Ch:82 Kiss Kiss (Part-2)

10.6K 1.1K 46
                                    


Tang Feng ရဲ့ နူတ်ခမ်းပါးဟာ Lu Tian Chen ရဲ့ ပါးပြင်ကို ထိလုထိလုခင် အချိန်ရောက်ခါနီးမှ တစ်ဖက်လူဟာ ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး Tang Feng နဲ့ နူတ်ခမ်းချင်း ထိတွေ့လိုက်စေတယ် ။ Lu Tian Chen ဟာ လက်တစ်ဖက်နဲ့ Tang Feng ရဲ့ ဦးခေါင်းနောက်ပိုင်းကို ထိန်းကိုင်ပေးထားပြီး သူ့ရဲ့နူတ်ခမ်းကို Tang Feng ရဲ့နူတ်ခမ်းထက် ဖိနမ်းခဲ့လေတယ် ။ Lu Tian Chen ရဲ့ ရုတ်တရက် ပြုမူမူဟာ Tang Feng ရဲ့ နူးညံ့လှတဲ့ နူတ်ခမ်းပါးကို အနည်းငယ် ထိခိုက်နာကျင်သွားစေခဲ့တယ် ။ သွေးထွက်တဲ့အထိ မဖြစ်ပေါ်ခဲ့ပေမယ့်လည်း သူ့ကို ခပ်ရှရှ နာကျင်ခဲ့စေတယ် ။

Lu Tian Chen ဘက်ကနေ သူ့ကို တကယ် နမ်းချင်တယ်ဆိုရင် ဒီလို အလစ်ငိုက်ဖမ်း နမ်းရိုက်မယ့်အစား လူကြီးလူကောင်းဆန်ဆန် ပွင့်ပွင့်လင်းလင်း နမ်းရိုက်စေချင်တယ် ။

Lu Tian Chen ဟာလျှာနဲ့ Tang Feng ရဲ့ နူတ်ခမ်းပါးပေါ်ကို အသာအယာ လျက်ခဲ့လိုက်လေတယ် ။ Lu Tian Chen နူတ်ခမ်းဆီက ထွက်ပေါ်လာတဲ့ ပူရှိန်းနဲ့သင်းသင်းဟာ Tang Feng ရဲ့စိတ်ကို ဒီတိုင်း ငြိမ်ခံမနေပဲ ပြန်လည်တိုက်ခိုက်ဖို့ လူံ့ဆော်မူတစ်ခု ဖြစ်စေခဲ့တယ် ။ ဘယ်လိုအခြေအနေမျိုးနဲ့မှ သူဟာ တစ်ဖက်လူပြုသမျှ ငြိမ်ပြီးခံနေရမယ့် နေရာကနေနေပြီး မလူပ်ရှားဖူးခဲ့ဘူး ။ Lu Tian Chen ဘက်ကနေပြီး သူ့ကို တကယ်ပဲ နမ်းရိုက်ချင်တယ်ဆိုရင် အခုလိုပုံစံမျိုးနဲ့ ငြိမ်ခံနေလိုက်ဖို့ စိတ်ထဲမှာ လုံးဝမတွေးထားဘူး ။ အားစိုက်ထုတ်ကြိုးပမ်းတဲ့ လူနေရာကအစား Tang Feng ဟာ တစ်ဖက်ကပုဂ္ဂိုလ်ကို သူတို့နှစ်ဦးကြားမှာရှိတဲ့ ရင်းနှီးကျွမ်းဝင်မူ ပြယုဒ်အနေနဲ့ ရမ္မက်ပြင်းပြင်း ပြန်လည်နမ်းရိုက်ဖို့ ကြိုးပမ်းလိုက်လေတယ် ။

T.S note... ရင်းနှီးမူကို ဖော်ပြချင်ရင် အဲ့လို တရိုက်မက်မက် နမ်းရတယ် ဟုတ်လား ? မှတ်သားလောက်ပါတယ် Tang လေးရယ် ။

Tang Feng ဟာ Lu Tian Chen ရဲ့ လက်မောင်းကို ပွေ့ဖက်လိုက်ပြီး နူတ်ခမ်းချင်းထိနေတာကို အနည်ငယ် ခွာခဲ့လိုက်လေတယ် ။ Tang Feng ရဲ့ နူတ်ခမ်း အနည်းငယ်ပွင့်ဟသွားတာကို Lu Tian Chen ဟာ တောရိုင်းသားစား သတ္တဝါတစ်ကောင် သားကောင်ဆီကနေ လတ်ဆတ်တဲ့ သွေးနံ့ရရှိသွားတဲ့ ပုံစံအတိုင်း အခွင့်အရေး ယူခဲ့လိုက်လေတယ် ။ Tang Feng ရဲ့ နူတ်ခမ်းကို ခွင့်ပြုချက်မတောင်းပဲ အငမ်းမရ ဆွဲယူပြီး ၊ အပေါ်နူတ်ခမ်းပါး ထူထူအိအိလေးကို သူ့ရဲ့လျှာနဲ့ နူးနူးညံ့ညံ့ လျက်ခဲ့လိုက်လေတယ် ။ ဒီလိုလူပ်ရှားမူမျိုးဟာ ကျွမ်းကျင်တဲ့ professional အနမ်းသမားတစ်ယောက်မျိုးကသာ လုပ်နိုင်တဲ့ လူပ်ရှားမူမျိုးပါ ။

True Star (Myanmar Translation )Where stories live. Discover now