First

2.8K 210 14
                                    

" kyungsoo ! လိုက်​ပို့​ပေးပါကွာ
မင်းကလည်း...သူငယ်​ချင်းအချင်းချင်းပဲကို
တစ်​​ယောက်​တည်းပစ်​မထားပါနဲ့လို့
ငါ​သေသွားလိမ့်​မယ်​လို့ဆို..."

.....မထွက်​​သောမျက်​ရည်​ကို ဖြစ်​ညစ်​ငိုပြ​နေ​သော Baekhyunကို kyungsoo မလွယ်​ဘူးဆိုကာ ​ခေါင်းတစ်​ခါခါဖြင့်​ ကြည့်​​နေမိသည်
ကျောင်းက ထွက်​လာကတည်းက ထိုင်​ရစ်​​နေ​သော Baekhyunကို sehunနဲ့ kaiက​တော့ ​ဘေးမဲ့လွတ်​ထားလိုက်​သည်​ .....

" လိုက်​​ခဲ့​ပေးပါဆို ​နော်​ ​နော်​လို့ ....​တွေ့ချင်​လို့ပါဆို "

" မင်းကွာ....ဟိုကမင်းကိုရှိတယ်​လို့​တောင်​ထင်တာမ​ဟုတ်​ဘူး ဘာလို့အဲ့​လောက်​အသည်းအသန်​ဖြစ်​​နေရတာလဲ "

.....Baekhyun မျက်​နှာက ငို​တော့မယ်​က​လေးတစ်​​ယောက်​လို ညိုးငယ်​သွားကာ
မျက်​နှာငယ်​​လေးဖြင့်​ kyungsooကို ကြည့်​​နေရှာသည်​။....​ဘေးကငြိမ်​​နေ​သောနှစ်​​ကောင်​ကိုလှည့်​ကြည့်​လိုက်​​တော့ သူ့တို့မပါဘူးဆို​တဲ့သ​ဘောဖြင့်​ ငရိုးငအပုံစံဖမ်း​နေ​သော
Sehunနဲ့ kim kai .....

" kyungsooလို့ ဟင့်​..."

...ငိုသံကြီးဖြင့်​​ပြောလာသည့်​​နောက်​​တော့
Kyungsoo ​ခေါင်းမငြိမ့်​ချင်​ငြိမ့်​ချင်​ဖြင့်​ ငြိမ့်​ပြလိုက်​ရ​တော့သည်​....

" ​အေးကွာ...လိုက်​​ပေးမယ်​ ဟုတ်​ပလား
မလိုက်​​ပေးမချင်း​ကောင်း​ကောင်းကို​နေရမှာမဟုတ်​​​တော့ဘူး..."

....ထိုအခါမှ ​​အမူအရာချက်​ချင်း​ပြောင်းသွား
သော Baekhyun ကိုကြည့်​ကာ khyunsooမျက်​​စောင်းထိုးလိုက်​သည်​....

" ကံ​ကောင်းပါ​စေ​ဟေ့...ငါတို့ပြန်​နှင့်​ပီ​နော်​"

....လှစ်​ကနဲ​ပြေးသွား​သော oh sehunနဲ့
Kim jonginကိုကြည့်​ပီး kyungsoo
စိတ်​ထဲကကျန်​ဆဲလိုက်​မိသည်​ ...
ဒီငရစ်​နဲ့ နှစ်​​ယောက်​တည်းထားသွားရလားဟူ၍....

" မင်းဟာက ​သေချာရဲ့လား ....နာမည်​မှားလာတာလား ဟမ်​ "

....Baekhyun အမှတ်​မမှားပါ ဒီ​နေရာမှဒီ​နေရာ​သေကို​သေချာသည်​ ....သူဆင်းလာတုန်းကလည်း ဒီဘက်​အ​ပေါက်​ကပါပဲ .....

♥ Love You ♥ Where stories live. Discover now