ညို့မှိုင်းနေတဲ့ ကောင်းကင်ကြီးက တိမ်ညိုတိမ်မဲတွေနဲ့ မိုးရိပ်တွေဆင်နေလေရဲ့~
တဂျိန်းဂျိန်းခြိမ်းနေတဲ့ကောင်းကင်ကြီးကလဲ မကြာ
ခင် မိုးရွာတော့မယ်လို့ပြောနေသယောင်~အအေးဓာတ်ပါတဲ့ လေကြမ်းတွေကလဲ နေရာအနှံ့ စုန်ချည်ဆန်ချည် တိုက်ခတ်နေကြသည်~
'ညီသုတ' လက်ထဲက ထီးကိုကျစ်ကျစ်ပါအောင်
ကိုင်ထားရင်း ထိုင်နေကျနေရာလေးမှာပဲ စောင့်နေ
လိုက်သည်~မကြာခင် သူလာတော့မှာပါ~~~
**********
"စောင့်နေရတာ ကြာပြီလား"
"ဟင်အင်း! အခုမှရောက်တာ"
'သုတ' ကိုကို့ လက်ထဲက ဘေးလွယ်အိတ်ကို
ပြောင်းယူကာ လွယ်လိုက်သည်~"နောက်နေ့ကျရင် ကျောင်းရှေ့မှာ လာကြိုပေးမယ်လေ"
"ဟမ်~~ရ~ရတယ်~ကို့ကို ဒီကပဲစောင့်~ကို
လာခဲ့မယ်"'သုတ'အသာလေးပဲ ခေါင်းပြန်ညိမ့်ပြလိုက်သည်~
***********
"သားသုတ! ဒီရက်ပိုင်း သားအသုံးစရိတ်တွေအရမ်းများနေတယ်နော်"
"အမ်! ဟုတ်~ဟုတ်တယ်~ Daddy!
သားဝယ်စရာလေးတွေရှိနေလို့ပါ"~ကြည့်ရတာ ကိုကို ကျောင်းမှာ စာအုပ်ဖိုးတွေပေး
နေရပြန်ပြီထင်ပါတယ်~'သုတ' ဒီနေ့လဲ Daddy company ကနေအပြန်
ကိုကို့ရဲ့ ဆေးကျောင်းရှိရာကို လာခဲ့လိုက်သည်~အရင်ဆို ကိုကိုစောင့်ခိုင်းနေကျ အပြင်ဘက်က
ချောင်ကျတဲ့နေရာလေးမှာပဲ စောင့်နေခဲ့ပေမယ့် ဒီ
နေ့တော့ ကျောင်းဝင်းထဲကို ၀င်လာမိလိုက်သည်~သိပ်မကြာလိုက်~ 'ကိုကို'တစ်ယောက်ဂျူ တီကုတ်
လေးနဲ့ သွားဖြူ ဖြူ လေးတွေပေါ်အောင် ပြုံးရယ်ကာ
ထွက်လာသည်~
YOU ARE READING
Waiting(Completed)
Fantasy'ရှိုင်းမာန်ခ''ညီသုတ' Shine Mahn Kha,did you love him? Some readers will say he love him,Nyi Thu Ta.❤❤ But, some readers will also say he don't love him,Nyi Thu Ta.💔💔 Really, Shine Mahn Kha can only know this answer.💞💞 #Myanmar fiction💚 #Bo...