" ကျွန်တော်ပြန်လာပြီ… "
Sehun အသံအနည်းငယ်ကျယ်ကာ ပြောလိုက်ပေမယ့်
အိမ်ကြီးကတော့ တိတ်ဆိတ်နေဆဲ။" ဘယ်သူမှ မရှိကြဘူးလား… Mr.Lee "
ကျောပိုးအိတ်ကို ဧည့်ခန်းက ဆိုဖာမှာချရင်း အိမ်တော်ထိန်းကို လှမ်းခေါ်လိုက်သည်။
" ဟုတ်ကဲ့ပါ… အစ်ကိုလေး "
ထမင်းစားခန်းထဲက အပြေးထွက်လာတဲ့ Mr.Lee ရဲ့ အကျီ င်္ကော်လာဟာ တွန့်ကြေလို့နေသည်။ အရက်နံ့ကိုလည်း ထောင်းခနဲရလိုက်သည်။
Mr.Lee က အရက်မသောက်တတ်…။ ဒါဆို…။
Sehun အတွေးနဲ့အတူ ခြေထောက်များမှာလည်း
ထမင်းစားခန်းဆီသို့ အမြန် ဦးတည်သွားသည်။အရွယ်ရောက်ပြီးသား ယောက်ျားလေးတစ်ဦး ကြည့်ဖို့ပင် မသင့်တော်လှသော မြင်ကွင်းတစ်ခုက သူ့အတွက် ဆီးကြိုနေသည်။
" Mr.Oh! ခင်ဗျားနည်းနည်းလွန်နေပြီလို့ မထင်ဘူးလား… အိမ်အထိ ဒီလိုမိန်းမတွေ ခေါ်လာစရာလား "
ခပ်ဆတ်ဆတ်အော်လိုက်တော့ သူ့ရဲ့ အဖေအမည်ခံ လူကြီးက အပေါ်ပိုင်းဗလာ မဖြစ်ရုံတစ်မယ် မိန်းမတစ်ယောက်နဲ့ နမ်းရှိုက်နေရာမှ သူ့ကိုလှည့်ကြည့်လာသည်။
ဟုတ်သည်။ အဖေအမည်ခံ…။ Sehun ဘဝမှာ အဖေဟူသော လူသားပျောက်ဆုံးခဲ့တာ လွန်ခဲ့တဲ့ သုံးနှစ် သူတို့မချမ်းသာခင်တည်းက…။
ငွေက လူကိုဖျက်ဆီးသည်။ တစ်သက်လုံး ရိုးသားကြိုးစားခဲ့တဲ့ Sehun အတွက် အမြဲစံပြဖြစ်ခဲ့တဲ့ Mr.Oh က
Company အောင်မြင်လာခါမှ ခြေလှမ်းတွေ ပျက်လာသည်။အစက ပြောမရမည့်အတူတူ အပြင်မှာ ဖြစ်ချင်သလိုဖြစ်ဟူ၍ ခွင့်ပြုထားခဲ့သည်။ သို့သော် ခုနောက်ပိုင်း အိမ်ထိပါ ခေါ်ချလာတတ်၍ Sehun နဲ့ စကားများရတာ အကြိမ်ပေါင်းမနည်းတော့…။
သူများတွေက ကြည့်ရင် အရမ်းကိုသာယာတဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးပေါ့…။ အထဲမှာ လှိုက်စားနေတာကို သူတို့မှ မသိပဲ…။
အမေလား…။ အမေကတော့ အဖေ့အကြောင်း သိသွားတဲ့နေက စပြီး အိမ်ပေါ်က ဆင်းသွားသည်။ ခု သူလည်း နောက်အိမ်ထောင်နဲ့ပေါ့…။
YOU ARE READING
The Kim
Fanfictionခင်ဗျားတို့ ကျွန်တော့်ကို နားမလည်ဘူး... ကျွန်တော့်ကို ဘယ်သူမှလည်း နားလည်လာမှာမဟုတ်ဘူး!! ကျေးဇူးပြုပြီး တစ်ယောက်တည်းနေပါရစေ... #sekai