One Shot

540 58 5
                                    

" အား - - - Kim Jun Myeon ခင်​ဗျားကြီးက ဘာလို့ကျုပ်​​အ​တွေးထဲ ခဏခဏ ဝင်​ဝင်​လာရတာလဲ "

Oh Sehun တစ်​​ယောက်​ အရူးလိုပဲ အခန်းထဲ​အော်​​နေမိသည်

အိပ်​မယ်​ ဆိုပြီး အိပ်​ယာ​ပေါ် လှဲမိပါတယ်​ အ​တွေးထဲ ​ရောက်​လာတာက ​သောကြာ​နေ့ကမှချစ်သူဖြစ်ခဲ့တဲ့ ​​Kim Jun Myeon ဆိုတဲ့ စီနီယာ Hyung

ဒါတင်​ပဲလားဆို​တော့ မဟုတ်​​သေးပြန်​ အ​တွေးထဲတွင်​သာမက မျက်​လုံးမှိတ်​လိုက်​​တော့လဲ ​ပေါ်လာပြန်​တာ Hyung ပုံရိပ်​​တွေ

" Hyung ရာ ဘာလို့ အဲ့​လောက်​​တောင်​ ကျွန်​​​တော့အ​တွေးထဲစိုးမိုး​နေရတာလဲ "

ကျောင်း​လေးနှစ်​ရက်​ပိတ်​ပါတယ်​ အဲ့နှစ်​ရက်​အတွင်းမှာ သတိရ​နေတာ အကြိမ်​တစ်​ရာမက​တော့

အရင်​က ​ကျောင်းပိတ်​ရက်​​တွေကို ​ပျော်​သ​လောက်​ ခု​တော့​ကျောင်းပဲ ပြန်​ဖွင့်​​စေချင်​တယ်

ဖြစ်​နိုင်​ရင်​​ကျောင်းပိတ်​ရက်​​တောင်​ မရှိ​စေချင်​​တော့

Hyung မျက်​နှာ​လေးကို တစ်​​ရက်​​လောက်​မ​တွေ့ရရင်​ ကိုမ​နေနိုင်​​တော့တာ

" ​ကျောင်းရယ်​ မြန်​မြန်​ဖွင့်​ပါ​တော့ "

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

Oh Sehun တို့်​မျှော်​လင့်​​နေတဲ့ ​ကျောင်းဖွင့်​ရက်​ကို ​ရောက်​ရှိလို့ လာခဲ့ပြီ

မိုးလင်းထဲက ​ကျောင်းသွားဖို့ ပြင်​ဆင်​ ​နေတာ မပြီး​တော့

Hyung နဲ့​တွေ့ရ​တော့မှာဆို​တော့ ကိုယ်​ကကြည့်​​ကောင်း​နေမှ ဖြစ်​မယ်​​လေ

" Hun ​ရေ သား Sehun ပြင်​လို့ဆင်​လို့ မပြီး​သေးဘူးလား သား​ရေ
ကျောင်းသွားမှာပါ​နော်​ ​Omma သား​လေး ရှုတင်​နဲ့များမှားသလားလို့ "

အိမ်​​အောက်​က ​Omma ​အော်​သံကြားမှပင်​ Sehun တစ်​​ယောက်​ ပြင်​ဆင်​လို့ပြီး​တော့တယ်

"​ Omma သား မနက်​စာ မစား​တော့ဘူး ​နောက်​ကျမှာစိုးလို့​ကျောင်းမှာပဲ စားလိုက်​​တော့မယ်​ "

You Make Me CrazyWhere stories live. Discover now