Ep _ 16 ♥♥♥

1.4K 100 2
                                    

"ကိုယ့်အတ္တက ဖြူစင်တယ်ကောင်လေး......ဘယ်လောက်ပဲ အရိုင်းဆန်နေပါစေအုံး နောက်ဆုံးတော့ အချစ်ပဲလေ..... ကိုယ်ဟာ မင်းလေးကို ပိုင်ဆိုင်ချင်ရုံသက်သက်လေးပါ.....

ပစ္စုပ္ပန်မှာ သူနဲ့ ပျော်ပျော်နေပါ..... အနာဂတ်မှာ မင်းလေးကို သိမ်းပိုက်တော့မှာမို့........သိပ်ချစ်တယ် Baek လေး......."

ကော်ဖီခွက်ကိုင်ကာ ၀ရံတာထွက်ရပ်နေပါသော သူ.....

Baekhyun အား ပိုင်ဆိုင်ရတော့မည်ဆို၍ ပြုံးပျော်နေပါသော သူ....

စိတ်ကူးထဲက ပျော်ရွှင်စရာမိသားစုလေး လက်တွေ့ဖြစ်လာတော့မည့်မို့ ကျေနပ်နေပါသောသူ.......

ဝီစကီအစား ကော်ဖီသောက်နေပါသောသူ......

ဆံပင် ဘုတ်သိုက်မဟုတ်တော့ပဲ သပ်ရပ်စွာဖီးတင်ထားပါသောသူ.....

ပါးသိုင်းမွှေးတို့နှင့် ကြမ်းရှရှပါးပြင်မဟုတ်တော့ပဲ ချောမွတ်နေပါသောသူ....

ဖရိုဖရဲအ၀တ်နှင့်မဟုတ်ပဲ ရှပ်ဖြူလေးနှင့် သပ်ရပ်နေပါသောသူ.......

ထိုသူအား အလွမ်းနွံထဲမှ ပြန်လည် နိုးထလာစေသူမှာ baekhyun ဆိုသော ချစ်ရသူကြောင့်ပင်......

......................................

Baekhyun အိပ်ယာနိုးနိုးချင်း ဘေးကို စမ်းကြည့်တော့ Sehun မရှိတာနဲ့ မျက်နှာတောင်မသစ်ပဲ အောက်ထပ်သို့ဆင်းရှာသည်........

လှေကားမှ ဆင်းဆင်းချင်း ဧည့်ခန်းဘက်သို့ ဦးတည်ကာ အရင်ရှာသည်....

အိပ်ချင်မူးတူးဖြစ်နေတာကြောင့် မြင်သမျှဟာ ၀ါးတားတားရယ်ပါ.........

ရှုပ်ပွသော ဆံပင်တို့ကို မသပ်တင်ပဲ မျက်လုံးအစုံတို့ကို လက်ဖမိုးဖြင့်ဆွဲပွတ်ကာ သမ်းဝေရင်း မီးဖိုခန်းဘက်ဝင်ရှာပြန်သည်....

တွေ့ပါပြီ.... သူ့ရဲ့ ချစ်ရသူ လေးငယ်ကိုတွေ့ပါပြီ.....

"လေးးးးးးးငယ်"

Apron လေး ၀တ်ကာ မီးဖိုခန်းထဲ အလုပ်ရှုပ်နေသော လေးငယ်၏ ခါးအား ဖက်တွယ်ကာ ကျောပြင်နှင့်မျက်နှာ ကပ်ပီး သန်းဝေရင်း လေးပင်ပင်ခေါ်လိုက်သည်......

လေးငယ်.... (Completed) Où les histoires vivent. Découvrez maintenant