*MOOD MUSIC-Paralyze by NF*
အိပ်မက်ဆိုးတစ်ခု
ညတွေမှာ ထွက်ပြေးလို့ မရအောင် နံရံအပြည့် ကာရံထားခဲ့တယ်။
အခု ငါဘယ်ကိုရောက်နေတာလဲ။"ဂျိန်း"
ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာတဲ့ မိုးခြိမ်းသံနောက်မှာ အေးစက်ထုံကျင်သွားစေမဲ့ မိုးစက်မိုးပေါက်တွေက မြေပြင်ပေါ်ကို,ကဆုန်ပေါက်ကာ အရှိန်ပြင်းပြင်းနဲ့ ဆင်းလာကြသည်။
ကတ္တရာလမ်းမမဲမဲပေါ်မှာ အိုင်နေပြီဖြစ်တဲ့မိုးရေများ။ ထိုမိုးရေများပေါ်ကို ထပ်မံကာ ကျဆင်းနေတဲ့ မိိုးရေစက်တွေ။ သနားညှာတာမှုမရှိတဲ့ မိုးမင်းဟာ ကမ္ဘာလောကကြီးရဲ့ ကောင်းကင်ပြာကို အမှောင်အပြည့် ရေးခြယ်ထားပြီးဖြစ်သည်။
တံခါးပေါက်ရဲ့မှန်တံခါးပေါ်မှာ တလှိမ့်လှိမ့်နဲ့ စီးကျနေတဲ့မိုးဟာ အငိုသန်တဲ့ ကလေးတစ်ယောက်ရဲ့ မျက်ရည်တွေနဲ့ တူလွန်းသည်။ ယခုချိန်ထိ မခြောက်နိုင်သေး။
အခန်းရဲ့ကုတင်ထက်မှာ လဲလျောင်းနေတဲ့လူတစ်ယောက်ရဲ့ မြန်ဆန်လွန်းနေတဲ့ အသက်ရှူသံပြင်းပြင်းကို ဘေးပတ်ပတ်လည်မှာရှိတဲ့ လူတွေအကုန်လုံးက တိတ်ဆိတ်စွာနဲ့ နားထောင်လျက်ရှိသည်။
နိမ့်ချည်မြင့်ချည်ရှိသော ရင်အစုံဟာ ၎င်း၏ နှလုံးခုန်နှုန်းနဲ့အတူ မူမမှန်ချင်။ အဝတ်ဖြူဖြူစည်းထားတဲ့ မျက်လုံးတွေထဲ အမှောင်တို့သာပြည့်နေမှာ အသေအချာပင်။
နှုတ်ခမ်းတစ်စုံသည် ဖြူဆုတ်ဆုတ်အရောင်အသွင်ရှိကာ ယခုသည်တိုင် ပွင့်လာခြင်းမရှိသေး။ သိပ်မကြာလိုက် နှလုံးခုန်နှုန်းအချက်ပြသည့်စက်မှ အသက်မရှူတော့ကြောင်းကို တတီတီနဲ့ အသိပေးနေလေပြီ။
တဖြည်းဖြည်း ရွေ့လျားထွက်ခွာသွားကြပြီဖြစ်တဲ့ လူတစ်စုနောက်မှာ ကုတင်ပေါ်မှာ လဲလျောင်းနေသော အဖြူရောင်လူသားနှင့် ကျွန်တော်သာလျှင် ရပ်ကျန်ခဲ့သည်။ သို့သော် သူ ဘယ်သူလဲ ကျွန်တော်မသိသလို ကျွန်တော်ဘာကြောင့် ထိုသူ့နားမှာ ယခုလိုရှိနေတာလဲဆိုတာကိုလည်း မသိပါ။
YOU ARE READING
PARALYZE [Zawgyi/Unicode]
FanfictionI'll be your eyes. Short Story Collections Later