New year ညကိုတော့ Shan Wei ရဲ့ စိတ်ကူးအတိုင်း အိမ်ရှေ့မှာပင် ပျော်ပွဲရွှင်ပွဲလုပ်လိုက်ရ
တာကြောင့်countdown party သွားဖို့ စိတ်ကူးထားသော Ye Zun နဲ့ Yunlan တို့ အိပ်မက်များဟာ လွင့်ပျောက်လျက်...
2ယောက်ပေါင်းကာ ShanWei ကို မကောင်းကြံတော့သည်..
"Yunlan ...ငါမဖြစ်ဘူး ထင်တယ်နော်"
"လုပ်ပါ Gege ရယ် တစ်ခွက်တည်းကို Ye Zun တောင် တစ်ဗူးကုန်နေပြီ"
"Yunlan..."
"ကဲပါ သောက်လိုက်ပါ ...ကျွန်တော် ရှိပါတယ်...ခင်ဗျားကြီး မသောက်ဘဲနဲ့ အမြည်းစားနေတာ ကုန်တော့မယ်"
"အေးပါ အေးပါ ငါသောက်မယ် ...ငါတစ်ခုခု ဖြစ်ရင် မင်းတာဝန်နော် Yunlan"
Yunlan ခေါင်းငြိမ့်လိုက်တော့
YeZun လက်ထဲက နှစ်ခွက်ထဲက တစ် ခွက်ကို ယူကာ သောက်ချလိုက်တော့
"Gege အဲ့ အဲ့ခွက် မဟုတ်ဘူးလေ"
Ye Zun အအေးတစ်ခွက် ဘီယာတစ်ခွက် ကိုင်ထားတာဖြစ်ပြီး ShanWei ကိုအအေးခွက် ပေးရန်သာ...
ShanWei ဘီယာ သောက်သောက် ပြီးချင်း
ဇာတ်ကားထဲကလို မေ့သွားမယ် မထင်လိုက်နဲ့
စားပွဲပေါ်က နောက်ဗူး ကိုယူက ဗူးလိုက်မော့နေတာကြောင့်
YeZun မျက်နှာငယ်လေးနဲ့ Yunlan ကိုကြည့်လိုက်တော့
"သွားပြီ ထင်တယ် Shan Wei Gege..တော်ပြီလေ နော်"
"လွှတ်စမ်း ငါ့ကို"
"ShanWei gege တော်ပြီနော်"
ShanWei မူးဝေဝေနှင့် YeZun ကိုဖတ်ကာ
"Yunlan ...ငါ့ရဲ့ ချစ်ဆုံး ပူတူးတူးကြီး "
Yezun မျက်နှာကို လက်နဲ့ ပွတ်ကာ ပြောနေရင်း
"ဟင်...အမွှေးတွေရော..Lanlan yrr
..အမွှေးတွေရောလို့ ရိတ်ပြစ်လိုက်တာလား"ဖက်ခံထားရကာ မျက်နှာပွတ်ခံနေရသော Ye Zun မှာ Yunlan ကို ကူညီပေးရန် မျက်နှာငယ်လေးဖြင့် ကြည့်လိုက်တော့