အချစ်က ဘောလုံး

2.9K 515 185
                                    

                     အချစ်က ဘောလုံး

" အန်တီရေ ... Luhan ရော "

" ထုံးစံအတိုင်းပဲ သားရေ .. မင်း ညီက လမ်းထဲက ကလေးတွေနဲ့ ဘောလုံးကန်တဲ့ "

Luhan ၏ အမေသည် ဝတ်ထားသော apron ကို ချွတ်ပြီး မီးဖိုချောင်ဝမှာ မတ်တပ်ရပ်နေကာ မေးနေသော Sehun အား ပြောသည် ။

" လာလေ သား .. ထမင်းစားမလား "

" တော်ပြီ အန်တီ .. ဒါဆို ကျွန်တော်သွားတော့မယ် "

မီးဖိုချောင်ကနေ လှည့်ထွက်ခဲ့ရင်း Sehun အံတင်းတင်းကြိတ်မျသည် ။ ဒီနေ့ အပြင်သွားမယ်လို့ မနေ့ထဲက သေချာပြောထားတာကို သူ့စကားကို ဂရုမစိုက် ။ အားနေ သူ့အလုံးနဲ့ပဲ အလုပ်ရှုပ်နေတာ ။ နေနှင့်စမ်း လာကြည့် တွေ့တဲ့နေရာမှာ ဖင်ကိုဆောင့်ကန်ပစ်မယ် ။

Sehun ကားပေါ်မှာထိုင်ရင်း စိတ်ကိုဆွဲဆန့်ထားကာ စောင့်သည် ။ သူ့မှာတော့ အလုပ်စောဆင်းပြီး ဒီကောင်လေးကို စားကောင်းတာလေးတွေ ဝယ်ကျွေးမယ်ဆိုပြီး ပျော်နေရတာ .. သူကတော့ သူ့ဘောလုံးလောက် ကိုယ့်ကိုအရေးပင်မလုပ်ပေ ။

5:00 PM
5:30 PM
6:00 PM

အရိပ်တောင်မမြင်ရသောကြောင့် Sehun စိတ်လျှော့ပြီး ဘောလုံးကွင်းသို့ သွားရန် ပြင်လိုက်သည် ။ ကလေးတွေကြားထဲ အတင်းပြန်မခေါ်ခဲ့ချင်လို့  ရုပ်ပျက်ဆင်းပျက်တွေမဖြစ်ချင်လို့ သူငြိမ်နေတာကို သူ့စိတ်ကိုဆွပေးသည် ။

ဘောလုံးကွင်းထဲ ရောက်သည့်အခါ ကလေးတစ်သိုက်အလည်မှာ ဝင်ပြီး ပါးစပ်တွေပေပွနေအောင် ရေခဲမုန့်စားနေသော ငလက်မကို တွေ့သည့်အခါ ဒေါသထွက်နေတဲ့ Sehun စိတ်တွေလျော့သွားသလိုပင် ။ ထိပ်တွင် ထိုးထိုးထောင်ထောင်ဖြင့် ဆံပင်ကစီးထားသေးသည် ။ မဖြစ်သေးဘူး ။ အခုချိန်က ညစ်ပတ်ပေပွနေတဲ့ မျက်နှာကို ဘူးထရမဲ့အချိန်မဟုတ်သေးဘူး ။

Sehun လျှောက်လာတာမြင်တော့ Luhan က လက်လေးဝဲပြကာ သူ့ဆီလာဖို့ခေါ်နေသည် ။ အနားနီးလေလေ လျော့ချင်နေသည့်စိတ်က ပိုများလာတာကြောင့် Sehun ခနရပ်လိုက်ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည် ။

မျက်နှာကို အတတ်နိုင်ဆုံးတည်ထားကာ အလည်တွင်ညပ်နေသော Luhan ကို လက်ကနေ ဆောင့်ဆွဲလိုက်တော့ ပုံပန်းပျက်ပျက်လေးနဲ့ Sehun နောက် ပါသွားရတော့သည် ။

You've reached the end of published parts.

⏰ Last updated: Dec 16, 2018 ⏰

Add this story to your Library to get notified about new parts!

အချစ်က ဘောလုံး Where stories live. Discover now