》》》》》》》ရှင်းကို နောင်ဆွဲခေါ်သွားပြီးနောက်..
'ရှင်းပြော ခုနကဘယ်သူလဲ?'
နောင်သိချင်စိတ်ကိုဆက်မထိန်းနိုင်တော့တာကြောင့် ရှင်း၏ပုခုံးတို့ကိုဆုပ်ကိုင်ကာ မေးမိသည်။ ရှင်းကတော့ သူ့ကိုကြောင်ကြည့်နေဆဲ..
'ဘယ်သူ..'
'မသိချင်ယောင်မဆောင်ပါနဲ့ ခုနကရှင်းနဲ့တွဲကနေတဲ့ကောင်မလေးလေ ဘယ်သူလဲသူမက'
'Hmm.. သူမက.. အာ momo ကိုပြောတာလား'
တောက်ပသောအပြုံးတစ်ခုနဲ့ ပြောလာသောကောင်လေးကြောင့် နောင်ထိတ်ခနဲဖြစ်သွားမိသည်။
'ဘာ..'
နာမည်တောင်သိနေကြတယ်လား!?
ကျန်စကားလုံးတို့ကို နောင်စိတ်ထဲ အမြန်ပြန်သိမ်းပစ်ရသည်။ ကျောင်းမှာဆိုလည်း သူအချိန်တိုင်း ရှင်းဘေးမှာရှိနေတဲ့ဟာကို ဘယ်လို့ဖြစ်လို့ ရှင်းနဲ့ထိုကောင်မလေး စကားပြောတာမျိုးသူမတွေ့ဖူးရတာလဲ..
နာမည်တောင်သိတဲ့အထိ ရင်းနှီးနေခဲ့တာ..
ပြီးတော့ momo ဆိုသောကောင်မလေးက သေချာတာပေါ့ ရှင်းရဲ့ fangirls တွေထဲကတစ်ယောက်ပဲ..ရှင်းကိုခိုးကြည့်တဲ့အကြည့်တွေက လုံးဝကိုမရိုးသားတဲ့ဟာ..
ရှင်းနဲ့စကားပြောနေရင်းပဲ မျက်နှာတွေ သေမလိုနီရဲနေခဲ့တာတွေရော စောင့်ကြည့်နေခဲ့တဲ့သူမြင်တာပေါ့..'... အဲ့ momo နဲ့ကနေတုန်းက.. ဘာတွေပြောနေကြတာလဲ'
နောင်၏မေးခွန်းနောက် ရှင်းမျက်မှောင်ကျုံ့သည်။ အတော်ကြာစဉ်းစားပြီးမှ သတိရသွားဟန်ဖြင့် နှုတ်ခမ်းလေးက 'အာ' ဆိုပြီးတော့ တောက်ပစွာပြုံးလာသည်။
ရှင်း.. အဲ့လိုမပြုံးစမ်းနဲ့..
အဲ့ကောင်မလေးအကြောင်းစဉ်းစားနေချိန်မှာ..နောင်အံတွေမသိမသာကြိတ်နေမိရင်း ရှင်းပြောလာမည့်စကားတို့ကို စောင့်နေမိသည်။ ကျေးဇူးပြု၍ သူထင်ထားသလိုတော့.. မဖြစ်ပါစေနဲ့လား..
လက်ကိုခပ်တင်းတင်းဆုပ်ကာ အားတင်းထားမိသည်။
'Momo ကလေ.. သေချာမကတတ်လို့..'
YOU ARE READING
Boku No Random BL(OC)[completed]
Dragosteတစ်ခါတုန်းက သခင့်ရဲ့ဘေးနားမှာ ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သခင် သတိရပေးနိုင်မလား.. OC* Written by:Yuki Sempai