Part-1

135 13 3
                                    

Unicode

''ဒါဆို နင်တို့က ပြတ်သွားတာလား''
အမေးစကားကို ဟမ်ဘာဂါပလုတ်ပလောင်းနဲ့စားနေရင်း ဂိုမီက လာမေးသည်။

စိတ်လေနေလို့ ရင်ဖွင့်ပြမိပါတယ်
သူကတော့ အစားအသောက်ပင် မပျက်ပေ။

''ဂိုမီမ နင် ငါပြောတာကို လေးလေးနက်နက်နားထောင်စမ်းပါ
နင်မေးတာ ငါဖြေမယ်
ပြတ်သွားတာလည်းမဟုတ်
စကားမပြောတာ တစ်လတောင်ရှိနေပြီ''

''အဲတော့ နင် သွားမပြောဘူးလား?''

''ဂိုမီရာ ပြောချင်ဘူး
အဲတစ်ယောက်ကို ကြည့်မရဘူး
မိန်းကလေးဘက်က စမပြောချင်ဘူး
သိက္ခာကျတယ်''

''အေး ပြောမနေနဲ့ လမ်းခွဲလိုက်
နှစ်ယောက်လုံး အချိုးမှမပြေတာ
ပြတ်တာ အေးတယ်''

''တော်ပြီ ဂိုမီ ငါပြန်တော့မယ်
နင်စားထားတာ ငါရှင်းပြီးပြီ
အေးဆေးသာ မြိုနေတော့'' ဆိုပြီး ဘေးလွယ်အိတ်ကို ကိုင်ပြီး ထမယ်အလုပ်

''နေပါအုံး ဟီရာ နင်ကလည်း စိတ်ချည်းပဲ''

''မဟုတ်ဘူး ငါစိတ်ညစ်နေပြီ ရင်ဖွင့်တာ မထူးခြားဘူးပဲ ပြန်တော့မယ်''

ပြန်တဲ့ လမ်းတလျှောက်
ညနေပင်စောင်းလို့ လမ်းမီးတွေတောင် စဖွင့်နေပြီ
ဘေးနားက ဖြတ်လျှောက်သွားသော အတွဲတွေကိုလည်း အားကျတာလား မကျတာလားဆိုတာပင် မသိတော့

ပထမဦးဆုံးစထားဖူးသော relationship သည်
ဘယ်တော့ အခါမှ အဆင်မပြေပေ
သူဘက်က စချော့မလား မျှော်လင့်သော်လည်း
တစ်လပင် ကြာပြီ စာတစ်ကြောင်း ဖုန်းတစ်ခါမှပင် မဆက်ပေ

အိမ်မပြန်ချင်လို့ လမ်းထိပ်တွင် တည်ရှိသော
ပန်းခြံထဲတွင် လာပြီး အချိန်ဖြုန်းနေသည်မှာ
မိုးချုပ် ပန်းခြံပိတ်ချိန်ထိပင် ဖြစ်သည်

ပန်းခြံထဲက ထွက်လာပြီး
စတိုးဆိုင်ထဲက ဘီယာငါးလုံးနဲ့ တွဲစားရန်မုန့်တချို့ဝယ်ပြီး အိမ်ကို တန်းတန်းမတ်မတ် ပြန်ခဲ့သည်။

အိမ်အရောက် ဖုန်းကို လိုင်းဖွင့်ပြီး
KakaoTalk ထဲဝင်ကြည့်မိသည်
ဖုန်းအဝင်လည်း ကြည့်မိသည်
သူ့ဘက်က ဘာတစ်ခုမှ မပို့ထားပေ

Be Mine Where stories live. Discover now