တစ်ခါက လက်ဆောင် part .1.

1.2K 81 20
                                    

⏰⏰🔔🔔

ကျယ်လောင်စွာမြည်ဟီးလာတဲ့ နှိုးစက်ကိုအသာအယာပိတ်ပြီး အိပ်ရာပေါ်မှဖြည်းညှင်းစွာထလိုက်သည်။

အေးလွန်းသောဆောင်းရာသီဖြစ်တာကြောင့် မထချင်သော်လည်း ထိုသူမကြိုက်သောအမူအကျင့်တွေထဲမှာ အိပ်ရာမထဘဲမှိန်းနေတာလည်း အပါအဝင်....။

ခပ်သွက်သွက်ထလိုက်ပြီး မျက်နှာသစ်၊ သွားတိုက် တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးတာနဲ့
အားကစားဝတ်စုံကိုဝတ်ပြီး မီးဖိုချောင်ထဲသို့ဝင်လာခဲ့သည်။

နှေးကွေးလေးဖင့်နေတာကိုမကြိုက်တဲ့ထိုသူရဲ့ အမူအကျင့်အတိုင်း အခုထိသူအသားတကျရှိနေလေရဲ့။

ဆန်ဆေး၊ ရေထည့်၊ ပေါင်းအိုးခလုတ်နှိပ်ပြီး တိုက်ခန်းအပြင်သို့ထွက်လာခဲ့သည်။ Ready Made တွေကိုမစားဖို့တဖွဖွပြောဖူးသော
ထိုသူ့စကားအတိုင်း အိမ်ထမင်း အိမ်ဟင်းသာနေ့တိုင်းချက်စားဖြစ်သည်။

မနက်တိုင်း ထိုသူနဲ့အတူတူထပြေးခဲ့ဖူးသလို သူကဘေးနားမရှိတော့သော်လည်း ထိုအမူအကျင့်ကမပြောင်းလဲခဲ့။

ခင်မင်နေပြီဖြစ်သော ရပ်ကွက်ထဲမှာလူအပေါင်းကိုနှုတ်ဆက်ပြီးပြေးလာခဲ့ရာ ရပ်ကွက်ထိပ်ကရေကန်သို့ရောက်လာခဲ့သည်။

မနက်တိုင်း ထိုသူနဲ့အပြေးလေ့ကျင့်ပြီး အမောဖြေခဲ့တဲ့နေရာ.....။

သုံးနှစ်...။

သုံးနှစ်ရှိပြီ ဘယ်တော့မပျက်မကွက်လုပ်နေခဲ့တာ။

အရာရာတိုင်း ထိုသူနဲ့ပက်သက်တဲ့အမှတ်တရတွေချည်းသာ......။

မပျောက်ပျက်သွားစေချင်။ ဖျောက်ဖျက်လည်းမထားနိုင်ပါ။ သူမြတ်နိုးရသောထိုလူ၏အငွေ့အသက်တို့ကို မရရအောင်အတင်းလုပ်ယူဆုပ်ကိုင်ထားဆဲ....။

အနားမှာမရှိတော့သော်လည်း၊ ထားရစ်ခြင်းခံခဲ့ရသော်လည်း သူကားမမုန်းနိုင်...။ ချစ်ခဲ့သည် ချစ်လွန်းလို့လည်းမမုန်းနိုင်။

*ချစ်ခဲ့တာလေ မုန်းဖို့မှမဟုတ်တာ*

Jeon JungKook ဆိုသောကောင်လေး၏ရင်ထဲတွင် Min YoonGi သည် ကြီးမားသောလက်ဆောင်တစ်ခု....။

You've reached the end of published parts.

⏰ Last updated: Oct 30, 2019 ⏰

Add this story to your Library to get notified about new parts!

တစ်ခါက လက်ဆောင် Where stories live. Discover now