*first love* (part 1)

631 30 7
                                    

~~
~~~မြို့ပြ ရဲ့ ပူ​လောင်​လှတဲ့ ည​နေခင်း...ကား​တွေ လူ​တွေ ရှုပ်​ယှက်​ခတ်​​တော့ကာ....

~~လမ်းမကြီး ​ဘေးက အ​အေးဆိုင်​ထဲ ထို့ထက်​ ပူ​သော အချစ်​အ​ကြောင်း ​ဆွေး​နွေး ​နေကျ​သော ​ကောင်​မ​လေး သုံး​ယောက်​......

~~မိန်းက​လေး နှစ်​​ယောက်​ရဲ့ အသံ စွာကျယ်​ကျယ်​​လေး​တွေ ပျံ့ဝဲ ကာ အချစ်​အ​ကြောင်း အလု အယက်​ ​ပြော​နေကျ​ပေမယ့်​....

~~အ​အေး ခွက်​ကိုသာ မမြင်​ဖူးသလို စိုက်​ကြည့်​ရင်း...ငြိမ်​သက်​​နေတဲ့...​ကောင်​မ​လေးတ​ယောက်​....

~~​နေခြည်​....

~~ဟုတ်​တယ်​ ​နေခြည့်​ မှာ အချစ်​နဲ့ပါတ်​သတ်​ရင်​ ဘယ်​က စ​ပြောရမှန်းမသိ အချစ်​ဆိုတာ ဘာမှန်းမသိ​သေး.......

~~သူငယ်​ချင်း​တွေ ရှိန်​​အောင်​....ရည်းစားရှိ​ယောင်​​ဆောင်​ပြီး ....အချစ်​ဝထ္တု​တွေ ထဲ အချစ်​ရုပ်​ရှင်​​တွေထဲက..အ​ကြောင်း​တွေ တကယ်​ဖြစ်​သလို ​လျှောက်​ရွှီး တတ်​တာလွဲ...

အချစ်​ကို နဖူး​တွေ့ ဒူး​တွေ့ တကယ်​မကြုံ​သေး......

~~အင်း....အဲ့လို ရည်းစား ရှိချင်​​ယောင်​ ဘာလို့ ​ဆောင်​လဲလို့​မေးရင်​.....​​တော့..

ရှင်​တို့သိလား....ကျမတို့မိန်းက​လေး​တွေ အရွယ်​​ရောက်​လို့ ဆန့်​ကျင့်​ဖက်​ လိင်​ ကို စိတ်​ကစားလာတတ်​ပြီဆို....

"ဟဲ့ ဟို​ကောင်​​လေးက ငါ့ကို ဘယ်​လို​ကြွေတာ"
"သူက ငါ့ကို ဖွင့်​​ပြောထားတာ​လေ..."
"သူနဲ့ ငါနဲ့ တွဲ​နေပြီ"
ဆိုတာမျိုး​တွေကို အချင်းချင်းဂုဏ်​ဆာ တတ်​ကျတာရှင့်​....

ရှင်​တို့လဲ အထက်​တန်း ​ကျောင်းသူအရွယ်​ ဆို သိမှာပါ....

သူငယ်​ချင်း​တွေ အတွဲရှိပြိီး ကိုယ်​မရှိရင်​ပဲ....အားနည်းချက်​ကြီးလို့...အဖြစ်​မရှိသလို..ဝိုင်းဟားခံရတာရှင့်​....

အဲ့​တော့ ကျမ လဲ ရှိသလိုလို ဟန်​​ဆောင်​ပြီး...ဂုဏ်​ဆာတဲ့ bff ​တွေကို ပြန်​​ချေ ထားရတာ​ပေါ့.....

အမှန်​​တော့ ...😭😭😭😭 fa စစ်​စစ်​ကြီးပါ.....

G 1::::"နင်​သိလား အဲ့​ကောင်​ ငါ့ကို လုံ့းဝ ညာ​နေတာ"
           "အဲ့ဒါ နဲ့ သူ့ ကို ထားပစ်​ခဲ့လိုက်​တာ.."

"first love"Where stories live. Discover now