Random 26.5(2)

1.2K 89 13
                                    

Gomen ne~(_´ω`)

လိုချင်တဲ့ထိရောက်အောင်ဆွဲနေလို့ နည်းနည်းကြာသွားတာ Gomen
တကယ့်အရှည်ကြီး up ပေးလိုက်တယ် Surprise desuu!! ☆*:.。. o(≧▽≦)o .。.:*☆
______________________
Random 26.5(2)

》》》》》》 2018, March

'စောင်ကလေးစုတ်လေး ဘယ်ရောက်သွားတာလဲ'

နောင် ခပ်တိုးတိုးရေရွတ်နေမိရင်း အမှောင်ချထားသော ကပွဲခန်းမကြီးကို သေချာစိုက်ကြည့်နေမိသည်။

ခပ်မြူးမြူးတီးလုံးသံအချို့ကြား ကောင်လေးတွေရော ကောင်မလေးတွေရော လုံးထွေးနေလျက်..
ဒီလောက်လူတွေအများကြီးရှိတာတောင် ရှင်း၏အရိပ်ကိုတော့ ဘယ်ဆိုဘယ်မှ ရှာလို့မတွေ့တာ..

'အငွေ့များပြန်သွားတာလား..

မဖြစ်နိုင်ဆုံးအရာကိုတွေးရင်း နောင်တစ်ယောက် သူ့ကိုတစ်ချက်တစ်ချက်ခိုးကြည့်နေကြသော နှုတ်ခမ်းနီမလေးများကြား  ယောင်လည်လည်ဖြစ်ရှာသည်။

ကပွဲက ဟိုတယ်ရဲ့ဘေးဘက်ခန်းမကြီးမှာ စီစဉ်ထားတာကြောင့် ပွဲက တော်တော်လေးကြီးသည်။ ခန်းမအလယ်တွင် နေရာကြီးတစ်ခုချန်ထားပြီး ထိုနေရာပတ်ပတ်လည်မှာတော့ ဖဲကြိုးဖြူဖြူများနဲ့ အလှပဆုံးသောနှင်းဆီရဲရဲတွေ..

အပြင်အဆင်က အရမ်းပဲတော်ဝင်ဆန်ကာ အကြည့်မလွှဲနိုင်လောက်အောင် လှပလွန်းသည်။ထိုနေရာက ငြိမ့်ညောင်းသောသံစဉ်ကြား ကိုယ့်တွဲဖက်နဲ့ အတူတူတွဲကဖို့ရန် ရည်ရွယ်ထားခြင်းဖြစ်သည်လေ..

အခုဘယ်သူမှတော့မရှိသေးပေမဲ့ ထိုနေရာလွဲ၍ ပတ်ပတ်လည်တွင်တော့ လူများပြည့်နေသည်။ မီးရောင်ကို အမှိန်ချထားတာကြောင့် နေရာအနှံ့ရှိနေသော ရောင်စုံဆလိုက်မီးများကသာ တဖျတ်ဖျတ်တောက်ပနေလေရဲ့..

ခပ်မြူးမြူးတီးလုံးနှင့်အတူ အားလုံးက စည်းချက်အလိုက်ယိမ်းနေမိကြပြီး ထိုကြားတွင်တော့ ဆိုဒါခွက်များသယ်ထားသော ဟိုတယ်ဝန်ထမ်းများကို တွေ့နိုင်သည်။

'ရှင်း!'

မုန့်တွေတင်ထားသော စားပွဲရှည်နား ရပ်နေသောရှင်းဆီ နောင်အမြန်ပြေးသွားမိသည်။ ခေါ်သံကြောင့် ရှင်းတစ်ယောက်အနောက်ကို အသာလှည့်ကြည့်လာသည်။

Boku No Random BL(OC)[completed]Where stories live. Discover now