episode-9

400 22 0
                                    

Zawgyi

"​ဟေ့​ကောင်​ ​ဇေယျ ​နေ့လည်​စာမှာထားတာ​ရောက်​​နေပြီကွ"
သီဟ​ပြော​တော့ ​ဇေယျ​ကြောင်​သွားတယ်
အ​မေပြင်​​ပေးတဲ့ထမင်းချိုင့်​အမြဲယူတတ်​တဲ့သူ့အတွက်​ ဘယ်​က​နေ့လည်​စာကလာ​ရောက်​​နေတာလဲ
"ငါမမှာထားဘူး သီဟ"
သီဟက ဒီမှာ​လေဆိုပြီး ပါဆယ်​ဘူး​လေး​တွေ​မြှောက်​ပြတယ်
"စာ​တောင်​ပါ​သေး အကို​ဇေယျအတွက်​တဲ့"
ဇေယျ စာ​ခေါက်​​လေးကိုလှမ်းဆွဲယူလိုက်​ပြီးကြည့်​လိုက်​တယ်
လက်​မှတ်​​​တော့မပါ​ပေမယ့်​ ဒါဟို​ကောင်​​လေး​ပေးတာကျိန်း​သေတယ်​လို့​တွေးမိတယ်
"ငါမစား​တော့ဘူး လွှင့်​ပစ်​လိုက်​"
စာ​ခေါက်​​လေးကိုပါ လုံး​ချေပြီး ပစ်ထားခဲ့တယ်
"​ဟေ့​ကောင်​ မင်းထမင်းချိုင့်​က ငါစားလိုက်​ပြီ​နော်​ ဒါမစားရင်​ မင်း​နေ့လည်​စာငတ်​မှာ ​ဟေ့​ကောင်​"
ဇေယျပြန်​လှည့်​လာတယ်
သူ့​ဒေါသ​တွေက သီဟအ​ပေါ်​ပုံကျသွားတယ်
"မင်းကဘာလို့ ငါ့ထမင်းချိုင့်​ကိုယူစားရတာတုန်း"
"ငါ​နေ့လည်​စာမှာမလို့ပဲ အဲ့အချိန်​ဒါ​ရောက်​လာ​တော့ မင်းအတွက်​ထမင်းချိုင့်​ကပို​နေမှာပဲဆိုပြီး စားလိုက်​တာ အရင်​ကလဲမင်းမစားဖြစ်​ရင်​ ငါစား​နေကျပဲကို ဘာဖြစ်​တာတုန်းဟ အဲ့​လောက်​မ​အော်​ပါနဲ့ လူနာ​တွေကလှမ်းကြည့်​​နေပြီ"
"​နောက်​တခါ ငါ့ထမင်းချိုင့်​ကို ကိုင်​​တောင်​မကိုင်​ကြည့်​နဲ့ ကြားလား"
ဇေယျ ခုံကို​ဆောင့်​ကန်​ပြီးထွက်​သွားသည်
သီဟ​က​တော့ နားမလည်​တဲ့ဟန်​နဲ့ ကျန်​ရစ်​ခဲ့သည်
ပါဆယ်​ဘူး​လေးက​တော့ စားသူမဲ့လို့မျက်​နှာငယ်​စွာနဲ့ စားပွဲ​ပေါ်မှာအထီးကျန်​စွာ....

တာရာအခန်းထဲဝင်​လာ​တော့
သူမှာ​ပေးထားတာတဲ့ ပါဆယ်​ဘူး​လေးက အရာမယွင်း​သေးတာကိုမြင်​ရ​တော့ စိတ်​မ​ကောင်းဖြစ်​မိတယ်
အကိုကလည်း သူ့ကို​မြင်​တာနဲ့ ချက်​ချင်း​ရှောင်​ထွက်​သွားတယ်
အခုလည်း တစ်​wardလုံးပတ်​ရှာပြီးပြီ အကို့ကိုရှာမ​တွေ့​ဘူး
အလုပ်​ချိန်​မှာအပြင်​​ရောက်​​နေပြန်​ပြီလားမသိဘူး
တာရာအခန်းအပြင်​ကိုထွက်​မလိုအလုပ်​မှာ
ဇေယျနဲ့ပက်​ပင်းတိုးတယ်
တာရာပြုံးပြလိုက်​တာနဲ့ အကိုကချက်​ချင်းမျက်​နှာလွှဲလိုက်​တယ်
"အကို ​နေ့လည်​စာစားပြီးပြီလားဗျ"
ဇေယျ ဘာစကားမှပြန်​မ​ပြောဘဲ စားပွဲ​ပေါ်က ​နေ့လည်​စာဘူးကို သွားယူလိုက်​တယ်
ပြီး​တော့ တာရာ့​ဘေးက အမှိုက်​ပုံးထဲကိုထည့်​လိုက်​သည်
"​လာမပတ်​သက်​နဲ့ ငါနဲ့ေ​၀း​ဝေး​နေ"
စကားကို ခပ်​မာမာ​ပြောပြီး ထွက်​သွားသည်
"အကို အကို"
Wardထဲက လူ​တွေအကုန်​ တာရာ့​အော်​​ခေါ်သံ​ကြောင့်​ ၀ိုင်းကြည့်​​နေ​ပေမယ့်​ အကိုက​တော့ တစ်​ချက်​မှလှည့်​မကြည့်​ဘဲ ဆက်​​လျှောက်​သွားတယ်​...
တာရာ ​နောက်​က​ပြေးလိုက်​ပြီး အကို့လက်​ကိုဖမ်းဆွဲလိုက်​သည်
"မင်းဘာလုပ်​တာလဲ"
"အကိုက​ရော ဘာလို့ကျ​နော့ကို​ရှောင်​​နေတာလဲ"
"လူ​တွေဝိုင်းကြည့်​​နေတယ်​​လေ အခုလက်​ကိုလွှတ်​"
ဇေယျ​ပြော​ပြောဆိုဆိုနဲ့ လက်​ကိုရုန်းလိုက်​တယ်
တာရာပိုပြီးခပ်​တင်းတင်း​လေးဆုပ်​ကိုင်​လိုက်​သည်
"မလွှတ်​​ပေးဘူး အကိုကျ​နော့ကို​ဘာလို့​ရှောင်​​နေတာလဲဆိုတာမ​ဖြေမချင်း"
"မင်းမလွှတ်​ရင်​ ငါဆွဲထိုးမှာ​နော်​"
ဇေယျလက်​သီးနဲ့ရွယ်​လိုက်​သည်
Wardကြီးတစ်​ခုလုံးရှိ
လူနာ​တွေ​သာမက လူနာ​စောင့်​​တွေပါ ရုတ်​တရက်​တိတ်​ဆိတ်​သွားသည်
"အကိုကြိုက်​သလိုလုပ်​ အကို့ကိုကျ​နော်​ချစ်​တယ်​လို့​ပြောတာ​​လေးနဲ့ အဲ့လို​ရှောင်​​နေဖို့လိုလို့လား အကို့ကိုမုန်း​နေတာမှမဟုတ်​တာကို"
တိတ်​ဆိတ်​​နေတဲ့wardကြီးထဲမှာ တာရာ့အသံကဟိန်းထွက်​သွားသည်
ထိုအခါမှ
တာရာ့လည်း အသံကျယ်​သွားမှန်းသတိထားလိုက်​မိသည်
အခြားhouse surgeon​တွေနဲ့ လူ​တွေအားလုံးမျက်​လုံးအပြူးသားဖြစ်​ကုန်​သည်
အကို့မျက်​နှာကိုလှမ်းကြည့်​လိုက်​​တော့ ​ဒေါသ​ကြောင့်​လား ရှက်​တာ​ကြောင့်​လား မသဲကွဲ​ပေမယ့်
မျက်​နှာတစ်​ခုလုံးနီရဲ​နေသည်
"မုန်းလို့ ငါကGayေ​တွကိုမုန်းတယ်​ မင်းလည်းGayဆို မင်းကိုလည်းမုန်းတယ်​ ရှင်းပလား အခုငါ့လက်​ကိုလွှတ်​"

One Sided Love(Completed) (Zawgyi+Unicode)Tahanan ng mga kuwento. Tumuklas ngayon