အပိုင်း-၁၃

2.4K 261 7
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၁၃)

@@@@@@@@@@@@@@@@@@@@@

လုံတ၊ လုံအယ်၊ လုံစမ်း၊ လုံဆစ်၊ သူတို့အတွက် နာမည်ကို ပေးခဲ့ဖူးသည်က မိခင်၏မျိုးရိုးကို လိုက်၍ ဖြစ်သည်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာတုန်းက ကောင်းကင်နန်းတော်တွင် နတ်ဒေသများ မခွဲခြားခင်တုန်းက သူတို့လေးဦးသည်ပင် ကောင်းကင်နဂါးဆိုသည့် ကျိန်စာကို မထိမိသေးပေ။ အငယ်ဆုံး အထွေးဆုံး အဆိုးပေဆုံးသော ညီအငယ်လေး မောင်အငယ်လေးသည် ဇနီးသည်နှစ်ဦး ယူထားသည်ကိုမှ အားမနာ ဖြစ်တည်မှုအစဖြစ်သော နတ်မင်း၏ဇနီးသည်အား ကိုယ်လေးလက်ဝန်ဖြင့် ချုပ်နှောင်ခဲ့သည်မှစ၍ မီးနန်းတော်သည် လူသူသက်ရှိ အားလုံးက နှင်းမှုန်လွှာအဖြစ်သို့ ပြောင်းလဲသွားကာ မီးနတ်မင်း၏ အမျိုးနွယ် ပျက်သုန်းခဲ့ရသည်။ ထိုမှစ၍ သူတို့လေးဦးသည်လည်း အသက်မဆုံးရှုံးစေရေး အတွက် ချီးရှီနတ်မင်းမှ ကောင်းကင်နဂါးကျိန်စာကို တိုက်ခဲ့လေရာ နတ်နဂါးအဖြစ်မှ ကောင်းကင်မှပိုင်ဆိုင်သော ကောင်းကင်နဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

လက်ရှိတွင်မူ ကောင်းကင်နဂါးလေးကောင် လူသားအသွင်ဖြင့် ကောင်းကင်နန်းတောင်အတွင်းတွင် ထိုင်နေကြသည်။ ပြီးတော့မှ အကြီးဆုံး အစ်ကိုတော်က

'ဒီအိမ်ရှေ့မင်းသားက ငါတို့ နိုးလာတာကို အလဟသ ဖြစ်နေစေတယ် ပြီးတော့ သူသာ နတ်စွမ်းအားတွေကို မသင်ယူဘူး ဆိုရင် ငါတို့ သူ့ကို ကာကွယ်ရတာ ပိုပင်ပန်းတယ် မဟုတ်သေးဘူး သူ နတ်စွမ်းအားကို သင်ယူဖို့ ငါတို့ နည်းလမ်း ရှာမှ ဖြစ်မယ်'

လုံစမ်းက လူပြည့်၌ သွားပြီး စောင့်ကြည့်ရသူ ဖြစ်ကာ သက်ပြင်းချလိုက်ပြီး

'အိမ်ရှေ့မင်းသားက သူ့ရဲ့လူ့ပြည်က ညီမလေးကို စိတ်မချ ဖြစ်နေတာ သူ့ညီမလေးက တစ်ရက်မှာ နှစ်နာရီပဲ နိုးလာတာ အဲ့အတွက် သူက စိတ်မချဘူး'

'လူသားကို စိတ်မချလို့ ကောင်းကင်နန်းတော်ကို ပစ်ထားတော့မလို့လား အခုချိန်မှာ သူ နတ်အစွမ်းတွေကို မလေ့လာဘူး ဆိုရင် နောင်တစ်ချိန်မှာ သူ့နေရာအတွက် သူဒုက္ခရောက်တော့မယ် ဘယ်လိုပဲ အိမ်ရှေ့မင်းသားကိုယ်ရောင်ဝါနဲ့ မွေးဖွားလာတယ် ပြောပြော ဟုန်လျန် နတ်မင်းရဲ့ စမ်းသပ်ချက်တွေကို ဖြတ်ကျော်ရအုံးမှာပဲ'

စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ The Legend of Azure LakeWhere stories live. Discover now