အပိုင်း-၂၂

10.5K 1.2K 131
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၂၂)

@@@@@@@@@@@@@@@@

ဒေါ်လေးနဲ့တည့်ဖို့ မလွယ်ဘူး

@@@@@

'ငါပြောနေတယ် တော်တော့ဆိုရင် တော်တော့'

ကျင်းဝမ် ဒီပြသနာကို ဘာမုန်းမသိသေးခင်မှာပဲ ဒေါ်လေးက အနားယူမည်ဟု ဆိုကာ ထွက်သွားသည်။ မသိမသာလေး မဟုတ်သော အားနည်းနေမှုက ကျင်းဝမ်ကို များစွာ စိတ်ပူပန်မှုကို ပေးသည်။ ဒေါ်လေးနှင့် တွေ့မည်ဟု ခွင့်တောင်းတော့လည်း မည်သူကမျှ ခွင့်မပြုပေ။ စူးအာကလည်း ဘာကိုမှန်းမသိပဲနှင့် ငြိမ်ဆိမ်နေသည်။

ထိုအခြေအနေအရ ကျဉ်းထဲ ကျပ်ထဲသို့ ရောက်နေသလိုပင် ခံစားရစေသည်။ ပိုဆိုးသည်က စူးအာပင်၊ ကျင်းဝမ်အား အပျောက်မခံတော့ပေ။ ဘာစကားတစ်ခွန်းမှ မဆိုသော်လည်း ကျင်းဝမ် အနောက်မှ တစ်ကောက်ကောက် လိုက်သည်။ အားနည်းမှာ စိုးသည်ဟု ဆိုပြီး ဆေးအတင်းတိုက်သည်။ အနားမှလည်း တစ်ဖဝါးမှ မခွာတော့ပေ။ အခါတိုင်း မာနကြီးဟန် တူသည့် အမူအကျင့်များက အစအနပင် ပျောက်သွားပြီဟု ထင်ရသည်။ စိတ်လိုလက်ရဖြင့် ပွေ့ဖက်ထားတတ်သည်က ညကြီးသန်းခေါင်ပင် ကျင်းဝမ်အား နိုးတတ်လာသည်။ ကျင်းဝမ်သည် နှစ်ခြိုက်စွာ အိပ်နေရာမှ နိုးလာရတိုင်း စိတ်ဆိုးရသည်။ ကျင်းဝမ် စိတ်ဆိုးနေလျှင်ပင် စူးအာက ဘာမှမပြောပဲနှင့် ကျင်းဝမ်ကို ထွေးဖက်ထားတတ်သည်။ ထိုအခါတိုင်း ကျင်းဝမ်ကပင် စိတ်လျော့လိုက်ရသည်။

ကျင်းဝမ် ညတိုင်း အိပ်ရေးပျက်သလိုပင် ဖြစ်၍ လူက မှိုင်တိုင်တိုင်ပင် ဖြစ်လာသည်။ ထိုသို့ ဖြစ်လေ စူးအာက ပိုပြီး စိုးရိမ်ကြီးလေဖြစ်နေသည်။ နောက်ဆုံး မမေးလို့ မရတော့မှ စူးအာကို မေးရသည်။

'စူးအာ မင်း ဒီတစ်လော ဘာဖြစ်နေတာလဲ'

'ဝမ် မင်းနေကောင်းလား'

'မင်း ဒီမှာ သုံးလေးရက်လောက်နေပြီးရင် ပြန်မယ်ဆို အခုဆို ရှစ်ရက်ရှိပြီ'

'ငါ စဉ်းစားပြီးပြီ ငါမင်းနောက်ကို လိုက်လာမယ်'

ဆက်မေးဖို့ ပြင်လိုက်ပေမယ့် ထွေးဖက်လာသော လက်တွေအကြားမှာ ကျင်းဝမ် ငြိမ်သက်လိုက်မိသည်။ သို့ပေမယ့် လျန်ဘုရင်က ဟန်နန်းတော်မှာ လိုက်နေတယ် ဆိုတာက လုံးဝကို မဖြစ်သင့်သော သဘောတရားပင် ဖြစ်သည်။ ထို့ကြောင့်

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now