် သေချာ‌လေး စစ်ဆေးကြည့်ပါအုန်း"
ဆိုကာ ငိုယိုပြီး ပြောနေတဲ့ မြစိမ်းရောင် အမေအသံကို ကြားလိုက်ရတော့သည်။ အသံလာရာဆီသို့ မြင့်မြတ် တန်းတန်းမတ်မတ် သွားလိုက်လေသည်။ တစ်ကယ်ပင် မြစိမ်းရဲ့အမေ ဖြစ်နေလေ၏။

"ဒါတစ်ကယ်ဖြစ်နေတာလား။ ဒါဆို ဘာလို့ ငါပြောတာတွေ မကြားရတာလဲ" ဆိုပြီး မြင့်မြတ် အဖြေမပေါ်သည့် အမူသည်လို စဉ်းစားနေလေတော့သည်။

မြင့်မြတ် သိလိုစိတ် ပြင်းပြလာတာကြောင့် ရှေ့နားတို့ သွားကြည့်လိုက်တော့သည်။ တကယ်ပင် မြစိမ်းနဲ့ သူရတို့ရဲ့ အလောင်းတွေ ဖြစ်နေလေသည်။ တစ်ကယ်ကို မြစိမ်းနဲ့သူရတို့ရဲ့ ခန္ဓာတို့က ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေရဲ့။

"ဒါ...ဒါတစ်ကယ်ဖြစ်နေတာပေါ့" ဆိုပြီး မြင့်မြတ် မှိုင်တွေသွားတော့သည်။ ထိုအချိန်

"သား....သားလေးသွားလိုက်ပါ အန်တီစောင့်လိုက်ပါ့မယ်။ သားမြင့်မြတ်က သတိရလာမှာပါလေ"

If(အကယ်၍...)/{complete}Donde viven las historias. Descúbrelo ahora