180 /
ပထမဆုံးအနေနဲ့ စာမျက်နှာတစ်ခုကို ဖွင့်လိုက်တော့ စာလုံးသုံးလုံးက ဆီးကြိုနေသည်။
စာအုပ်ကို Taeyeon ပြန်ပိတ်လိုက်မိသည်။ ဤခပ်ဟောင်းဟောင်း စာအုပ်ထဲမှာ သူမရဲ့ အတိတ်တွေအကုန်လုံးကို ချရေးခဲ့မိတယ်။
အတိတ်တွေလား
ဘဝတွေလား
အချစ် သို့မဟုတ် အမုန်း။...
📖 Day 1
• ဒီနေ့ သူနဲ့ ချစ်သူစဖြစ်သွားပြီ... ငါ့ရင်တွေခုန်နေခဲ့တာ ငါ့ကိုယ်ငါတောင်မယုံနိုင်ဘူး သူက ငါ့ကိုချစ်တယ်တဲ့ -
ခပ်ရူးရူး ခပ်အအ လူတစ်ယောက်ဟာ ထိုအတိတ်မှာ ထိုကဲ့သို့ စတင်ကာ သူ့သေတွင်းသူတူးခဲ့ဖူးသည်။
⏳
"ဒီမှာ...ဒီမှာ...အဆင်ပြေရဲ့လား"
အတိတ်ကို ပြန်တွေးခြင်းဆိုသော်ငြား ထိုစကားသံကအစ တကယ်ကြားနေရသလိုဖြင့် ပစ္စုပ္ပန် မှာ သက်ရောက်သည်။
ထိုအချိန်တွေတုန်းက လေဆိပ်က ထိုင်ခုံတစ်ခုမှာ အရုပ်ကြိုးပျက် ထိုင်ပြီး ငိုနေတဲ့ Taeyeon ကို အထက်တန်းလွှာအမျိုးသမီးတစ်ယောက်က အရေးတယူ မေးခွန်းထုတ်ခဲ့သည်။
"ဟုတ်ကဲ့ ပြေပါတယ်"
တကယ်ကို ထိုအချိန်ထိ Taeyeon အဆင်ပြေခဲ့သည်။ ပြီးတော့ ထိုအချိန်ကစပြီး Taeyeon အဆင်မပြေတော့။
×××
တစ်စုံတစ်ယောက်ကို အဆုံးစွန်ထိ ဘာတစ်ခုမှ
ကိုယ့်အတွက် မကျန်တော့အောင် ချစ်ဖူးကြလား?
ဗလာဖြစ်သွားတဲ့ နှလုံးသားထဲ သူတစ်ယောက်ကတော့ အမြဲရှိနေတယ်ဆိုတဲ့ ခံစားချက်ကိုပိုက်ပြီး အချိန်ခရီးတွေသွားဖူးသလား?×××
"ဟူးးး"
စာအုပ်ကိုအံဆွဲထဲပြန်ထည့်ပြီး ဘယ်နကြိမ်မြောက်မှန်းမသိ Taeyeon သက်ပြင်းချလိုက်တယ်။
လေယာဉ်စီးချိန်ကြာမြင့်ခဲ့လို့ ပင်ပန်းနေပြီမို့ ပြန်ရောက်ရောက်ချင်း ဒီအိမ်ငယ်ထဲက ဒဏ်ရာတွေကို ပြန်တူးဆွနေမိတာ သူမ မှားသည်။
CZYTASZ
- Time Lapse by Smeraldo -
General Fictionမပြောဖြစ်ခဲ့တဲ့ အမှန်တရားလား? သိပ်မရှိဘူး Smeraldo ~ ငါ့ထပ်ငါပိုပြီး နင့်ကို ချစ်ခဲ့ရုံလေးပါ 🍃 ဥယျာဉ်မှူးက Madam မှ မဟုတ်ရင် ကျွန်မတော့ ကြွေကျသေဆုံးခဲ့မိမှာ