" အား - - - Kim Jun Myeon ခင်ဗျားကြီးက ဘာလို့ကျုပ်အတွေးထဲ ခဏခဏ ဝင်ဝင်လာရတာလဲ "
Oh Sehun တစ်ယောက် အရူးလိုပဲ အခန်းထဲအော်နေမိသည်
အိပ်မယ် ဆိုပြီး အိပ်ယာပေါ် လှဲမိပါတယ် အတွေးထဲ ရောက်လာတာက သောကြာနေ့ကမှချစ်သူဖြစ်ခဲ့တဲ့ Kim Jun Myeon ဆိုတဲ့ စီနီယာ Hyung
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပြန် အတွေးထဲတွင်သာမက မျက်လုံးမှိတ်လိုက်တော့လဲ ပေါ်လာပြန်တာ Hyung ပုံရိပ်တွေ
" Hyung ရာ ဘာလို့ အဲ့လောက်တောင် ကျွန်တော့အတွေးထဲစိုးမိုးနေရတာလဲ "
ကျောင်းလေးနှစ်ရက်ပိတ်ပါတယ် အဲ့နှစ်ရက်အတွင်းမှာ သတိရနေတာ အကြိမ်တစ်ရာမကတော့
အရင်က ကျောင်းပိတ်ရက်တွေကို ပျော်သလောက် ခုတော့ကျောင်းပဲ ပြန်ဖွင့်စေချင်တယ်
ဖြစ်နိုင်ရင်ကျောင်းပိတ်ရက်တောင် မရှိစေချင်တော့
Hyung မျက်နှာလေးကို တစ်ရက်လောက်မတွေ့ရရင် ကိုမနေနိုင်တော့တာ
" ကျောင်းရယ် မြန်မြန်ဖွင့်ပါတော့ "
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
Oh Sehun တို့်မျှော်လင့်နေတဲ့ ကျောင်းဖွင့်ရက်ကို ရောက်ရှိလို့ လာခဲ့ပြီ
မိုးလင်းထဲက ကျောင်းသွားဖို့ ပြင်ဆင် နေတာ မပြီးတော့
Hyung နဲ့တွေ့ရတော့မှာဆိုတော့ ကိုယ်ကကြည့်ကောင်းနေမှ ဖြစ်မယ်လေ
" Hun ရေ သား Sehun ပြင်လို့ဆင်လို့ မပြီးသေးဘူးလား သားရေ
ကျောင်းသွားမှာပါနော် Omma သားလေး ရှုတင်နဲ့များမှားသလားလို့ "အိမ်အောက်က Omma အော်သံကြားမှပင် Sehun တစ်ယောက် ပြင်ဆင်လို့ပြီးတော့တယ်
" Omma သား မနက်စာ မစားတော့ဘူး နောက်ကျမှာစိုးလို့ကျောင်းမှာပဲ စားလိုက်တော့မယ် "