A

2.9K 326 6
                                    

ZAWGYI VERSION

နီယွန်မီးများဖြင့်လှပနေသောညချမ်း...
ဆိုးလ်မြို့လမ်းမထပ်တွင်တော့ကားလေးတစ်စီးပြေးလွှားနေသည်။

ကားမောင်းနေရင်း ဂျီမင်း လက်မှနာရီအားကြည့်လိုက်သည်။ချိန်းထားသောအချိန်ထက်ပင်မိနစ်အနည်းငယ်စွန်းနေခဲ့ပြီ။စိတ်ရှုပ်သလိုဆံပင်ညိုညိုတို့အားအနည်းငယ်ဖွလိုက်ရင်း....မောင်းနေသည့်အရှိန်အားအနည်းငယ်တင်လိုက်သည်။သူအချိန်မီရောက်ဖို့လိုသည်လေ။ကားမောင်းနေရင်းပင်ရေဒီယိုကိုဖွင့်လိုက်ပြီးပျံလွင့်လာသည့်သီချင်းသံအားနားစွင့်နေမိသည်။လွန်ခဲ့သောမိနစ်အနည်းငယ်ကရုံးတွင်မပြီးပြတ်သေးသည့်အလုပ်များလုပ်နေရင်းသူမဆီမှဖုန်းဆက်လာခဲ့သည်။သူမကိုလာတွေ့ရန်........။ဖုန်းထဲတွင်ကြားရသောသူမအသံအရသူမစိတ်ဆိုးနေကြောင်းသိသာသည်။အလုပ်တွေရှိသေး၍မလာနိုင်သေးလို့ပြောလည်းမရပါ။လာတဲ့အထိစောင့်မည်တဲ့။မိန်းကလေးဖြစ်သည်ကတစ်ကြောင်း...ညဥ့်နက်နေပြီဖြစ်သည်ကတစ်ကြောင်းကြောင့်လုပ်လက်စအလုပ်များအကုန်ပစ်ကာသူမဆီသို့သာထွက်လာခဲ့သည်။

မြင်ကွင်းထဲဝင်လာသောမီးပွိုင့်နီနီကြောင့်
ကားကိုရပ်လိုက်ပြီးရေဒီယိုမှသီချင်းသံအားအနည်းငယ်ချဲ့လိုက်သည်။စက္ကန့်အနည်းငယ်ကြာအောင်စောင့်ဆိုင်းအပြီးအစိမ်းရောင်သို့ကူးပြောင်းသွားသောမီးပွိုင့်ကြောင့်ကားမောင်းဖို့ပြင်လိုက်စဉ်ကားနောက်ကြည့်မှန်အားအကြည့်ရောက်မိတော့.... သူ့ကားနောက်မှရပ်ထားသောအမဲရောင်နောက်ထပ်ကားတစ်စီးကမြင်ကွင်းထဲဝင်လာသည်။
မီးပွိုင့်သည်အစိမ်းရောင်ပြနေပြီဖြစ်သောကြောင့်ထွေထွေထူးထူးစဉ်းစားမနေတော့။ သူမဆီအရောက်သွားဖို့သာပြင်လိုက်သည်။သို့သော် မိမိကားနောက်မှတောက်လျှောက်ကပ်လိုက်လာသောထိုအမဲရောင်ကားကြောင့်ဂျီမင်း
မသင်္ကာချင်တော့...။ထို့ကြောင့် ထိုကားအားမျက်ခြေဖြတ်ရန် မောင်နေသောအရှိန်အားသက်မှတ်ထားသည်ထက်ပိုတင်လိုက်မိသည်...။သို့သော်......ကားလမ်းမ၏အချိုးတစ်ခုအားချိုးကွေ့လိုက်စဉ်.......မျက်နှာချင်းဆိုင်မှဝင်လာသောနောက်ထပ်ကုန်တင်ကားတစ်စီး.........

ᴍᴀᴋᴇ ᴀ ᴡɪꜱʜ / ᴄ /Hikayelerin yaşadığı yer. Şimdi keşfedin