*BitterSweet*
"နင် အရှက်မရှိဘူးလား ဗြောင်းဘတ်ခ်ဟွန်း "
တိတ်ဆိတ်နေတဲ့ ကော်ဖီဝိုင်းဟာ ယခုကဲ့သို့အစပြုလေ၏။.
ကော်ဖီဇွန်းကိုကိုင်ပြီး မွှေနေတဲ့ ပေါ့ရှန်ရဲ့လက်တွေဟာ သူမအပြောကြောင့်..ခေတ္တတော့ရပ်တန့်သွားသည်။..ထို့နောက် သူ့မျက်နှာထက်မှာ ယောက်ျားဆန်စွာ အပြုံးတစ်ခုချိတ်ဆွဲပြလိုက်သည်။"ဘာကိုလဲ?...မင်းဒီလို အရှက်မရှိဘူးပြောဖို့အတွက် ခရီးကပြန်လာပြီး မနားရသေးတဲ့ ကိုယ့်ကိုတွေ့ဖို့ချိန်းလိုက်တာလား "
အဘိုးဆီက ပြန်ရောက်ရောက်ချင်း ပတ်ခ်ချန်းယော်လ်ကူ 'မ'ပေးသွားတဲ့ ပုဇွန်ထုပ်တွေ ပင်လယ်ကောင်တွေတောင် ရေခဲသေတ္တာတွေမထည့်ရသေးပဲ..ယခု သူ့အရှေ့က အမျိုးသမီးဆင့်ခေါ်မှု့နဲ့ ကော်ဖီဆိုင်ကိုရောက်နေခြင်းဖြစ်၏။
ရောက်ထဲက စကားတစ်ခွန်းမပြောပဲ အချိန်ဆွဲနေတဲ့ သူမကို ပေါ့ရှန် စိတ်ဆိုးနေမိသေးသည်။..သူ့ရဲ့အဖိုးတန် ပင်လယ်ကောင်တွေ အပြင်ရာသီဥတုပူပူမှာ ပုတ်သိုးသွားမည်ဆိုးတာကြောင့်ပင်။"ဟက်..အခုမှ နင်ရူးချင်ယောင်ဆောင်မနေနဲ့..ကိုကိုနဲ့တောင် ခရီးတူတူထွက်ထားတဲ့ နင်က တော်တော်မျက်နှာပြောင်တိုက်တာပဲ..ပြောစမ်းပါအုန်း ဘာတွေနဲ့များ မြူဆွယ်ထားလို့လဲ"
ခရီးတူတူထွက်ခြင်းက ဒီအမျိုးသမီးအတွက် ဘယ်လောက်များ ဆန်းကြယ်နေလည်းဆိုတာ မပြောတတ်။
"သူငယ်ချင်းယောက်ျားလေး ၂ယောက် ခရီးအတူတူထွက်တာ ဘာများထူးဆန်းနေလို့လဲ ။ မင်းအတွေးတွေ လွန်နေပြီထင်တယ်နော် "
"ဟက်...ဗြောင်းဘတ်ခ်ဟွန်း နင်က တကယ်ကို ရူးသွားတယ် ဆိုတာ မှန်နေတာပဲ
ငါဒီလို အတွေးလွန်နေရတာကလည်း နင့်ရဲ့လုပ်ရပ်တွေကြောင့်လေ""အာ...အရင်က ကိုယ်မမှတ်မိတဲ့ အတိတ်ကို မင်းကဆိုလိုချင်တာလား?.. အဲ့အတွက်တော့ ဆောရီး အတိတ်မှာ ဘယ်လိုတွေ ပြုမူခဲ့လည်းမသိပင်မယ့်..အခုလက်ရှိတော့..ကိုယ် ပတ်ခ်ချန်းယော်လ်ကို လုံးဝစိတ်မဝင်စားဘူးဆိုတာ ကျိန်ဆိုနိုင်တယ် ..."