(Unicode ver)
"Ni~~"
"ဘာတုန်း babeရဲ့..."
ပေါင်ပေါ်ထိုင်ဆိူတော့လည်းမထိုင်ပဲ ကားစတီယာတိုင်အလည်တည့်တည့်ထိုင်နေရှာသော အကောင်ပေါက်လေး...
စတီယာတိုင်လှည့်လို့ သူ့ကိုယ်လေးလှုပ်နေရင်...တခ်ခ်နဲ့ကိုသဘောတကျရယ်တတ်သေးတာ...မျက်စိရှေ့ကနေ လှုပ်တိလှုပ်တိနဲ့ ချစ်ဖို့ကောင်းအောင်ရယ်ပြနေတာမို့..
ကားမောင်းနေခြင်းကို...သူအာရုံမနည်းစိုက်ထားရသည်..
မတော်တဆဖြစ်လို့ ကိုယ်ဖြစ်သွားရင် ဘာမှမဖြစ်!!
babeလေးသာဖြစ်ရင် သူရင်ကျိုးရချည်ရဲ့....
ခုလည်း..Ni~~ဆိုပြီး..သံရှည်ဆွဲခေါ်ပုံရရင် တခုခုလိုချငိနေတာရှိနေပြီ!!"ပြော...babeဘာလိုချင်လို့လဲ~~ "
"နှာခေါင်းထဲက...ညစ်ပတ်ရေတွေကျနေတယ်..ရွှတ်! သုတ်ပေးနော် "
နှာခေါင်းပေါက်လေးနားလက်ညိုးတထိုးထိုးနဲ့...နှာရည်တွေကိုပြပြီး..
မျက်နှာလေးကို ရှုံ့မဲ့ထားတာ...အသန့်ကြိုက်တာကလည်းလွန်ရော
မသုတ်မပေးချင်း...ဂျီကျနေမှာ သူအသိဆုံး~~~Tissue Boxထဲက tissueလေးတစ်ရွက်ယူတော့...
လက်ကိုအတင်းလာဆွဲပြီး..တားနေပြန်ပြီ!!!"အဲ့အရွက်ကြီးနဲ့ မသုတ်ဘူးနော်...Niရဲ့လက်နဲ့သုတ်ပေးလေ ဟင့်!!"
မျက်ရည်တွေဝိုင်းလာပြီး...တအိအိငိုလာတော့မယ်ဆိုတာသူရိပ်မိလာပြီ
တစ်ရှူးနဲ့သာသုတ်ရင် တကယ်ကြီးငိုမယ့်ပုံကြီးနဲ့.....
လက်နဲ့သုတ်ပေးရမယ်လို့ပြောတာမို့ သဘောတော်အတိုင်း
လုပ်ပေးရတော့မှာပေါ့!!!!အဲ့တော့ကားကို တိခနဲ့ဘေးထိုးရပ်ပြီး..အကောင်ပေါက်လေးကို
လက်ဖဝါးပေါ်တင်ပြီး...ဖြည်းဖြည်းညင်ညင်သာသာလေး လက်ညိုးလေးနဲ့သုတ်ပေးတော့....ဟွန့်ခနဲ့ဆိုပြီး...
ညစ်ချလိုက်တာ...နှာရည်တွေကျလာတာများကြီးပဲ....."ဟိ!!! Ni~ ကုန်သွားပြီ...နှာရည်တွေကုန်ပြီ "
နှာညုစ်ပေးလိုက်တော့...လက်ဖဝါးပေါ်ခုန်ပေါက်ကာပျော်နေလေရဲ့.....
ကျွန်တော့်မှာသာ...နှာရည်ပေနေတဲ့ လက်ညိုးလေးကိုကြည့်လိုက်
သူ့ကိုကြည့်လိုက်နဲ့ ကြောင်တောင်တောင်လေးကိုဖြစ်လို့~~~