{L'âme}
ပေါ့ပါးနေသည့် ခံစားမှု နှင့်အတူ
သူ နိုးထလာသော်လည်း မြင်ကွင်းမှာမူ
ကြည်နူးစရာမကောင်းခဲ့...။ဒါဟာ အိပ်မက်လား ....
သူဟာ ဆေးရုံအခန်းငယ်တစ်ခုထဲ
ရောက်နေတယ်...အခန်းထဲမှ ခုတင်ဆီမှာ တစ်စုံတစ်ယောက်ရှိနေပေမဲ့
လူကွယ်နေသည့်အတွက် သူမမြင်ရ..ခုတင်ပတ်ပတ်လည်မှာ လူတွေဝိုင်းနေသည်။
ခုတင်ပေါ်ရှိလူကို ဖက်ငိုနေသည့် သူကိုမြင်တော့
သူ့စိတ်သည် ဒေါသကြောင့် တုန်လှုပ်သွားရသည်။..အစ်ကို...။ အစ်ကို က ဘာကြောင့် ခုတင်ပေါ်က
လူကို ဖက်ငိုရတာလဲ...အဲဒီလူက ဘယ်သူမို့လို့လဲ...။
သူဟာ အစ်ကို့ဆီကို သွားဖို့ပြင်လိုက်တယ်။..
"ဂျောင်ဆူး...ဒီလိုမလုပ်ဘဲ ထပါဦး!!!
ဂျောင်ဆူး..ကိုယ်ပြောနေတယ်လေ...ထကြည့်ဦး!!
ဒိုဂျောင်ဆူး!!!!"အစ်ကို့ရဲ့ ငိုကြွေးသံကြောင့် သူစိတ်ဟာ
ပျားပန်းခတ်မျှ လှုပ်ရှားသွားရတယ်။...အစ်ကို က ဘာကြောင့် ခုတင်ပေါ်ကလူကို
သူ့နာမည်ခေါ်နေရတာလဲ..။ထို့အတူ
အခန်းတွင်းရှိ လူတွေရဲ့ ငိုညည်းသံတွေဟာ
မခံနိုင်ရပ်နိုင်အောင် ဆူညံနေတယ်။..သူ အစ်ကို့ အနားကို ရအောင်သွားမည်ပြုသည့်အခါ
ပြတင်းပေါက်မှန်ဘောင်ပေါ်က မြင်နေရသည့်
ပုံရိပ်ကြောင့် သွေးပျက်သွားရသည်။...သူက လိပ်ပြာတစ်ကောင်ဖြစ်နေခဲ့သည်။...
လိပ်ပြာ...
လိပ်ပြာငယ်သည် အခန်းထဲတွင်
ဆောက်တည်ရာမရ လူးလားခေါက်တုံ့ ပျံသန်း၏..ဟင့်အင်း...မနေ့ကထိ သူက လူသားတစ်ယောက်။..
တိတိကျကျပြောရရင် မနေ့က ညလယ်
သူ ခွဲခန်းထဲ မဝင်ခင်ထိပေါ့...အခုတော့ သူဟာ ဘဝအသစ်တစ်ခုမှာ...
လိပ်ပြာငယ်ဟာ...မဟုတ်ဘူး ဟု အကြိမ်ကြိမ်
အော်ဟစ်ပေမဲ့ သူ့အသံကို မည်သူမှ မကြားရပါ။...