"ကောင်းပြီလေ hyung ! ဒါဆို အခုကနေစပြီး ကျွန်တော် hyung ကို အကို အဖြစ်ကနေ စွန့်လွှတ်လိုက်ပြီ!"
မော့ကြည့်လာတဲ့ Baekhyun ရဲ့ မျက်လုံးတွေ မှာ မျက်ရည်စတွေရှိတယ်! ဆုံးဖြတ်ထားပြီးပေမယ့် တကယ်တမ်းကြားလိုက်ရတော့ Baekhyunခြေထောက်တို့ မခိုင်ချင်.....ပြိုလဲချင်လာတယ်!
Sehun Baekhyunပုခုံးကို ခပ်ဖွဖွ ဆုတ်ကိုင်လိုက်ပြီး မျက်လုံးတွေကို သေချာ စိုက်ကြည့်လိုက်တယ်! နားထဲ မှာ Luhan နောက်ဆုံးပြောလိုက်တဲ့ စကားတစ်ခွန်းက ပဲ့တင်ထပ်လို့နေသည်!
"ချစ်ရင် သိမ်းပိုက်ရတယ် အောင်မြင်ပါစေကွာ"
Sehun အသက်ကို ဝဝ ရှုသွင်းလိုက်ပြီး.....
"ဟုတ်တယ် အခုက စပြီး hyung ကို အကို အဖြစ်ကနေစွန့်လွှတ်လိုက်ပြီ hyung က ကျွန်တော့်ရဲ့ အကို မဟုတ်တော့ဘူး!"
"..........."
"hyung ကျွန်တော့် ရဲ့ ချစ်သူဖြစ်ပေးပါလား?"
"ဟင်?"
"ဟုတ်တယ် hyung ကို ကျွန်တော် ချစ်တယ် ဒါကြောင့် hyung ကျွန်တော့် ချစ်သူ ဖြစ်ပေးပါလား"
"ဘယ်..လို...?"
"ကျွန်တော် hyung ကို ချစ်တယ် !ဟိုအရင်ထဲက ချစ်ခဲ့တာ ငယ်ငယ်က ကလေးဘဝ အကိုလို ချစ်တယ်ထင်ခဲ့ပေမဲ့ အခုသေချာနားလည်လာတော့ ကျွန်တော် hyung ကို ချစ်တဲ့ အချစ်က အကို တစ်ယောက်ကို ချစ်တဲ့အချစ်မျိုးမှမဟုတ်ခဲ့ပဲ ! ကျွန်တော် hyung ရဲ့ ပါးလေးတွေကို ခပ်ဖွဖွ နမ်းချင်ခဲ့တယ် hyung ရဲ့ နှုတ်ခမ်းပါးတွေကို နမ်းချင်ခဲ့တယ် hyung ကိုယ်လုံးလေးကို ထွေးဖက်ထားချင်တယ် နောက် ကုန်ကုန်ပြောရရင် ကျွန်တော့် ဆန္ဒတွေ အကုန် hyung ဆီမှာရှိတယ်! hyung နဲ့ အဆုံးထိ အတူတူသွားချင်တယ်! hyung ကို ကာကွယ်ပေးချင်တယ်! hyung ပျော်ရွှင်အောင်ထားချင်တယ်!ကျွန်တော့်ရဲ့ အရာအားလုံးက hyungပဲ! ကျွန်တော် မဖြစ်သင့်မှန်းသိပါတယ်! ဒါပေမယ့် တနေ့တခြားကြီးထွားလာတဲ့ အဲ့ဒီ့အချစ်စိတ်တွေကို ကျွန်တော် ထိန်းချုပ်ထားလို့မရခဲ့ဘူး ! ကျွန်တော် ဖွင့်ပြောဖို့ အကြိမ်ကြိမ်စဉ်းစားပေမယ့်လို့ hyung မုန်းသွားမှာစိုးလို့ မပြောဖြစ်ခဲ့ဘူး!"